Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)

2.8K 566 4
                                    

ဝူချွင်ချင်က သူ့ညီအကိုတွေကသူ့ကိုဆန့်ကျင်ဖို့ဘယ်လိုလုပ်ထားတယ်ဆိုတာသိဖို့သူ့မှာသဲလွန်စမရှိပါဘူး။ဒါကြောင့်သူက စိုးရိမ်နေတယ်"ရုန်အာ မင်းပြောတာကမင်းကမင်းဦးလေးတွေရဲ့ပစ္စည်းတွေနဲ့မှော်လက်နက်တွေလုပ်မယ်။ဒါပေမဲ့အဖေတို့မှာအဲဒီပစ္စည်းတွေနဲ့လက်ဖက်ညီတဲ့ပစ္စည်းတွေမရှိရင် မှော်လက်နက်တွေကိုလုပ်နိုင်မှာမဟုတ်ဘူး"

သူ့အဖေနဲ့သူ့ညီအကိုတွေဟာသူတို့ရဲ့အစီအစဉ်ကျရှုံးသွားတာကြောင့်ဒေါသထွက်နေလောက်ပါပြီ။ဒါပေမဲ့အခုသူက မှော်လက်နက်တွေလုပ်ဖို့ကို ပိုပြီးစိုးရိမ်ပါတယ်။မှော်လက်နက်တစ်ခုလုပ်မယ်ဆိုရင် မတူညီသည့်အမျိုးအစားပစ္စည်းတွေကို လိုအပ်ပြီး မတူညီသည့်ပစ္စည်းတွေက အခြေခံချင်းတူရမယ့်အပြင် တစ်ခုနှင့်တစ်ခုလိုက်ဖက်ညီမှုရှိရပ့ါမယ်။ဒါကြောင့် သူတို့က သူ့ညီအကိုတွေစီက ပစ္စည်းတွေကို ရရင်တောင် သူတို့မှာ အခြားလိုက်ဖက်ညီတဲ့ပစ္စည်းတွေမရှိရင် မှော်လက်နက်တွေကို လုပ်နိုင်မှာ မဟုတ်ဘူး။

"အဖေ ကျွန်တော်က ကျွန်တော်လုပ်နေတာကို ကျွန်တော်သိပါတယ်"ဝူရုန်ကသူ့အဖေကိုနှစ်သိမ့်လိုက်တယ်။

ဝူရုန်က ပြန်လည်မွေးဖွားလာသူဖြစ်တယ်။ဒါကြောင့်အရင်ဘဝတုန်းက ဝူချွင်ဂျင်တို့က ဒီပစ္စည်းတွေကို ဘယ်လိုနည်းလမ်းတွေသုံးပြီး မှော်လက်နက်တွေလုပ်ခဲ့တယ်ဆိုတာသူကမှတ်မိနေပါတယ်။ဒါ့အပြင် ဟေးရွမ်ရီရဲ့ပစ္စည်းတွေက သာလွန်ကောင်းမွန်ပြီးပစ္စည်းအမျိုးအစားတွေကတစ်ခုနှင့်တစ်ခုလိုက်လျောညီထွေဖြစ်ပါတယ်။ဒါကြောင့်ဘာပြသနာမှမရှိပါဘူး။

ဝူချွင်ချင်က သူ့သားကဒီနေ့မှာကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတာကို တွေ့ရတာကြောင့် ကောင်းမွန်သည့်ခံစားချက်ကိုရရှိစေတယ်။

သူ့သားငယ်က ခန်းမထဲမှာ သူ့အဘိုးကို အယုံသွင်းပြီးသူ့ညီအကိုတွေရဲ့ပစ္စည်းတွေကိုရအောင်ကြိုးစားခဲ့တာကိုသူမြင်ခဲ့ရပါတယ်။ဒီနေ့မှာသူသားကအတော်လည်းကွာခြားနေတယ်လို့ခံစားရတယ်။သူ့သားငယ်ဟာ လက်ထပ်လိုက်ကတည်းက အတော်လေးပြောင်းလဲလာတယ်။သူတို့ရှေ့မှာလည်းအရင်လို အားမနည်းတော့ဘူး။ဒါကတကယ်ကိုကောင်းတဲ့ပြောင်းလဲမှုဖြစ်တယ်။သူသားကပြသနာတွေကို မကြောက်ရွံ့တော့ဘဲရင်ဆိုင်ရဲလာတယ်။သူ့သားကအရွယ်ရောက်လာပြီးကြီးပြင်းလာတာကြောင့် သူတို့ကနေ့တိုင်း သူ့သားကိုစိုးရိမ်ဖို့မလိုတော့ပါဘူး။

COTAW(Zawgyi)Where stories live. Discover now