Part 14 <သိမ်းပိုက်>

7.4K 888 42
                                    


အိမ်ပြန်ရောက်ပြီး ဧည့်ခန်းထဲဝင်လာကတည်းက သားတော်မောင်ကို သတိထားကြည့်နေမိသည်။ဆိုဖာပေါ်တွင် ခြေတစ်ဖက် ခွတင်ကာ လှုပ်လှုပ်ရွရွလုပ်နေသော ရှိုင်းတစ်ယောက်ပင်။ TV Remoteကိုယူကာ လိုင်းပြောင်းနေတာလဲ ကြာနေလေပြီ။ရေရေရာရာ မသိသောTVမှာ ၁စက္ကန့်မှာchannelလိုင်း ၄ခုနှုန်းပြောင်းနေတော့သည်။

ဒီကောင်လေးဘာဖြစ်နေတာလဲပဲ

"သားရေ...နောက်အပတ်ဘာအစီစဉ်ရှိလဲ၊ဖေဖေ ရန်ကုန်ကို အလုပ်ကိစ္စဆင်းရမှာ တစ်ပတ်ကြာမယ်"
ဦဝဏ္ဏမောင်က စားပွဲပေါ်မှရေနွေးကြမ်းတစ်ခွက် ငဲ့ကာပြောလိုက်သည်။

"............."

"အကယ်၍ သားလိုက်ချင်ရင်၊ လုပ်ငန်းအတွေ့ကြုံလေး ယူရအောင် လိုက်ခဲ့ပါလား"

".............."
အမေးရှိ  အဖြေမရှိတာကြောင့် ဦးဝဏ္ဏမောင် ဒေါပွစပြုလေပြီ။ရှိုင်းမှာ ညာဘက်လက်ကို ဆိုဖာပေါ် မေးထောက်နေရင်း စိတ်နဲ့လူနဲ့မကပ်
ရှိနေလေတော့သည်။

"မင်းမလိုက်ရင် သားလေး..သားညီရဲ့ ညီမလေးနဲ့သဘောတူလိုက်ရမလား?..ဟိုကမင်းကို သဘောကျနေတာနော်"

"ဗျာ...!!!!"

ထပြီးအော်လိုက်တာကြောင့် လန့်ဖျပ်သွားရသည်။

ဆိုဖာပေါ်ကနေဆွေ့ခနဲထကာ သူ့ကိုပေစောင်စောင် ကြည့်လာသောရှိုင်းပင်။မျက်နှာချောချောက အလိုမကျတာမို့ ချက်ချင်းသုန်မှုန် သွားလေသည်။မျက်ခုံးနှစ်ခုက အလယ်တွင်ထိစပ်လျက် အခုမှပဲ သူ့ကိုအဖက်လုပ်သော သားဖြစ်သူကြောင့် ရယ်ချင်လာရသည်။

"ဒါကျတော့ကြားတယ် ဟုတ်လား၊ ငါပြောတာတွေ မင်းမကြားဘူးမလား၊ ဘာဖြစ်နေမှန်းမသိဘူး ဒီနေ့"

ခပ်ချောချောမျက်နှာလေးတွင် ပြုံးယောင်သန်းလာကာ ဦးဝဏ္ဏမောင်​၏ လက်မောင်းကို ပိုက်လျက်...

"မဟုတ်ပါဘူး..ဟင်း..သားအလုပ်ရှုပ်ပြီး အာရုံများနေတာပါ။ နောက်အပတ် ပြင်ဦးလွင်ကို သွားဖို့ရှိတယ်။အဲ့ဒါအခုပဲ ဆွေးနွေးလာတာပါဗျာ...ဖေဖေကလည်း"

အာရုံများတဲ့သူက ပြုံးစိပြုံးစိနဲ့လား

"အေးအေး..ယုံတယ်။ ရည်းစားရရင်လဲပြောဦးမသိလိုက်ရင် ဒီကောင်ကြီး တာဝန်မကျေမှာစိုးလို့"
ဦဝဏ္ဏက ရှိုင်း​၏ကျောကို ပွတ်လျက် ခပ်ပြုံးပြုံလုပ်ကာ ပြောလိုက်ခြင်းဖြစ်သည်။ဦးဝဏ္ဏမောင်သည် အသက်အရွယ်အရ ကြီးသော်လည်း ရုပ်ရည်ကနုနယ်လေသည်။ ရှိုင်းနှင့်အပြင်သွားလျှင် ရှိုင်းရဲ့အကိုကြီးဟု ယူဆခံရစမြဲဖြစ်သည်။

သိမ်းပိုက်....🍃Where stories live. Discover now