Part 17 <သိမ်းပိုက်>

7.6K 773 23
                                    

သိမ်းဆည်းစရာ အထုပ်ပိုးများ သိမ်းဆည်းကြပြီးသောအခါ ကားပေါ်အသီးသီး ပြန်တက်ကြလေသည်။ ကားကလူစုံပြီမို့ လူတွေစစ်ကြလေသည်။ယခုတော့ ရှိုင်းခန့်မောင် မပါသောကားကြီးမှာ ထင်ရှုးတောထဲမှဖြတ်ကာ တရိပ်ရိပ်ပြေးဆွဲနေလေသည်။ မန္တလေးကို ပြန်လာသော လမ်းတလျောက် ညီလင်းပိုင်​၏ မျက်လုံးမှာ ကားစထွက်ကတည်းက ဘာကိုရှာနေသည်မသိချေ။အိတ်ပဲ ကျန်ခဲ့တာလိုလို၊ နေခဲ့ချင်တာလိုလိုဖြစ်နေလေသည်။ ဘေးကထိုင်လိုက်လာသော ထက်အောင်မှာ တလှုပ်လှုပ် လုပ်နေသော ညီလင်းပိုင်ဘေး အိပ်မရတော့တာမို့ စိတ်ထဲ ကလိကလိ ဖြစ်လာရလေသည်။

"ကိုရှိုင်းခန့်မောင်ကို ရှာနေတာလား.."

ထက်အောင်အသံကြားပြီးမှ ကားစထွက်ကတည်း
က မကိုင်ခဲ့သော ဖုန်းကိုဖွင့်ကာ တစ်ခုခုကိုအသည်းအသန် ရှာနေသော ညီလင်းပိုင်ပင်။အမူအယာပျက်
တာ မသိသူလိုနေလိုက်ရင်း မျက်စိဒေါင့်မှမြင်လိုက်ရသော ညီလင်းပိုင်​၏ အမူအရာကြောင့် ထက်အောင် လှစ်ခနဲရယ်လိုက်မိသည်။ဆံပင်တိုတိုကို ခေါင်းစွပ်အုပ်လိုက်ရင်း ခေါင်းကိုညီလင်းပိုင်ဘက် လှည့်ကာ။

"မင်းလေ ငါနဲ့ပေါင်းတာ အခုမှလားကွာ"

ထိုစကားကြားမှ ဖုန်းကိုင်တာရပ်သွားသောညီလင်းပိုင်ပင်။
"ဘာကိုလဲ။ မင်းပြောတာ တစ်ခုမှနားမလည်ဘူးဝေ.."
သူခိုးလူမိသော ညီလင်းပိုင်မှာ ယောကျာ်းလေးတန်မဲ့ ရှက်သွေးဖြန်းကာ ပါးနှစ်ဖက်မှာ နီမြန်းနေလေသည်။ထက်အောင်က ရယ်လျက်ပင်။

"ဟား..မင်း.ကိုငါက ဘယ်တော့မှ လှောင်မှာမဟုတ်ဖူး ညီလင်း။ငါက မင်းကိုခင်တာလေ မင်း..ဘာဖြစ်နေနေ၊ မင်းက ငါ့သူငယ်ချင်းညီလင်းပိုင်ပဲ သိလား..ဟဟ"

ပြောစရာစကားမရှိတော့ဘဲ ငြိမ်နေလေသည်။

".......ဟိုကွာ"

"အေးပါ ထားပါတော့။ကိုရှိုင်းခန့်က ဆိုင်ကယ်နဲ့ ပြင်ဦးလွင်ကို အရင်ရောက်နှင့်နေတာ။အခုလည်း ဆိုင်ကယ်နဲ့ နောက်ကလိုက်လာနေပြီထင်တာပဲ"

သိချင်တာသိသွားမှ ပါးချိုင့်ပေါ်အောင်ပြုံးနေသော ညီလင်းပိုင်ပင်။ ဘယ်ဘက်လက်ကို မှန်ဘောင်မှာ ထောက်ကာ ကျေကျေနပ်နပ်ပြုံးလျက် ငြိမ်သွားလေတော့သည်။

တော်တော်ချစ်တတ်တဲ့ ငါကောင်ကြီးဟု ရင်ထဲမှာထက်အောင်တွေးလိုက်ပါသည်။သူ့အမျိုးထဲမှာလည်း ဒီလိုမျိုးအတွဲရှိတာမို့ လက်ခံနိုင်လေသည်။ညီလင်းပိုင်ကိုလည်း ကံကောင်းစေချင်သည်။
ကိုရှိုင်းခန့်နှင့် နှစ်ယောက်တည်းတွေ့တာ ခဏခဏရှိနေပြီကို ငြင်းချင်သေးတာ။မနေ့ညက ညီလင်း
ပိုင်အိပ်တာ အဆင်ပြေမပြေ သိချင်တာကို လိုက်ချောင်းမှ၊ တွေ့လိုက်ရသော မြင်ကွင်းကြောင့် ပို၍သေချာသွားရသည်။ထက်အောင်သည် ရှိုင်းခန့်မောင်ဖက်မအိပ်ခင် အစောကတည်းက ခန်းမတစ်နေရာမှာရှိနေခဲ့ပါသည်။

သိမ်းပိုက်....🍃Where stories live. Discover now