အသံတချို့ကနီးလိုက် ဝေးလိုက်ဖြစ်သည်။ သူ
ရောက်နေသော မြေသားနီနီပေါ် အုတ်ခဲတစ်လုံးရှိ
သည်။ အုတ်ခဲပေါ်မှာ အနီရောင်အသီးတစ်လုံး ထုလိုက်ရာ အဆီပျစ်ပျစ်တွေထွက်လာလေသည်။ "သားသားရေ၊ မှန်းစားမယ်" အိမ်ထဲမှလှမ်းခေါ်နေသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြား
လိုက်ရလေသည်။ "လာပြီ မားရေ"ဟူသော အသံ
နှင့်အတူ ပြေးသွားမိသည်။ ချက်ခြင်းဆိုသလို လှိုင်းတွေကြား မျောနေသော အပိုင်းအစတချို့ မျက်ရည်
ပူတွေကျနေသည်။ အပြင်ကသူ့မျက်နှာမှာလည်း မျက်ရည်တို့က ထပ်တူစီးကျနေကာ။"မား...မား...သားကိုကယ်ပါ..အီး..မားရေ ဟီး.."
အဖျားခတ်သွားသောအသံနောက် တင်းကျပ်
သော ခံစားချက်ဖြင့် မိမိရင်ဘတ်က အင်္ကျီစကို ဆွဲကိုင်ထားသော ညီလင်းပိုင်ပင်။ အိပ်မက်ထဲတွင် အနားရောက်လာသော အမျိုးသမီးတစ်ယောက်၏ မျက်နှာကို ရေထဲမှာမြင်လိုက်ရသည်။ ရေထဲမှနေ၍မိမိလက်ထဲ တစ်စုံတရာကိုထည့်ပေးလိုက်
သည်။ ထိုအမျိုးသမီး၏ နဖူးတွင် သွေးစတချို့ကို တွေ့ရလေသည်။"သားလေး ဝီဝီမှုတ်နော် လူတွေလာရင်..ဦးဦးတွေကသားကို ခေါ်သွားလိမ့်မယ်"
လက်ထဲကို ထည့်ပေးလိုက်သော ဝီစီအနီရောင်ဖြစ်
သည်။ "ဝုန်း!" မိုးချုန်းသံလို ကျယ်လောင်ပြင်းထန်သောအသံကြီး ပေါ်ထွက်လာကာ အာမေဍိတ်သံ က အတားအဆီးမရှိ ပေါ်ထွက်လာသည်။"အား..."
မျက်လုံးပွင့်လာသည်နှင့်အမျှ ညီလင်းပိုင်တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေလေတော့သည်။ ကြောက်ရွံ့တုန်လှုပ်လျက် အခန်းကိုလှည့်ပတ် ကြည့်လိုက်မိသည်။ မိမိမျက်စိရှေ့ ရှိနေသည်မှာ ပင်လယ်တစ်ခုတော့ မဟုတ်ခဲ့ပေ။ မောဟိုက်နေရာမှ မျက်ရည်တို့ကျလာပြန်သည်။ ခေါင်းထဲမှပြင်းပြင်းထန်ထန်ကိုက်ခဲလာကာ ကုတင်ဘေးမှ ဖုန်းကိုလှမ်းယူလိုက်သည်။ ဖုန်းဝင်သွားပြီး မိနစ်ပိုင်းလောက်ကြာသွားသည် အချိန်မှာ မနက်၃:၀၀ခန့် ဖြစ်တာကြောင့် အားနာမိသော်လည်း ခေါ်မိခြင်းဖြစ်သည်။
"အင်း...ပိုင် ဘာဖြစ်လို့လဲ"
"............................."

YOU ARE READING
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...