Chapyer(31+32):ပြဇာတ်(2)

2.8K 667 27
                                    

Chapter(31)ပြဇာတ်(1)

အရင်ဘဝတုန်းက ဝူအန်းရန်သည် လေ့ကျင့်ရေးခရီးမှာ အောင်မြင်လာခဲ့ပြီး အလယ်အမည်ကိုရlရှိခဲ့တာကြောင့် သူက ဂုဏ်မောက်လာပြီး မာန်မာနကြီးခဲ့တယ်။သူက သူ၏ဇနီးလောင်းပေါ်ကိုလည်း လိုအပ်ချက်တွေအများကြီးထားခဲ့တယ်။သူက သူ၏ဇနီးသည် မိသားစုကောင်းမှ မွေးဖွားလာပြီး လှပသည့်သူဖြစ်ချင်ရုံသာမက ကျင့်ကြံခြင်းမှာလည်း ပါရမီရှိသူကိုသာ လက်ထပ်လိုခဲ့တယ်။အခုတော့ တစ်ခါမှမမြင်ဖူးသူကို လက်ထပ်ရမှာကြောင့် မကျေမနပ်ဖြစ်သည့်အပြင် ဇောင်မိသားစုသည် ဝူမိသားစုထက်လည်း သေးငယ်သေးတယ်။ဒါကြောင့် သူက သူ၏ဇနီးလောင်းက သူနှင့်မထိုက်တန်ဟု တွေးခဲ့ပြီး မနှစ်သက်ခဲ့ဘူး။

နောက်ပိုင်းမှာ ဝူအန်းရန်သည် ဇောင်မိန်းကလေး၏ပုံတူကို တွေ့သည့်အခါ သူမက ရုပ်ဆိုးတယ်ဆိုတယ်ဟု ထင်ခဲ့တာကြောင့် စေ့စပ်ပွဲကို ဖျက်ဖို့အကြောင်းပြချက်တွေ ပေးခဲ့တယ်။သူက သူ၏လိုအပ်ချက်ကိုပြည့်မှီသည်ဟု ထင်သည့်မိန်းကလေးတစ်ယောက်နှင့် အမှားလုပ်ခဲ့ပြီး စေ့စပ်ပွဲကို ဖျက်ပေးရန်တောင်းဆိုခဲ့တယ်။

ဝူအန်းရန်၏ဖခင်သည်လည်း စေ့စပ်ပွဲကိုဖျက်ပေးရန် သဘောတူခဲ့ပြီး ဝူအန်းရန်မှားခဲ့သည့်မိန်းကလေးနှင့် လက်ထပ်ပေးခဲ့တယ်။ဒါပေမဲ့ သူတို့ကလက်ထပ်ပြီး ပျော်ရွှင်မှုမရှိခဲ့ဘူး။သူတို့က လက်ထပ်ပြီး မကြာခဏ စကားများရန်ဖြစ်နေခဲ့တယ်။

နှစ်ဝက်ကြာပြီးချိန်တွင် တောင်ဘက်ခြံဝင်းမှတတိယသခင်လေးဝူချူးသည် လေ့ကျင့်ရးခရီးမှ ပြန်လာခဲ့ပြီး ဇောင်ချူယောင်းနှင့် နှစ်ဝက်အတွင်း လက်ထပ်ခဲ့ရန်စီစဉ်ခဲ့တယ်။

ဝူအန်းရန်သည် ဒီသတင်းကိုကြားသည့်အခါ လှောင်ရယ်နေခဲ့တယ်။ဒါပေမဲ့ ဝူချူး၏မင်္ဂလာဆောင်တွင် ဇောင်ချူယောင်းကို တွေ့လိုက်ရသည့်အခါ သူမသည် အသက်ရှူမှား​လောက်အောင် လှနေတာကိုတွေ့လိုက်ရတယ်။သူမ၏အလှအပနှင့် တင့်တယ်ရည်မွန်မှုသည် သူ၏စိတ်ကူးထဲကအတိုင်း ဖြစ်နေခဲ့တယ်။ဒါပေမဲ့ သနားစရာကောင်းတာက သူဘယ်လောက်ဘဲ နောင်တရပြီး ဝမ်းနည်းနေပါစေ သူကိုယ်တိုင်စေ့စပ်ပွဲကို ဖျက်သိမ်းပြီး သူမကလည်း သူ၏ဝမ်းကွဲနှင့်လက်ထပ်သွားပြီဖြစ်တယ်။

COTAW(Zawgyi)Where stories live. Discover now