Part 5 <သိမ်းပိုက်>

9.8K 997 51
                                    


ယနေ့ ကျောင်းစတက်ရမည် ဆိုသော်လည်း ပထမဆုံးရက်မို့ ကျောင်းအပ် ရမည့်နေ့ဖြစ်သည်။
တစုတဝေး ထွက်လာကြသော ကျောင်းသားများမှာ မိန်းတက္ကသိုလ်ဝင်းကြီးသို့ ဦးတည်လျက်ရှိလေသည်။ မြင်မြင်သမျှ မြင်ကွင်းများမှာ လန်းဆန်းတက်ကြွလှသည်။

အဖြူရောင် လည်ကတုံး လက်ရှည်အင်္ကျီနှင့် စိမ်းပြာရောင်ချည်ပုဆိုးကို လိုက်ဖက်ညီစွာ ဝတ်ဆင်လာသည့် ညီလင်းပိုင်..ဖြူနုသော အသားအရေဖြင့် လိုက်ဖက်ညီစွာ။

တမာပင်များ စီတန်းပေါက်ရောက်နေသော လမ်းခုလတ် တစ်နေရာတွင် ကျောင်း​၏အထင်ကရ ခန်းမဆောင်ကြီးမှာ ခမ်းနားစွာဖြင့် တည်ရှိလေသည်။ မန္တလေးမြို့​၏ ပြယုဂ်ဆိုလျှင်မမှား။ထိုလမ်းမှဆက်
သွားလျှင် လေးထပ် ကျောင်းဆောင်ကြီး ဖြစ်သော မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ရှိလေသည်။ဝင်ပေါက်ဝ တစ်ဖက်တစ်ချက်တွင် ပန်းနီနီလေးများနှင့်၊ ကျောင်းမျက်နှာစာတွင် ကြာကန်လေးဖြင့်အလှဆင်ထားလေသည်။
ပထမဆုံးနေ့မို့ စိတ်အစဉ်က တက်ကြွလျက် ရုတ်တရက် ကျယ်လောင်စွာထွက်ပေါ်လာသော ဆိုင်ကယ်အင်ဂျင်သံကြောင့် ခံစားနေရသော မနက်ခင်းရသတစ်ခု ပျက်စီးသွားရလေပြီ။

"ဘယ်..ကလေကဝက ကျောင်းထဲဆူညံနေတာလဲပဲ.."

နောက်ကိုမကြည့်ဘဲ ပြောချလိုက်တဲ့စကားကြောင့် ထက်အောင် မျက်လုံးပြူးရသည်။ နောက်မှာ ရောက်နှင့်နေပြီးသား ထိုလူ့ကြောင့် ပြောပြဖို့ပင်အချိန်မမှီခဲ့..

"အဟမ်း..."
ထက်အောင်က ပါးစပ်ပိတ်ရန် အချက်ပြလိုက်သည်။

ခေါင်းကိုမမော့ဘဲ လွယ်အိတ်လွယ်ရင်း..
"ဘာလဲ..ဟုတ်တယ်..မင်းဆိုင်ကယ်တောင် နားငြီးတာပါဆို..အဲ့လိုစီးတဲ့သူတွေက တကယ့်ဂျ..လေ..ဖု..ဖု"

ထက်အောင်လှမ်းတားလိုက်မှ နောက်ကအသံတွေ တိတ်သွားသော ညီလင်းပိုင်။ အံ့ဩတကြီး ကြည့်လာကာ နောက်ကိုလှည့်ကြည့်ရန် အချက်ပြမှ လှည့်အကြည့်..

ရင်ဘတ်ပိုင်းတစ်နေရာ ကိုသာ အကြည့်ရောက်သည်။ တစ်ဖြေးဖြေးမော့ကြည့်မှ အရပ်မိုးထိုးနေတဲ့လူတစ်ယောက်ကို မြင်ရလေသည်။ထိုသူမှာ နက်ပြာရောင်ပုဆိုးနှင့်၊ အဖြူရောင်ခြည်သားအင်္ကျီကို ဝတ်ဆင်ထားလေသည်။

သိမ်းပိုက်....🍃Where stories live. Discover now