Part36 <သိမ်းပိုက်>

4.8K 466 23
                                    

ခရီးသည်တင်ကား​၏ လေအေးပေးစက်မှ အေးမြမြလေတို့သည် ပူလောင်နေသော စိတ်ကိုမငြိမ်းအေးစေပါ။မိမိတစ်ဦးတည်း ရပ်တည်ရမည့် အနာဂတ်သည် လမ်းပျောက်နေသူ တစ်ယောက်လို ဖြစ်နေတာကြောင့် စိတ်ရှုပ်နေသော ညီလင်းပိုင်ပင်။မန္တလေးမြို့ ဝင်ဝင်ချင်း တွေရသော မုခ်ဦးကြောင့် ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်သလို နွေးထွေးသွားတော့သည်။ကားပေါ်မှ ဆင်းဆင်းချင်း ပူနွေးသော မန္တလေး​၏ နွေဦးလေတချို့ကို ခံစားလိုက်ရသည်။ကားပေါ်မှ ဆင်းဆင်းချင်း လူအုပ်ကြားထဲ ရောက်
သွားသော ညီလင်းပိုင်ပင်။တိုးဝှေ့နေသော အဌားယာဉ်မောင်း သမားများကြား ဟိုလူဆွဲဒီလူဆွဲ ဖြစ်နေသော ညီလင်းပိုင်ပင်။လာကြိုမယ့်လူ
ရှိတယ်ဟု ထပ်ခါထပ်ခါ လိမ်သော်လည်း မိမိအသံကတိုးမပေါက်။

ကားအောက်ခန်းမှ ပစ္စည်းထုပ် ချနေရင်းအနားရောက်လာပြန်သော ဗိုက်ပူပူနှင့် အသားညိုညို လူတစ်ယောက်ကို တွေ့ရလေသည်။အနီးရောက်မှ ရလာသော အနံ့ပြင်းပြင်း အရက်နံ့မှာ ထောင်းခနဲ ထွက်ပေါ်လာလေသည်။ရီဝေဝေနှင့်
ကြည့်လာကာ ညီလင်းပိုင်ကိုရှေ့မှ ဆီးကာထားသည်။

"ညီလေး...ကားTaxi လိုလားကွာ မိန်းနားထိဆို ၅၀၀၀ပဲပေး"

"ရပြီဗျ လာကြိုတဲ့သူ ရှိတယ်"

"လာပါကွာ...၄၅၀၀ ထားပေးမယ်"
ထိုသူသည် ညီလင်းပိုင်​၏အိတ်ကိုသာ ဆွဲထားလေတော့သည်။အတင်းအကျပ် လုပ်နေတာကြောင့် ဆတ်ခနဲအိတ်ကို ပြန်လုကာ။

"ရပြီ...အကို လာကြိုမှာပါဆိုဗျာ"

အားသန်လှသော ထိုလူမှာညီလင်းပိုင်အိတ်ကို အတင်း ဆွဲယူသွားတော့သည်။ကားဝင်းအပြင်ထိ ထွက်သွားတာမို့ အပြေးလိုက်ရသည်။

"ဟေ့လူ မလိုက်တော့ဘူး...ကျွန်တော့်အိတ်ပေးပါ"

လမ်းကြားထဲရောက်ရာ မိမိပခုံးမှကျော်ထွက်သွားသော လူတစ်ယောက်ကိုမြင်ရသည်။ရင်းနှီးနေသော နောက်ကျောမှာ ရှေ့ကလူထံမှ ခရီးဆောင်အိတ်ကို လုလိုက်လေသည်။ခါးပိုက်နှိုက်ဟု ယူဆရသော ထိုလူမှာဓားသေးသေး တစ်ချောင်းကို ဆွဲထုတ်ကာ ဟန့်လိုက်လေသည်။အိတ်ကိုင်ထားသူက တစ်ခုခုပြောလိုက်မှသာ လှစ်ခနဲ ပြေးထွက်သွားတော့သည်။လှည့်ကြည့်လာသူမှာ နှစ်ယောက်မရှိသော ရှိုင်းခန့်မောင်ပင်။စိတ်ရှိတိုင်းသာဆို ဖက်၍သာ ငိုလိုက်ချင်သည်။နာကျင်နေသော စိတ်ကိုဖုံးကွယ်ကာ ရှိုင်းခန်မောင်အနား လျှောက်သွားလိုက်တော့သည်။

သိမ်းပိုက်....🍃Where stories live. Discover now