Chapter61:ဒါဆိုသူပေါ့

2K 437 6
                                    

ဝူယန်လန်သည် ဝူရုန်တို့ နောက်မှာကျန်ရစ်ခဲ့သည့် အချိန်မှလမ်းပြပေးနေသည့် အစောင့်ကိုမေးလိုက်တယ်။
"အဲဒီဝတုတ်နေတဲ့သူက ဘယ်သူလဲ?"

"သူက တောင်ဘက်ခြံဝင်းက တတိယသခင်ရဲ့သားငယ်ဝူရုန်"အစောင့်က လေးစားစွာ ပြန်ဖြေလိုက်တယ်။

"ဒါဆိုသူပေါ့"ဝူယန်လန်သည် လှောင်ပြုံးပြုံးလိုက်တယ်။

သူတို့ကလန်အတွင်းမှာရှိသည့် လူတိုင်းက ဝူရုန်ဆိုသည့် အမည်ကို ကြားဖူးကြတယ်။သူ့အဖေက သူ့ကိုပြောပြခဲ့တာက ဟေးမိသားစုမှ လူတစ်ယောက်သည သူတို့ဘိုးဘေးကို ကယ်တင်ခဲ့ပြီးနောက် သူတို့ဘိုးဘေးက သူ့အဒေါ်နှင့် ဟေးအိမ်တော်က လူတစ်ယောက်ကို လက်ထပ်စေဖို့ကတိထားရှိခဲ့တယ်။ဒါပေမဲ့ ဟေးအိမ်တော်က လူသည် အကျည်းတန်ရုပ်ဆိုးလွန်းတာကြောင့် သူ့ရဲ့ဘိုးဘိုးကြီးက ဝူကလန်ခွဲက လူတစ်ယောက်နှင့်လက်ထပ်စေဖို့ လုပ်ဆောင်ခဲ့တယ်။ဒါပေမဲ့ ဟေးအိမ်တော်က လူသည် ယောကျာ်းလေးကိုသာ လက်ထပ်စေလိုသည်ဟု ပြောခဲ့တာကြောင့်ကလန်ခွဲခေါင်းဆောင်သည် ဝူရုန်လို့ခေါ်သည့် စိတ်စွမ်းအားမရှိသည့်လူနှင့် လက်ထပ်ပေးခဲ့တယ်။ဒီဇာတ်လမ်းက ဒီမှာဘဲအဆုံးသတ်သွားတယ်။ဒါပေမဲ့ ဝူရုန်လို့ခေါ်သည့်လူက ဒီလောက်ထိဝနေလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။

ရုတ်တရက် တံတိုင်း၏တစ်ဖက်မှ စကားသံထွက်ပေါ်လာသည်။

"တောင်ဘက်ခြံဝင်းက သခင်တွေက ဟေးအိမ်တော်က ပို့လိုက်တဲ့ သခေင်လေးဝူရုန်ရဲ့သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ခိုးယူသွားတယ်ဆိုတာ မင်းကြားပြီးပြီလား?"

ဝူယန်လန်ကဟေးအိမ်တော်လို့ ကြားလိုက်တာကြောင့် ရပ်တန့်လိုက်ပြီး အစောင့်တွေကိုလည်း အသံမထွက်ဖို့ အချက်ပြလိုက်တယ်။

"ကြားပြီးပြီ။ဒီအကြောင်းက မြို့ထဲမှာ ကောလဟာလ ပြန့်နေတာဘဲ"

"သခင်ချွင်ချင်က လွန်ခဲ့တဲ့နှစ်ဝက်လောက်တုန်းက စိတ်စွမ်းအင်နယ်မြေပျက်စီးသွားခဲ့တယ်။သူ့သားကလည်း ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။အခုတော့ သူ့သားရဲ့သတိုးသမီးတင်တောင်းလက်ဆောင်တွေကလည်း ခိုးယူခံရတယ်။တကယ်ကို ဆိုးတာဘဲ"

COTAW(Zawgyi)Dove le storie prendono vita. Scoprilo ora