Part37 <သိမ်းပိုက်>

4.7K 494 27
                                    


ညနေခင်း​၏ တောင်သမန်အင်းအလှမှာ ပန်းချီကားတစ်ချပ်လိုပင် ကဗျာဆန်လှသည်။ရေပေါ်ကူးလူးနေသော လှေငယ်များကို ငေးကြည့်နေလိုက်သည်။ မိုးပြေးကလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာထားတာမို့ မြေသင်းနံ့လေး ထွက်ပေါ်လာသည်။

လူရှင်းသော နေရာရောက်တိုင်း ဘေးမှာချထားသော လက်တစ်ဖက်ကို ဆုပ်ကိုင်လာသည်။လွှတ်လိုက် ကိုင်လိုက်ဖြင့် တံတားအဆုံးထိ လျှောက်ဖြစ်ကြသည်။ထက်အောင်နှင့်
သင်းထက်တို့က တံတားအလယ်မှ လှေဖြင့်ကူးသွားကြတာကြောင့် နှစ်ယောက်တည်း ကျန်နေခဲ့ကြသည်။ မရဲတရဲ ဆုပ်ကိုင်လိုက်သော လက်မှာနင့်နဲသိပ်သည်းသော အလွမ်းမြေ့မြေ့ကို ခံစားလိုက်ရသည်။တီရှပ်အနက်ရောင်ကို အဖြူရောင်
ရှပ်အင်္ကျီဖြင့် ထပ်ဝတ်ထားသော ရှိုင်းခန့်မောင်ပင်။တံတားအဆုံးရောက်သော်

"အကို ဒီတံတားကို အဆုံးထိလျှောက်ရင် ဘာဖြစ်
လဲသိလား..."

"မကြားဖူးဘူး"

"ဟော်...မန္တလေးသားတဲ့ဗျာ"

"တကယ်ပိုင်ရ...ကိုယ်က အလုပ်ရှုပ်တော့
စာသိပ်မဖတ်မိဘူး"

"ကျွန်တော်လည်း သေချာမသိပါဘူး...ပါးစပ်
ရာဇဝင်ပါ"

နေလုံးမှာ တဖြည်းဖြည်း ဝင်သွားလေပြီ လှမ်းမြင်ရသော စစ်ကိုင်းတောင်ခြေတွင် စေတီတော်တို့မှ မီးပွင့်ပျပျများကို မြင်လာရသည်။လူလာလျှင် နှစ်ယောက်သား ဘေးချင်းကပ်ကာ ရှောင်ပေးနေရင်း ညီလင်းပိုင်မှ

"အဆုံးထိ လျှောက်ပြီးရင် ဘယ်တော့မှ မခွဲရဘူးတဲ့"

နားရွက်ဖျားတွေ နီလာသော ညီလင်းပိုင်ကို တွေ့လိုက်ရသည်။လည်ပင်းကျယ်သော အဝါရောင်အင်္ကျီအောက် ဖြူဖွေးနေသော လည်ပင်းနေရာကို ငေးကြည့်လိုက်မိသည်။

"အင်း...ပျော်သွားပြီကိုယ် မခွဲတာက သေချာနေတာပဲကိုး"

"အင်း...ထားပါတော့ မိုးရွာတော့မယ် ပြေးရအောင်"

မိုးဖွဲလေးများက တောင်သမန်အင်းရေပြင်ပေါ် ခုန်ဆင်းလာတော့သည်။တံတားအလယ်ရောက်
ချိန် သည်းလာတာမို့ နီးစပ်ရာ အမိုးအောက် ဝင်နားလိုက်ကြသည်။ဈေးရောင်းနေသူ များကလည်း တံတားအောက်ခြေ မြေနိမ့်ပေါ်မှ
မိမိတဲအိမ်များသို့ အပြေးအလွှား ဝင်​ရောက်
သွားကြသည်။ခပ်လှမ်းလှမ်းမှာ ချမ်း၍တစ်ဦး
နှင့်တစ်ဦး ဖက်ထားသော စုံတွဲတစ်တွဲသာရှိလေသည်။မိုးသည်းထန် လာတာကြောင့် တံတားပေါ်မှာ လူသွားလူလာ ရှင်းသွားလေပြီ။
ခေါင်မိုးအစွန်းမှ ကျလာသော ရေစက်ပေါက်လေးတွေကို လက်ဖြင့်ခံကာ ပြုံးနေသော ညီလင်းပိုင်ကို တွေ့လိုက်ရသည်။ထိုသို့ပြုံးလိုက်တိုင်း ကြည်နူးမိသည်ဆို ပိုမှန်မည်။ညီလင်းပိုင်က လှည့်ကြည့်လာရင်း

သိမ်းပိုက်....🍃Where stories live. Discover now