Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)

2.5K 508 6
                                    

Chapter(52)သူတို့တော့တိုင်ပတ်ပြီ(1)

မျက်တောင်တစ်ခတ်အတွင်းမှာဘဲ ဆောင်းရာသီပွဲတော်ပြီးလို့ ခုနှစ်ရက်ကြာသွားသည်။ဝူရုန်ကလည်း ပုံမှန်အတိုင်းဘဲ ဝူအိမ်တော်ကိုပြန်လာခဲ့သည်။လူတွေကိုကြည့်ရတာတော့ ပုံမှန်အတိုင်းပင်လုပ်ဆောင်နေကြပြီး  ကြည့်ရတာတော့ ရိုးရာပွဲတော်တုန်းက နတ်ဘုရားတွေကို မေးမြန်းသည့်အချိန်တုန်းက အမွှေးနံ့သာတိုင်သုံးတိုင်လုံး ကျိုးသွားတာကို သူတို့က မေ့သွားပုံရသည်။

ဒီရက်တွေမှာတော့ တောင်ဘက်ခြံဝင်းရဲ့ကိုးယောက်မြှောက်သခင်လေးဝူရှီးနှင့်ဆယ်ယောက်မြှောက်သခင်လေးဝူဘိုင်က ရိုးရာပွဲပြီးကတည်းက ကျောင်းပိတ်ထားသည့်အတွက် နေ့တိုင်းလောင်းကစားရုံကို သွားနေခဲ့သည်။

လောင်းကစားဆိုတာဆယ်ကြိမ်မှာကိုးကြိမ်လောက်ရှုံးတယ်ဆိုတာလူတိုင်းသိတယ်။လောင်းကစားလုပ်တာကပိုက်ဆံဖြုန်းတာနဲ့အတူတူဘဲ။လောင်းကစားလုပ်ရင်တစ်ကြိမ်လောက်နိုင်ဖူးတယ်ဆိုရင်ဆက်ပြီးလုပ်နေအုန်းမှာဘဲ။ဝူရှိးနှင့်ဝူဘိုင်တို့ကလည်းလောင်းကစားရုံပိုင်ရှင်မှာငွေတွေအများကြီးချေးယူခဲ့ပြီးသူတို့ကတစ်ကြိမ်သာနိုင်ရင်အားလုံးကိုပြန်ဆပ်နိုင်တယ်ဆိုတဲ့စိတ်နှင့်ဆက်ကစားခဲ့သည်။ဒါပေမဲ့သူတို့ကကံမကောင်းစွာဘဲအားလုံးကိုနေ့တစ်ဝက်တည်းနှင့်ရှုံးသွားခဲ့တယ်။

သူတို့ကအိမ်ကိုလည်းပိုက်ဆံပေးဖို့စကားတစ်လုံးကိုတောင်မပြောရဲတာကြောင့်သူတို့ကနောက်ဆုံးမှာတော့သူတို့ကလောင်းကစားရုံပိုင်ရှင်နှင့်သဘောတူညီမှုအတိုင်းအပေါင်ပစ္စည်း အဖြစ်ထားရှိသည့်နဂါးအရိုး ဝိညာဉ်ပုလွေနှင့်မှောင်မိုက်သောလွှသွားပုံ ယပ်တောင်ကို ပေးဖို့သဘောတူခဲ့လိုက်သည်။

သူတို့ညီအကိုကလောင်းကစားရုံပိုင်ရှင်သည်သူတို့အိမ်ကဒီမှော်လက်နက်သုံးခုကိုဘယ်လိုသိလဲဆိုတာသံသယဖြစ်ပေမဲ့သူတို့ကလျစ်လျူရှူလိုက်သည်။လောင်းကစားရုံဆိုတာလူတကာဝင်ထွက်သည့်နေရာဖြစ်သည့်အတွက်ပိုင်ရှင်ကအဆက်အသွယ်ကောင်းရှိသည်မှာသေချာသည်။ဒါကြောင့်ပိုင်ရှင်ယုကမှော်လက်နက်တွေအကြောင်းသိနေတာကထူးဆန်းတာတော့မဟုတ်ဘူး။သူတို့ညီအကိုနှစ်ယောက်ကမှော်လက်နက်တွေကိုယူဖို့ရန်အိမ်ကိုပြန်လာခဲ့သည်။

COTAW(Zawgyi)Where stories live. Discover now