Part 48 <သိမ်းပိုက်>

4.3K 445 6
                                    

ဆရာမလေးတို့မှာ အလုပ်ရှိသည်ဆိုတာကြောင့် ထားဝယ်ကို ပြန်နှင့်ကြလေသည်။ရှိုင်းခန့်မောင် နှင့် ညီလင်းပိုင်တို့ နှစ်ယောက်တည်းသာ အိမ်တွင် ကျန်ခဲ့ကြလေသည်။အိမ်ခြံဝင်းထဲမှာပင်
အလုပ်လုပ်ကိုင်ရာ ဂိုဒေါင်ရှိတာကြောင့်
ဒေါ်မာမာအေးမှ အလုပ်ရုံအတွင်းရှိသော ဝန်ထမ်းများနှင့် ညီလင်းပိုင်ကို မိတ်ဆက်ပေးလေသည်။ သားကိုပြန်ရှာတွေ့တာကြောင့် ပီတိဖြစ်နေသော ဒေါ်မာမာအေးကို သဘောတကျ ကြည့်နေကြ
လေသည်။ ညီလင်းပိုင်မှာ ချစ်ဖို့ကောင်းတာကြောင့် စကားတပြောပြောနှင့် ခင်သွားကြလေသည်။

လုပ်ငန်းမှာ ပင်လယ်စာများကို နေလှန်း၊ အခြောက်
ခံကာ တာရှည်ခံ စားနိုင်ရန် ထုတ်ပိုးလျက် နိုင်ငံခြားကို တင်သွင်းခြင်းဖြစ်သည်။ ဒေါ်မာမာအေးမှာ ကုန်ကြမ်းဝယ်ယူသော တံငါသည်များကိုလည်း မျှတသောအခကြေးငွေ ပေးကာ သင့်တင့်သော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချသည်။ ထို့ကြောင့် <မာအေး ပင်လယ်စာဖြန့်ချီရေး>မှာ နာမည်
ကျော်ကြားခြင်းဖြစ်လေသည်။
တစ်နေရာမှ အခြောက်ခံထားသော ငါးမုန့်ချပ်နှင့်၊ ပုစွန်ခြောက်ကို ပြကာညီလင်းပိုင်ကို မေးခွန်းထုတ်
လေသည်။

"သား...ဒီမှာ ဘယ်ဟာက အရင်းကြီးတယ်ထင်လဲ"

"ငါးမုန့်လား...မေမေ"

"ပုစွန်ခြောက် သားရဲ့"

"ဪ...မသိဘူးလေ သားက"

"ပုစွန်ခြောက်က အရွယ်တူတွေကို ရွေးပြီး သေချာသန့်၊ ချီးဖောက်၊ နေလှန်းပြီးမှ၊ မအူအောင် ပြန်အခြောက်ခံစက်ထဲ ထည့်ရသေးတာ သားရဲ့"
အခြောက်ခံစက်တွေကို လိုက်ပြနေသော မေမေ့ကိုကြည့်ကာ စိတ်ထဲမှ ချီးကျူးမိလိုက်သည်။

"မေမေက မိန်းမသားပေမယ့်၊ အရမ်း...ထက်မြက်
တာပဲ"

"ဪ...သားလေးအတွက်ပေါ့ရှင်...ဟော့ဒီက သားလေးကို ပြည့်စုံစေချင်လို့၊ အစကတော့ ရှာမတွေ့ခဲ့ရလို့ မျှော်လင့်ချက် မဲ့နေခဲ့တာ၊ အခုမှပဲ စိတ်အေးရတယ် သားရယ်"
ညီလင်းပိုင်​၏ မေးဖျားကို ခပ်ဖွဖွဖိညှစ်ရင်း မေမေက ပြောလိုက်သည်။

"အခုလည်း...တွေ့နေရပါပြီ မေမေရယ်၊ သား...မေမေ့ကို မထားခဲ့ပါဘူး"

သိမ်းပိုက်....🍃Where stories live. Discover now