Part 45 <သိမ်းပိုက်>

4.1K 383 9
                                    


တစ်ပတ်ကြာခဲ့ပြီးချိန် တွင်ဒေါ်မာမာဟူသော အမျိုးသမီး တစ်ယောက်သည် ကလေးပျောက်ဖူကြောင်း။ သတင်းသဲ့သဲ့ကို ကြားရလေသည်။ လွန်ခဲသည့်
၁၈နှစ်ခန့်က လှေမှောက်သော နေရာတွင်ကြုံတွေ့ခဲ့သော လူများထံ စုံစမ်းခဲ့လေသည်။ လွန်ခဲ့သော ၁၈နှစ်ကာလမှာ အမှန်တကယ်ပင် လှေမှောက်ခဲ့ဖူးကြောင်း သတင်းကြားရလေသည်။ လူအသေအပျောက် မများခဲ့သော်လည်း ကွဲကွာသွားသော မိသားစု နှစ်စုရှိလေသည်။ ပုံပေါ်လာခဲ့သော သတင်းကြောင့် ဆရာမလေးတို့မှာ ညီလင်းပိုင်
အတွက် ဝမ်းသာလျက် ရှိလေသည်။

သောကြာနေ့​၏ မနက်ပိုင်းတွင် ဆရာမလေး
မဖြူနှင့် မနန္ဒာတို့ ညွှန်လိုက်သော အိုးတန်း
ရပ်ကွက်ကို ရှာရန် အကြောင်းရှိလေသည်။ ဆရာမလေးတို့က ဂျူတီရှိ၍ ရှိုင်းခန့်မောင်နှင့် ညီလင်းပိုင်
တို့နှစ်ယောက်တည်းသာ ထွက်လာခဲ့ကြလေသည်။

နေခြည်သည် စောင်းလျက် ဖြာကျနေလေသည်။ လမ်းသွယ်လေး​၏ တစ်ဖက်တစ်ချက်တွင်
စိမ်းဖန့်ဖန့် အရွက်များဖြင့် ရွာဘာပင်များကို
တွေ့ရလေသည်။ အေးချမ်းတိတ်ဆိတ်သော
လမ်းသွယ်မှနေ၍  ဈေးတန်းတစ်ခုကို ဖြတ်ရလေသည်။ တံငါရွာလေးဖြစ်ပြီး ထားဝယ် မြို့ပေါ်နှင့် လှမ်းလေသည်။ ငါးဈေးတန်းထဲတွင် ငါးမျှားသူများ၊ အချိန်နှင့် ပြန်ရောင်းနေကြသူများနှင့် စည်ကားလျက်ရှိသည်။

ငါးအရောင်းဆိုင်ရှေ့ ဆိုင်ကယ်ကိုရပ်လိုက်လေ
သည်။ ငါးရောင်းနေသူမှ နယ်ခံမဟုတ်ပုံရသော သူတို့နှစ်ယောက်ကို ကြည့်ကာ ဘာကူညီပေးရမလဲ မေးလိုက်လေသည်။ ညီလင်းပိုင်က ထားဝယ်စကားဖြင့်ပင် လမ်းမေးလိုက်လေသည်။ ဈေးရောင်းနေသော အမကြီးက တစ်ခုခုပြောလိုက်တာကြောင့် ညီလင်းပိုင်သည် သဘောတကျရယ်လျက်ရှိ
လေသည်။

ရှိုင်းခန့်မောင်သည် သွယ်လျသော ခြေတံရှည်ပေါ် အနက်ရောင် ဂျင်းဘောင်းဘီ ကိုယ်ကျပ်ကိုဝတ်
ထားလေသည်။ အပေါ်မှနက်ပြာရောင် ဂျာကင်နှင့် ဖြူသော အသားအရေမှာ လူအများကြား
ထင်းလျက်ရှိလေသည်။ ညီလင်းပိုင်မှာ ရယ်လျက်ရှိတာကြောင့် ရှိုင်းခန့်မောင်သည် မျက်မှောင်ကြုတ်
လိုက်ရင်း

သိမ်းပိုက်....🍃Where stories live. Discover now