Part23 <သိမ်းပိုက်>🕯️

7.2K 597 43
                                    


ဒီဇင်ဘာလ​၏ လနှင့်ရက် ထပ်တူကျသောနေ့သည် ရှိုင်းမွေးနေ့ ဖြစ်လေသည်။ စာမေးပွဲပြီးကျပြီမို့ မိမိ​၏ ကလေးပေါက်စက ပြန်ချင်နေလေပြီ။ ရန်ကုန်ကို အရမ်းပြန်ချင်တာလား မေးလိုက်လျှင်လည်း၊ ကိုနဲ့က တစ်သက်လုံး မိဘတွေက အသက်ရှိတုန်း နေပေးရတာတဲ့။ ဒီလိုစကားတတ်လွန်းနေလို့ ရှိုင်းခန့်မောင် ကြွေရသည် မဟုတ်လား။

ဖုန်းbrand တစ်ခု​၏ သံအမတ်မို့ ပွဲတတ်ရန် ရောက်ရှိနေသော ရှိုင်းပင်။ ပွဲအခမ်းအနားမှာ ဟိုတယ်
တစ်ခုတွင် ကြီးကျယ် ခမ်းနားစွာ ကျင်းပလေသည်။အသိုင်းအဝိုင်းကြီးများ လာကြသောပွဲဖြစ်တာကြောင့်။ အခွင့်အလမ်းများ ရနိုင်သော အချိန်လည်း ဖြစ်သည်။

ရှိုင်းမှာ နီညိုရောင် suitအပြည့်ကို၊ အထဲခံရှပ်အင်္ကျီအနက်ဖြင့် ခန့်ညားစွာ ဝတ်ဆင်ထားသည်။ ပုံစံကျသော အချိုးအစားဖြင့် လည်ပင်းမှာ ရွှေဝါရောင် scarfကို ပတ်ထားလေသည်။ ရှည်သောအရပ်မှာ suitအပြည့်ကြောင့် ပို၍ထင်းလေသည်။

​စင်ပေါ်တွင် ကြွကြွရွရွ လျှောက်လှမ်းနေသော ရှိုင်းကို သဘောတကျ ရှိနေကြသည်။ မျက်စိအကြည့်များက ရှိုင်းစီသာ ပုံအပ်ထားကြသည်။ ၁၀နာရီထိုးခါနီးထိ ပွဲအခမ်းနား ကျင်းပခဲ့သည်။ Toiletဘေစင်တွင် လက်ဆေးနေရင်း ဖုန်းဆီ စာဝင်
လာခဲ့လေသည်။

{ကိုရေ...မအားရင်လည်း မနက်မှ တွေ့တော့မယ်နော်}

ထိုစာကြောင့်ပင် လန့်သွားခဲ့ရသည်။အမှတ်တရနေ့မို့ ရှိုင်းဘက်က စချိန်းခဲ့တာ ဒီနေ့ညပင်။သူလုံးဝ မေ့နေခဲ့တာ။ ခေါ်ထားတဲ့ ဖုန်းအရေအတွက် ပေါင်းများစွာ။ သူပြေးထွက်လာခဲ့သည် ကားပါကင် တစ်နေရာမှာပင် အမျိုးသမီး တစ်ယောက်နှင့် တိုက်မိလေသည်။ ရှိုင်းဘက်က လှည့်မကြည့်နိုင်တာမို့ ခပ်မြန်မြန် တောင်းပန်ကာ ထွက်သွားလိုက်တော့သည်။လည်ပင်းက ရွှေဝါရောင် scarf လေးမှာ ကြမ်းပြင်ပေါ် ကျကျန်နေခဲ့လေသည်။

ဝိုင်ကြောင့် ခပ်ထွေထွေ ဖြစ်ချင်နေသည်။ကားကို ဂရုတစိုက် မောင်းပြီး ချိန်းဆိုထားသောနေရာကို သွားလိုက်သည်။မန္တလေး တောင်ခြေအောက်က ဂမူလေးတွင်ရှိသော ခုံတန်းလေးဖြစ်သည်။ကားကိုထိုးစိုက်လိုက်ရင်ပဲ အထုပ်လေးတစ်ထုပ်ကို ထွေးပိုက်ထားသော ပိုင့်ကိုတွေ့လိုက်ရသည်။ယခုခံစားချက်မှာ အထိမ်းအမှတ်ကို မေ့ရသော မိမိကိုယ်ကို အပြစ်တင်ချင်မိသောရှိုင်းပင်။

သိမ်းပိုက်....🍃Where stories live. Discover now