Part 46 <သိမ်းပိုက်>

4K 382 8
                                    

သီတင်းကျွတ် လပြည့်နေ့တွင် Barပိတ်ကာ
ဝန်ထမ်းများကို ကားစင်းလုံးဌား၍ ရန်ကုန်မှ ၃နာရီခန့်မောင်းရသော စိမ်းလဲ့တင်သို့ အလည်အပတ် ထွက်လာခဲ့ကြလေသည်။ ကိုယ်ပိုင်ကားနှင့် နောက်
မှ တသီးတသန့် လိုက်၍ရသော်လည်း တစ်ယောက်
တည်း ပျင်းတာကြောင့် အများနည်းတူ ကားပေါ်ပါလာခဲ့သော ညီလင်းညိုပင်။ ဖြိုးဝေဘေးတွင် ထိုင်
နေရင်း ကားခေါင်းခန်းမှ သန့်စင်က မိုက်ကိုခဲကာ ရောက်တတ်ရာရာ သီချင်းများကို ဆိုနေလေသည်။ ကျယ်လောင်သော ဆူညံသံများဖြင့် တစ်ကားလုံး အော်ဟစ်လျက် ရှိကြလေသည်။မှန်တံခါးဘက်သာ လှည့်နေသော ညီလင်းညိုကို ကြည့်ကာ ဖြိုးဝေက Colaတစ်ဗူး ကမ်းပေးလာရင်း

"သောက်ပါဦး အကို၊ အကို့ ကြည့်ရတာ သိပ်မပျော်သလိုပဲ"

"အေး...အခုရက်ပိုင်း အိပ်ရေးပျက်လို့ကွာ၊ ကျေးဇူးပဲ"

ကမ်းပေးလာသော အအေးကို တစ်ငုံမျှ
သောက်လိုက်ရင်း နောက်ကျသွားသော
နောင်တ တချို့ကို ခပ်ပါးပါး တွေးလိုက်ရင်း သက်ပြင်းချလိုက်သည်။ ထက်ယံလင်း​၏ Instagramတွင် တွဲသွားတွဲလာ လုပ်နေကြပုံများမှာ ညီလင်းညိုကို စိတ်နောက်စေသည်။ သဝန်တိုရမှာ အလုပ်တစ်ခု မဟုတ်သော်လည်း
မသွားခင် ကတိပေးခဲ့သော ထက်ယံလင်း​၏ စကားများကား နားထဲ စွဲထင်လျက်ရှိသည်။

~ကျွန်တော် အရှုံးမပေးချင်ဘူး ကိုထက်ယံလင်း

စိမ်းလဲ့တင်ကို ရောက်ရှိချိန် အလည်အပတ် လာကြသူများဖြင့် စည်ကားလျက်ရှိသည်။ တစ်နေရာမှ ဩရှသော အသံနှင့်အတူ ကားပေါ်ပါလာသော ပြုံးယဉ်တို့အုပ်စုက အပြေးအလွှား ကြိုဆိုကြတာကြောင့် မျက်လုံးဒေါင့်မှ မသိမသာကြည့်လိုက်ရာ ထက်ယံလင်းကို တွေ့ရလေသည်။

ထက်ယံလင်းမှာ နီညိုရောင် ရှပ်အင်္ကျီ လက်ရှည်ကို ဘောင်းဘီထဲထည့်ကာ၊ လက်ကို
ခေါက်တင်ထားလေသည်။ အနက်ရောင်
ဂျင်းဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင် ထားသည်မှာ သပ်ရပ်လှသည်။ ပြုံးယဉ်တို့ကို
စကားပြောရင်း သူ့ကိုကျော်ကာ ပြုံးပြလိုက်တာကိုတွေ့လိုက်သော်လည်း မမြင်ချင်ယောင်
ဆောင်လိုက်လေသည်။ အနားသို့ အထုပ်များဖြင့် ရောက်လာသော ဖြိုးဝေမှ

သိမ်းပိုက်....🍃Where stories live. Discover now