Chapter:80

1.7K 340 3
                                    

Chapter(80)သူတို့က တိုက်ခိုက်နေကြတယ်(2)

"အထဲမဝင်ဘူး။ဒီမှာဘဲလူတိုင်းသိအောင်အမှန်တရားကိုပြောမယ်"ဝူအန်းယန်သည် ဝူချူကိုလက်ညှိုးထိုးပြီး ပြောလိုက်တယ်"မင်းရဲ့သားကငါ့ဇနီးလောင်းကို ဆွဲဆောင်ဖို့ကြိုးစားတယ်။သူက ငါတို့ရဲ့ဆက်နွယ်မှုကိုသိနေတာတောင် လုပ်ရဲတယ်။ပြီးတော့ ဇောင်ချူယောင်းက ရုပ်ဆိုးပြီး အသုံးမကျတဲ့လူဆိုပြီး ငါ့ကိုလိမ်ညာပြီး စေ့စပ်ပွဲပျက်အောင်လုပ်တယ်။ငါက ဒီအကြောင်းတွေကို ဟူအန်းမြို့ရောက်မှ အရူးလုပ်ခံရမှန်းသိတယ်"

"ချူအာ ဒါအမှန်ဘဲလား?"ဝူချွင်ဂျင်ကဒေါသတကြီးမေးလိုက်တယ်။

ဝူချူက ဘာမှမပြောဘဲ တိတ်ဆိတ်စွာနေခြင်းဖြင့်ဝန်ခံလိုက်တယ်။

ဝုချွင်ဂျင်က ဝူချူမျက်နှာကို ဖျက်ရိုက်ပစ်လိုက်ပြီး ဝူချူက မြေကြီးပေါ်လဲကျသွားတယ်။

စန်းထန်းကျီက ရှေ့ထွက်လာပြီး သူမသား၏ပါးစပ်မှ သွေးတွေကိုကြည့်ပြီး သူမနှလုံးသားတစ်ခုလုံးက နာကျင်လာပြီး အော်လိုက်တယ်။

"ဝူချွင်ဂျင် ရှင်ကအမှန်တရားကို သေချာမသိသေးဘဲ ဘာလို့ချူအာကို ရိုက်ရတာလဲ?"

ဝူချွင်ဂျင်က သူ့ဇနီးက သူ့အမည်အပြည့်အစုံကိုခေါ်တာကြောင့် ဒေါသထွက်လာပြီး ပြန်အော်လိုက်တယ်။
"မင်းရဲ့သားကိုဘာဖြစ်ခဲ့လဲဆိုတာ မေးလိုက်"

စန်းထန်းကျီက ဝူချူကိုထူပေးလိုက်ပြီး မေးလိုက်တယ်"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အမေကိုပြောပြ"

ဝူချူကနှုတ်ခမ်းထောင့်က သွေးတွေကို လက်နှင့် သုတ်လိုက်ရင်း ရှင်းပြလိုက်တယ်။
"အမေ ကျွန်တော်က ဝမ်းကွဲရဲ့ဇနီးလောင်းကိုဆွဲဆောင်တာမဟုတ်ဘူး။ကျွန်တော်နဲ့ချူယောင်းက သူတို့မစေ့စပ်ခင်ကတည်းက သိကြတာ"

"မင်းပြောသလို မင်းတို့က ငါတို့မစေ့စပ်ခင်ကတည်းကသိတယ်ဆိုရင်တောင် အခုငါတို့က စေ့စပ်ပြီးသွားပြီ။ဒါ့ကြောင့် မင်းကသူမကို ရှောင်သင့်တယ်လေ။အခုတော့ မင်းက သူမကို မရှောင်တဲ့အပြင် သူမနားကိုပိုကပ်ခဲ့တယ်။ပြီးတော့ ငါ့ကို ငါ့ယောက္ခမလောင်းတွေက ငါ့ကိုမကောင်းတဲ့လူလို့ထင်ပြီး စေ့စပ်ပွဲပျက်အောင်မင်းလုပ်ခဲ့တယ်"

COTAW(Zawgyi)Where stories live. Discover now