Part28 <သိမ်းပိုက်>

4.9K 511 25
                                    


ဗုဒ္ဓဟူးနေ့ရောက်တိုင်း မပျက်မကွက် လုပ်ရသည့် အရာတစ်ခုရှိနေသည်။ကော့ပျံနေသော ချည်သား ပုဆိုးကြံရည်ရောင်နှင့် ရှပ်အင်္ကျီ အနက်ရောင်ကို တွဲဖက်ဝတ်ဆင်ထားသည်။ တင်းရင်းစွာ ဝတ်ဆင်ထားသော ပုဆိုးမှာ ပုံကျလွန်းသည်။Rolex နာရီကို ဘယ်ဘက်လက်တွင် ဝတ်ဆင်ကာ ခန့်နေတော့သည်မှာ ထက်ယံလင်းပင်။ ငယ်ငယ်ကပင် စီးပွားရေးကို ဝါသနာပါခဲ့တာကြောင့် နိုင်ငံခြားမှာ ကျောင်းတတ်ပြီး။Show Roomတည်ထောင်ခဲ့သည် တစ်ယောက်တည်း condoတွင်သာ ခွဲနေခဲ့လေသည်။

ကားကိုမောင်းထွက်ခဲ့သည့် နေရာမှာ ရွှေတိဂုံဘုရားသို့ ဖြစ်သည်။တိုက်ဆိုင်အောင် သူ့ဘက်က အစောရောက်နေခဲ့တာ ၃လပြည့်လေပြီ။ညီလင်းညိုက ဗုဒ္ဓဟူးသားလေး ဖြစ်တာကြောင့် ဗုဒ္ဓဟူးနေ့တိုင်း ဘုရားလာလေ့ရှိလေသည်။လူငယ်ဆန်ဆန် နေသော်လည်း ဘာသာတရား ကိုင်းရှိုင်းတာကြောင့် တိတ်တခိုး ချီးကျူးမိသည်။

တောင်ဘက်မုခ်မှ နေ၍စောင်တန်းများ​၏ အလယ် ဗုဒ္ဓဟူးနေ့နံဒေါင့်တွင် နှင်းဆီပန်းအနီပွင့်များကိုင်ကာ ရပ်စောင့်နေလိုက်သည်။လူသွားလူလာရှင်းသော မနက်ခင်းလေးမှာ အေးချမ်းလှသည်။ဘုရားဖူးလာသော မိဘတစ်ယောက်ဆီမှ ကလေးလေးတစ်ယောက်က ထက်ယံလင်း​၏ ပုဆိုးကို လာဆွဲလေသည်။ကလေးလေးမှာ ဖြူဖြူသေးသေးလေး သူ့အမေက အနီးအနားတွင် မျက်စိမှိတ်၍ ဘုရားကိုအာရုံပြုနေသည်။ထက်ယံလင်းက ဒူးတုပ်ထိုင်ချကာ ကလေးလေးကို ပခုံးလေးမှဖွဖွလေး ထိကိုင်ကာ။

"သားသားလေး...လျှောက်မသွားရဘူးနော်။ကိုကိုက လူဆိုးဆို သားသားကို ဖမ်းမှာ မကြောက်ဖူးလား..ဟင်"

ချစ်စရာကောင်းသော ကလေးလေးရဲ့ ပါးနုနုလေးကို ကိုင်လိုက်သည်။

"ကြောက်ချရာလား(ကြောက်စရာလား)..ဦးဦးက တားကို ဘာမှ မလုပ်ဖူးမလား"

"ဒါပေါ့..ဦးဦးကတော့ ဘယ်လုပ်မလဲ သားသားလေးရဲ့ လာပါဦး ချစ်စရာလေးကွာ"

ကလေး​၏မိခင်နားတွင် ကပ်ကာပွေ့လျက် ထိုင်စောင့် ပေးနေလိုက်သည်။ကလေးအမေက အားနာစွာပြုံးပြရင်း ကလေးကို ပွေ့ချီသွားလေပြီ။သတိပြုမိချိန် လင်းညိုအတွက် ပန်းစည်း မရှိတော့တာသတိပြုမိသည်။လှည့်ပတ်ရှာသော်လည်း မတွေ့တာမို့ ချွေးပြန်လာတော့သည်။နောက်မှ ထိလိုက်တာကြောင့် လှည့်ကြည့်လိုက်ရာ။အစိမ်းနုရောင် ရှပ်အင်္ကျီလေးနှင့် အရောင်ရင့်သော ပုဆိုးလေးကိုဝတ်ဆင်ထားသည့် ညီလင်းညိုကို တွေ့လိုက်ရသည်။အသားဖြူတာကြောင့် ခြေဖျား၊ လက်ဖျားလေးများမှာ လိုက်ဖက်စွာ။ဆံပင် အနီရောင်လေးက ခပ်အုပ်အုပ်ကလေးကျနေလေသည်။ငေးရသည်၊ ငေးနေရင်းမှကို လွမ်းနေရတာမျိုး။

သိမ်းပိုက်....🍃Where stories live. Discover now