Part 18<သိမ်းပိုက်>

6.9K 787 38
                                    


ဆေးရုံကုတင်ပေါ်က ညီလင်းပိုင်မှာ ပျော့ခွေလျက်ရှိလေသည်။အင်္ကျီကို နှစ်ခြမ်းခွဲလိုက်သောအခါ ထွက်ပေါ်လာရသော ဗိုက်သားပေါ် ရှိုင်း​၏စိုးရိမ်သောအကြည့်တွေ ကပ်နေလေတော့သည်။တင်းကျပ် နွမ်းလျလွန်းသော စိတ်တွေကြောင့် ခေါင်းကြောများပင်ထောင်နေလေသည်။အသက်ရှုနေတာကို အတည်ပြုမိမှ ဘာကိုဆုတောင်းရမှန်းမသိဘဲ လက်နှစ်ဖက်ကို တင်းတင်းပူးကပ်ထားမိသည်။

ရှိုင်း​၏ပူလောင်မှု့ကို အငယ်တန်းသူနာပြုဆရာမတစ်ယောက်က ကိုယ်ချင်းစာကာ ကြည့်လျက်။

"ဟိုအကို စိတ်အေးအေးထားပါရှင်။သက်သာမှာပါ ရုတ်တရက် သတိမေ့တာပါရှင်။အကောင်းဆုံး လုပ်ပေးမှာပါ စိတ်ကိုအေးအေးထားပါ"

မရယ်မပြုံးမိသော နှုတ်ခမ်းပါးနှင့် ရှိုင်းခန့်မောင်သည် နံရံကိုမှီကာ မောဟိုက်လျက် ကုတင်ပေါ်က ညီလင်းပိုင်ကိုသာ တွေတွေလေး ငေးစိုက်ကြည့်နေလေသည်။သူသာသေသွားခဲ့ရင် ဆိုတဲ့စိတ်ကြောင့် ရင်ပူရသည်။စိတ်ချလက်ချ မထားခဲ့နိုင်သော်လည်း ဆရာဝန်ကထွက်ရန် တောင်းဆိုတာကြောင့် အခန်းဝသို့တိုးထွက်ခဲ့သည်။

တောင်စဉ်ရေမရအတွေးတွေအောက် ပီပီပြင်ပြင်အဖြေတစ်ခု ပေါ်လာခဲ့သည်။ဖြေရှင်းလို့ရလာခဲ့သည်။ဘယ်တုန်းကမှ၊ ဘယ်သူ့ကိုမှ မပေးခဲ့ဖူးသော၊ မျှော်လင့်ချက်တွေ ညီလင်းပိုင်အပေါ် ရှိလာခဲ့လေပြီ။သေချာတယ် သူ့အတွက် သိပ်သေချာတယ် ဆိုတာထက်ပိုတယ်။ဆုမတောင်းဖူးခဲ့ပါ မိဘတွေဆုံးသွားခဲ့ကတည်းက ဆုတောင်းရင်မပြည့်တာကို ယုံကြည်ခဲ့သည်။ထိုသို့ယုံကြည်ချက်ကို ယနေ့ချေဖျက်ကာ စူးစူးနစ်နစ် ဆုတောင်းလိုက်လေသည်။

ကျွန်တော့်အသက်ကို ညီလင်းပိုင်အစားသာယူသွားလိုက်ပါဘုရား~
ကျွန်တော် မနက်ဖြန် သေရမယ်ဆိုရင်တောင် ညီလင်းပိုင် အသက်ရှင်နေတာကို နောက်ဆုံးအဖြစ် မြင်ခဲ့ပါရစေ~

ခုံတန်းမှာ အချိန်ကြာကြာထိုင်နေခဲ့သော်လည်း စိတ်နဲ့ကိုယ်နဲ့ ကပ်မနေသော ရှိုင်းပင်။အတွေးတို့ဖြင့် ချောက်ချားစပြုနေသူရှိုင်းရှေ့ ရပ်သွားသောလူတစ်ယောက်ကြောင့် ရှိုင်းမော့ကြည့်လိုက်သည်။ ဂျူတီကုတ်နှင့် အရပ်ရှည်ရှည် ဆရာဝန်တစ်ဦးက ဆွေးနွေးရန် ရောက်လာခြင်းဖြစ်သည်။ရှိုင်းက နေရာမှဝုန်းခနဲထလိုက်ရင်း ဆရာဝန်ကို ဆွဲကိုင်လိုက်လေသည်။

သိမ်းပိုက်....🍃Where stories live. Discover now