ခရီးဆောင်အိတ် အောက်ထဲမေမေတို့မမြင်အောင် စုတ်တံ/ရေဆေးကွက်တွေ ထည့်ပြီး အပေါ်မှအင်္ကျီတွေဖိသိပ် ထည့်လိုက်သည်။ပစ္စည်းတွေကများလှတာမို့ အပေါ်မှတက်ထိုင်ထားလိုက်လေသည်။
မနေ့ကတည်းက မေမေပြင်ပေးထားတဲ့ အိတ်ကတစ်အိတ်၊ဒီအဝတ်အိတ်က တစ်အိတ်။ ကားသယ်ရမှာမို့တော်တော့သည်။ တစ်နေရာရာ သွားတိုင်းပေါ့ပေါ့ပါးပါးမသွားတတ်သော ညီလင်းပိုင်ဖြစ်သည်။"သားရေ..ရေဗူးပါပြီလား? ထီးကော..မေမေပေးတဲ့မုန့်ဖိုးကောသေချာသိမ်းနော်"
အပြောနောက် အခန်းထဲဝင်လာသောမေမေရယ်..."အင်းပါ..မေကြီးရယ် သားက ကလေးမဟုတ်တော့ပါဘူး..ဟီး"
အိတ်ပေါ်ဖိနေရင်းမှထကာ အမေလုပ်သူဒေါ်သော်တာလင်းအား ကပ်ချွဲလေသည်။ သူ့မှာကပ်ချွဲစရာ ဒီအမေသာရှိလေသည်။ခေါင်းကိုဖွဖွပုတ်ပေးရင်း..
"ငါ့သားလေးတောင် တက္ကသိုလ်ကျောင်းသားကြီး ဖြစ်လာပေါ့.."ခေါင်းလေးကို တိုးဝှေ့ရင်း ငိုချင်သလိုဖြစ်လာရသည်။အိမ်နှင့်တစ်ခါမှ မခွဲဖူးသောစိတ်မှာ အထီးကျန်ခြင်းကို ပါးပါးလေးခံစားရစေသည်။
"မေမေတို့က ဘယ်တော့လိုက်လာမှာ..ဟူး.."
ငိုချင်လာတာမို့ မေမေ့ပခုံးနဲ့ မျက်လုံးကိုဖိကပ် ထားလိုက်သည်။ ပခုံးပေါ်မှအကောင်ပေါက်ကလေးကြောင့်.."ဟော်..အမေ့သားကတော့လေ ပြောထားတယ်လေသားရယ်..ယောကျာ်းလေးဆိုတာ စိတ်မာရတယ်သားရဲ့နော်၊ ဖေဖေအားရင် သားဆီမေမေလာတွေ့မှာပေါ့သားရယ်နော်၊ သားကျောင်းပိတ်ရက်ဆို ပြန်လာလို့ရသားနဲ့"
"အင်း..."
ဆံပင်ခပ်အုပ်အုပ်လေးက နဖူးပေါ်ဖုံးအုပ်ထားလေသည်။ အဖြူရောင်လက်ရှည် အင်္ကျီစကိုယူကာ ချွေးသုတ်ဟန်ပြပြီး၊ မျက်ရည်စအချို့ကိုခိုးသုတ်လိုက်လေသည်။ကျွန်တော့်ကို မေမေချစ်တာ သိပေမယ့် ဖေဖေကတော့ သိပ်မချစ်ဟုထင်သည်။ ကိုကိုနဲ့ပတ်သက်လာရင်လဲမရဘူး ငယ်ငယ်ကတည်းကဖေဖေက ညီလင်းပိုင်ကိုပွေ့ပင်မပွေ့ချီခဲ့။ စာမေးပွဲဖြေပြီး Report Cardပြရင်တောင် အမှတ်ကိုမကြည့်ဘဲ လက်မှတ်ထိုး ခဲ့ပေးတာများသည်။ ဒါပေမယ့် ဖေဖေ့ကိုတော့သူချစ်ပါသည်။ ဖေဖေ့လိုသန်မာချင်သည်၊ လူကြီးလူကောင်းဆန်ချင်သည် ဖေဖေ့ခြေရာကို နင်းချင်ခဲ့သည်။

YOU ARE READING
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...