Fresher Welcomeစီစဉ်ရန် ဆရာမများနားနေခန်းသို့ ရောက်နေသောရှိုင်း..ဝတ်စုံကိစ္စ၊ Model training ပေးရန် ရှိုင်းက တာဝန်ယူရစမြဲပင်ဖြစ်သည်။ ကျောင်းရဲ့ The Whole Kingကတစ်ယောက်ဖြစ်သလို၊ Professional Modelတစ်ယောက်မို့ ဒီလိုကိစ္စမျိုးကို ဦးဆောင်ကျင်းပပေးရသည်မှာ မဆန်းတော့ပေ။
လက်ကိုနောက်ပစ်ကာ ဆရာမပြောတဲ့စကားများကို နားထောင်နေသော ရှိုင်းဖြစ်သည်။"သားရေ..ဝတ်စုံတွေအတွက် Sponsor ရနိုင်မလား"
မျက်မှန်ထူထူနဲ့ အတန်းပိုင်ဆရာမမှ အားကိုးတကြီးမေးလာသည်.."ဟုတ်ကဲ့..ကျွန်တော့် သူငယ်ချင်းက Sponsorပေးမှဖို့ရှိပါတယ်ချယ်.. ဝတ်စုံကော၊ Makeupကော.."
"ဒါဆို..ကောင်းတာပေါ့ သားရယ် Liveလွှင့်ကြမှာဆိုတော့..Okသားရေ..ကျေးဇူးပါနော်"
"ဟုတ်ကဲ့..ရပါတယ်ဗျာ..ခွင့်ပြုပါဦးတီချယ်.."
ခေါင်းငုံ့ကာ လှည့်ထွက်ခဲ့သည်။ ရုံးခန်းက အပေါ်ဆုံးထပ်မို့ ကျောင်းဝင်းအပြင်ကို မိုး၍မြင်ရသည်။ ကျောင်းစောင့်ဦးလေးကြီးမှလွဲ၍ ကျောင်းသူကျောင်းသားများ တစ်ယောက်မှမရှိတော့ချေ။ တစ်စီးတည်း ရပ်ထားသောဆိုင်ကယ်ပေါ်သို့ ပုဆိုးကို တုပ်ကာတက်ရသည်။ ဒီဆိုက်ကယ်နဲ့ ပုဆိုးနဲ့က သိပ်အဆင်မပြေချင်။Messageဝင်လာတာမို့ ကြည့်လိုက်တော့ ငရှုပ်မြတ်သူအောင်ဆီမှဖြစ်သည်။
"ရှိုင်းရေ..Koffee Kornerလာခဲ့ပါလား"
"ဘာကိစ္စလဲ..မင်းနဲ့ မနေ့ကကိစ္စတောင် မီးမသေသေးတာ.. ထပ်ဖွခံရအောင်လုပ်နေတာလား.?"
"No...အဲ့အတွက် စိတ်မပူနဲ့ မင်းကိုလဲ ငါစိတ်ကိုမဝင်စားတာနော် အော့..အော့တွေ မစားကောင်းတဲ့အသီးတွေ မစားဘူး.."
"ဘာ..! အေး အေး ငါမလာတော့ဘူး..S***"
"ဟာ..!ငါ့ဘဲနဲ့မိတ်ဆက်ပေးမလို့..မင်း..ငါလဲစိတ်မရှည်ဘူးနော်"
"တကယ်ကြီး..WoW.."
ဒီလောက် ဝမ်းသာစရာကောင်းတဲ့ သတင်းမျိုးမကြားဖူးခဲ့ပါ။"နှစ်ကယ်ဟေ့..လိမ်မလားငါက"
"အေး..ခဏစောင့်..နဲနဲChangeပြီး လာခဲ့မယ်"
"အေး..ဒါပဲ"
ပျော်တာပေါ့ ရင်ထဲမှာ အစကတည်းက ထင်ယောင်ထင်မှား ဖြစ်ခံထားရတဲ့ ဝဠ်ကျွတ်ပြီလေ။ သူကLGBTကို နားလည်ထားပေမယ့် မြတ်သူလောက်တော့ ထဲထဲဝင်ဝင်မသိ။မြတ်သူအောင်နဲ့ အထင်မှားခံရတာလဲ စိတ်ရှုပ်လှပါပြီ။Gayတစ်ယောက်ဟု ခံယူထားသော မြတ်သူအောင်ကိုတော့ ချီးကျူးမိသည်။ပွင့်လင်းပြီး ငယ်ပေါင်းကြီးဖော်မို့ စိတ်ခံစားချက်တွေက ဖြူစင်မှန်းသိသည်။ တစ်ခါတစ်ခါ နွဲ့နေတာလေးကပဲ လူကြားထဲပြဿနာဖြစ်ရသည်။

YOU ARE READING
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...