Part 16 <သိမ်းပိုက်>

7.1K 767 24
                                    


မောင်မယ်သစ်လွင်ကြိုဆိုပွဲကို နာမည်ကြီး ဟိုတယ်တစ်ခုတွင် ကျင်းပလေသည်။မီးရောင်စုံနှင့် ခမ်းနားမှု့အပြည့်ရှိသော ဟိုတယ်ကြောင့်လည်းကောင်း၊ ကောင်းမွန်စွာ ဝတ်စားဆင်ယင်လာကြသော ကျောင်းသားကျောင်းသူများကြောင့်လည်းကောင်း ပွဲမှာပို၍ပင် ခမ်းနားကြီးကျယ် နေလေတော့သည်။

ညီလင်းပိုင်မှာ အနက်ရောင် suitအပြည့်ဝတ်ထားကာ၊ ဆံပင်ကိုအပေါ်သို့ လှန်တင်ထားလေသည်။နှင်းဆီအနီလေး တစ်ပွင့်ကို ရင်ဘတ်တွင် ထိုးထားလေသည်။ရှင်းလင်းသော နဖူးကျယ်ကျယ်လေးနှင့် ချစ်ဖို့ကောင်းသလို ခန့်ချောလေးဖြစ်နေသော ညီလင်းပိုင်ဖြစ်သည်။ တစ်ယောက်စီ အလှည့်ကျ modelလျှောက်ကြရသည်။ လက်ခုပ်သံတွေဆူညံမှု့ ပြီးနောက် King, Queenကိုမေဂျာအလိုက်
အသီးသီးရွေးချယ်ရာ ညီလင်းပိုင်အလှည့်ရောက်တော့ မျှော်လင့်ချက်တွေဖြင့် သင်းထက်တို့မှာ အော်၍အားပေးနေကြသည်။တစ်ကျောင်းလုံး​၏ ချစ်စရာအကောင်းဆုံး ညီငယ်ဆုကို ညီလင်းပိုင်ရလေသည်။ခပ်ပြုံးပြုံးလေး လုပ်နေသော ညီလင်းပိုင်ကို စင်ဘေးအောက်မှနေ၍ သဘောတကျငေးနေမိသည်။ ချစ်စရာကောင်းတယ်ဆိုတာကို အတွေးနဲ့ခဏခဏ အတည်ပြုပြီးဖြစ်လေသည်။

ကျောင်းကပွဲအပြီး လပြည့်ရက်ခံကာ ၃ရက်ပိတ်တာကြောင့် ယခုအပတ်သောကြာနေ့ ခရီးသွားရန် လူစုခိုင်းလေသည်။တစ်ယောက်ကို ၅၀၀၀၀ထည့်ရင်း ခရီးမှာပါမည့် အစီစဉ်များကို ECလုပ်သူ ဝါဝါကရှင်းပြနေလေသည်။ခရီးသွားရမှာမို့ ပျော်ရသော်လည်း ကားနှင့်တောင်တက်ရင် မူးတတ်တာကြောင့် ညီလင်းပိုင် လန့်နေမိသည်။

မနက်၅:၀၀လောက်ကတည်းက ထွက်လာကြတာမို့ လမ်းတစ်ဝက် ရောက်နေသော ကားလေးမှာ အလွန်လှသော လမ်းမလေးဆီသို့ ကွေ့ဝင်သွားလေသည်။ ပြတင်းပေါက်မှတစ်ဆင့် အေးစိမ့်စိမ့်လေနုအေးလေးများ တိုက်ခတ်လာသည်။မန္တလေးမြို့ကနေ တဖြည်းဖြည်း ပြင်ဦးလွင်မြို့ကို တိုးဝင်လာလေ ရာသီဥတုမှာတစ်စတစ်စ အေးမြလာလေသည်။ကိုယ်စီကိုယ်င အနွေးထည်များ ဝတ်ကြလေသည်။ မြို့ရှောင်လမ်းမကြီး တစ်ဖက်တစ်ချက်တွင် စိမ်းရင့်ရင့်ထင်းရှူးပင်များ စီတန်းပေါက်ရောက်နေလေသည်။မြူခြေစိုင်းလာသော လေထုကြား အလှဆုံးသော ပန်းခင်းဝါဝါတစ်ခုကို တွေ့တာကြောင့် ကားကိုရပ်ကာ ဓာတ်ပုံဆင်း ရိုက်ကြလေသည်။ မြို့ပြနှင့်အနည်းငယ်ဝေးသော နေရာမို့ပန်းခင်းမှာ ခြေရာလက်ရာမပျက် လှပနေတော့သည်။

သိမ်းပိုက်....🍃Where stories live. Discover now