Chapter95

1.3K 306 4
                                    

Chapter(95)အိမ်မက်ဆိုး

ဝူအန်းရီသည် ခေါင်းကိုဆတ်ခနဲလှည့်လိုက်ပြီး အတင်းပြောနေတဲ့သူတွေကို လှည့်ပြီးပြောလိုက်တယ်။

"မင်းတို့က မင်းတို့ခြံဝင်းက လူတွေကိုရော လူကောင်းတွေလို့ထင်နေတာလား?မင်းတို့က
အဲလိုသာဆိုရင် ငါတို့ခြံဝင်းက ဂျူနီယာစီက သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ယူတုန်းက သူတို့ကလည်းယူမှာမဟုတ်ဘူး။မင်းတို့သူများကို မပြောခင်ကိုယ့်ကိုကိုယ် အရင်ြ
ကည့်သင့်တယ်။မင်းတို့ကိုယ်မင်းတို့ လူကောင်းတွေလို့ထင်နေတာလား?"

ကျောင်းသူကျောင်းသာတွေသည် မျက်နှာတွေနီရဲလာပေမဲ့ ဘာမှတော့ ပြန်မပြောရဲကြဘူး။အမှန်တရားကတော့ သူတို့အဖေတွေ အဘိုးတွေလည်း ယူထားတာကြောင့်ဖြစ်သည်။

ဝူယုသည် ဒီနေရာမှာမနေချင်တော့တာကြောင့်
ထွက်လာခဲ့ပြီး ယုထန်းပေါင်တို့ကိုသွားရှာလိုက်တယ်။

ယုထန်းပေါင်တို့သည် သူတို့က အရက်မူးနေတာကြောင့် မပြောသင့်တာကိုပြောမိတာကြောင့် ဝူယုကိုငိုယိုတောင်းပန်လိုက်တယ်။

"သခင်လေးယု ကျွန်တော်က အမှားလုပ်မိပါတယ်။ကျွန်တော်က မနေ့တုန်းက အရက်မူးနေလို့ ဝူဇူရောက်လာတာကို မသိဘဲဘဲပြောမိပါတယ်။တောင်းပန်ပါတယ်။ဒီလိုဖြစ်လာမယ်မှန်းသိရင် ကျွန်တော်က သူတို့ချိန်းတာကိုမလာပါဘူး"ယုထန်းပေါင်က ငိုပြီးပြောလိုက်တယ်။

"ထန်းပေါင်မင်းဘဲငါကို့ခေါ်လို့ ငါလာတာလေ။အခုတော့ဘယ်လိုတွေပြောနေတာလဲ?"ပန်ဖန်ကပြောလိုက်တယ်။

"မင်းကိုငါခ်ါတာဟုတ်လား?မဟုတ်ဘူး။ငါက ရှောင်လင်ငါ့ကိုခေါ်လို့ငါလာခဲ့တာ"ယုထန်းပေါင်ကပြောလိုက်တယ်။

ဝူယုကတစ်ခုခုမှားနေတယ်လို့ခံစားရတာကြောင့်ယုထန်းပေါင်ကိုမေးလိုက်တယ်။

"ယုထန်းပေါင် မင်းကဘယ်လို့ ဇန်းယန်းစားသောက်ဆိုင်ကိုလာခဲ့တာလဲ?"

"မနေ့တုန်းကရှောင်လင်းရဲ့အစေခံရှောင်လင်းက မင်းကငါ့ကိုညစာစားဖို့ဖိတ်ခိုင်းတယ်ဆိုပြီးလာပြောတာ။မင်းကငါတို့ကမတွေ့တာကြလို့ဖိတ်ခိုင်းလိုက်တာလို့တောင်ပြောသေးတယ်။"

COTAW(Zawgyi)Where stories live. Discover now