Chapter42:မင်းရူးနေတာလား?

2.9K 598 6
                                    

ဝူချွင်ချင်နှင့်ဝူရုန်ထွက်သွားပြီးနောက်မှ ဝူချွင်ဂျင်နှင့်တခြားညီအကိုတွေကပုဂျင်းခြံဝင်းထဲကထွက်လာခဲ့တယ်။

ဝူချွင်တုန်သည် ဒေါသတကြီးနှင့်တံတိုင်းကိုလက်သီးနှင့်ထိုးလိုက်ပြီး အော်လိုက်တယ်။

"လီးလိုဘဲ!ဒီစိတ်ကူးက ငါတို့က သူတို့စီက ပစ္စည်းတွေငှားဖို့လေ!အခုတော့ ငါတို့က သူတို့ကိုငှားပေးရတော့မယ်!ငါတို့က ကျောက်တုန်းမနေရင်း ကိုယ့်ခြေထောက်ပေါ်ပြုတ်ကျသွားသလိုဖြစ်နေပြီ!"

သူတို့က ဒီပစ္စည်းတွေက သူတို့ကိုယ်သူတို့ကာကွယ်ဖို့လို့ပြောပြီး ဝူရုန်ပြောတာကို ငြင်းဆန်နိုင်တယ်။ဒါပေမဲ့ သူတို့မှာ မှော်လက်နက်တွေလုပ်ဖို့ ဒီရတနာပစ္စည်းတွေအပြင် အခြားလိုအပ်သည့်ပစ္စည်းတွေမရှိဘူး။ဒါကြောင့်လည်း သူတို့က ဒီပစ္စည်းတွေကို အသုံးမပြုနိုင်ကတည်းက ဝူချွင်ချင်မှော်လက်နက်လုပ်ဖို့အတွက် ဝူပုဖန်က ပေးခိုင်းလိုက်တာဖြစ်တယ်။

ဝူချွင်ဘင်ကလေးလံစွာနှင့်ပြောလိုက်တယ်"အကိုကြီးအကိုသုံးက ကျွန်တော်တို့က သူ့မှော်လက်နက်တွေကိုပြန်မပေးလို့ဒီလိုလုပ်တာလား?သူက ဒီအခွင့်အရေးကိုသုံးပြီး မှော်လက်နက်တွေကို ပြန်ရအောင်လုပ်တာလား?"

ဝူချွင်ဂျင်က"ငါတော့ဒီလိုမထင်ဘူး။အဘိုးနဲ့မတွေ့ခင်တုန်းက သူကဒီလိုစိတ်ကူးမရှိဘူး။မင်းတို့လည်း ချွင်ချင်အကြောင်းကိုသိနေတာဘဲ။သူသာပြန်တောင်းချင်ရင် အခုနက အဘိုးကိုငါတို့အကြောင်းပြောလိုက်မှာပေါ့။ဒါပေမဲ့ သူကစကားတစ်လုံးမှ မပြောတာကသူကဒီပစ္စည်းတွေထက် ညီအကိုသံယောဇဉ်ကို ပိုတန်ဖိုးထားလို့ဘဲ"

ဝူချွင်လီက ဒေါသကို ချုပ်တီးလိုက်ပြီးပြောလိုက်တယ်"ငါတို့က သူရဲ့မှော်လက်နက်တွေကိုပြန်ပေးသင့်တယ်လို့မင်းတို့ထင်လား?ဒါဆိုရင် ငါတို့ပစ္စည်းတွေကို ပေးဖို့မလိုတော့ဘူးလေ။နောက်မှငါတို့က သူတို့စီက ငှားလို့..."

"မင်းရူးနေတာလား?"ဝူချွင်ဘင်က ဝူချွင်လီကိုမျက်လုံးလှန်ကြည့်လိုက်ပြီး"ငါတို့က ချွင်ချင်ကို မှော်လက်နက်တွေ ပြန်ပေးလိုက်ရင်တောင် အဘိုးစီမှာ ကတိပေးခဲ့တာကြောင့် ငါတို့ရဲ့ပစ္စည်းတွေကို ပေးရမှာဘဲ။တကယ်လို့ငါတို့က မှော်လက်နက်တွေကို ပြန်ပေးလိုက်ရင် ငါတို့ကပိုမရှုံးဘူးလား?"

COTAW(Zawgyi)Where stories live. Discover now