Part 33 <သိမ်းပိုက်>

4.5K 464 15
                                    

သွားတတ်သော နေရာတိုင်းသည် အဓိပ္ပာယ်မရှိတော့ပါ။ Condoကိုသွားဖို့ကိုလည်း မုန်းလှတာကြောင့် အိမ်နှင့် မြတ်သူအောင် အိမ်ကိုသာ ကူးနေလိုက်တော့သည်။ဖေဖေ့ရှေ့ မခံစားမိအောင် အတတ်နိုင်ဆုံး ထိန်းနေခဲ့သော ရှိုင်းခန့်မောင်
ဖြစ်သည်။ ရန်ကုန်လိုက်သွားဖို့ ခဏခဏ စဉ်းစားခဲ့သော်လည်း ပိုင်ကသူ့ကို ဘယ်လိုသဘောထားမည်လဲ။လိုက်လေ ပြေးလေဘဝနှင့် တစ်သက်လုံး ဝေးရရင်ဟူသော စိတ်တို့မှာ ဖိစီးနေတော့သည်။

Rum8ခွက်မြောက်တွင် မူးနေလေပြီဖြစ်သော ရှိုင်းခန့်မောင်ပင်။အခြေအနေမသိသော မြတ်သူအောင်မှာ ဘားကောင်တာကိုသာ လက်ထောက်၍ ရှိုင်းခန့်မောင်ကို ကြည့်နေလိုက်သည်။အရင်တစ်ပတ်ကတင် ပျော်ရွှင်နေသူက ဘာအကြောင်းကြောင့် ဒီလိုဖြစ်နေသည်ကို စဉ်းစားလို့ မရနိုင်ချေ။ရှိုင်းခန့်မောင်သည် မျက်ကွင်းတို့ မဲညိုကာ ပုံပျက်နေသော ဆံပင်တို့ဖြင့် စိတ်ပျက်လက်ပျက် ရှိလေသည်။

လက်တစ်ချောင်းပေါ် မှောက်အိပ်လိုက်ကာ မြတ်သူအောင်ကို ငေးစိုက်ကြည့်နေသော ရှိုင်းပင်။နှုတ်ခမ်းပါးပါးက ပြုံးပြလိုက်သော်လည်း အသက်မပါခဲ့။

"ငါလေ...ငါ့ကို မုန်းစရာကောင်းအောင်၊ရွံစရာကောင်းအောင် လုပ်ပေးပါလားကွာ..."

" ဘာ...ဘာပြောတာလဲ မကြားရဘူး"

​ခေါင်းကိုမှောက်အိပ်လိုက်ရင်း မသဲမကွဲပြောလိုက်သော စကားမှာ

"ငါလေ...ပိုင့်ကို ဆုံးရှုံးရတော့မယ် ထင်တယ်..."

မြတ်သူအောင်သည် ရှိုင်းကို ချိုင်းမမကာတစောင်းထူလိုက်သည်။ကားမောင်းကာ ရှိုင်းခန့်မောင်အိမ်သို့ လိုက်ပို့ပေးလိုက်သည်။ခြံတံခါးဖွင့်သောအခါ ဦးလေးစံကို ပူပန်နေသော မျက်နှာနှင့် ဆီး၍တွေ့လိုက်ရလေသည်။အခန်းထဲထိ လိုက်ပို့ပေးလိုက်သည်။ ကုတင်ပေါ်ပုံကျသွားသော ရှိုင်းခန့်မောင်မှာ အသက်မရှိသူတစ်ယောက်လို။လှိုက်ဖိုနေသော ရှိုင်း​၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။ မြတ်သူအောင်သည် ကုတင်နားတွင် တင်ပါးလွှဲထိုင်လိုက်ကာ ရှိုင်း​၏ကျောကို ပွတ်သပ်ပေးလိုက်သည်။

သိမ်းပိုက်....🍃Where stories live. Discover now