Episode 1

7.4K 354 28
                                    

Unicode & Zawgyi

Unicode

"CEO Jeonဉက္ကဌကြီးခေါ်နေပါတယ်"

အတွင်းရေးမှူးလေးရဲ့စကားသံအဆုံးမှာတစ်ချက်ပြုံးလိုက်မိတယ်။Appaကသူ့ကိုခေါ်တယ်တဲ့ ဒါဆိုသူ့မွေးနေ့ကိုမှတ်မိနေတယ်ဆိုတဲ့သဘောပေါ့ အမြဲတမ်းနွေးနွေးထွေးထွေးမဆက်ဆံပေမယ့်မွေးနေ့ကိုမှတ်မိနေတယ်ဆိုတာသူ့ကိုချစ်သေးတယ်ဆိုတဲ့သဘောပဲလေ။ကိုယ့်သဘောနဲ့ကိုယ်တွေးပြီးခြေလှမ်းတွေကတော့ဉက္ကဌရုံးခန်းဆီသို့။

"Appa ကျွန်တော့်ကိုခေါ်တယ်ဆို"

စကားသံအဆုံးလှည့်ကြည့်လာတဲ့ကျွန်တော့်ရဲ့အဖေဖြစ်သူ

"အဲ့ဒါကိုဖတ်ကြည့်စမ်းJeon Jungkook"

စားပွဲပေါ်မှာရှိတဲ့သတင်းစာကိုမေးငေါ့ပြီးပြောတော့ သတင်းစာကိုကောက်ပြီးဖတ်ကြည့်လိုက်သည်။

"Triple Kim မှတိုးချဲ့လိုက်တဲ့နောက်ထပ်အင်ပါယာတစ်ခု"ဆိုတဲ့သတင်းခေါင်းစဉ်နဲ့အတူဆောင်းပါးတစ်ပုဒ် "Triple Kimမှညီအငယ်ဆုံးဖြစ်သူKim Taehyungမှနောက်ထပ်Companyတစ်ခုဖြစ်တဲ့Silver moon companyရဲ့CEOနေရာကိုပြောင်းလဲဆက်ခံခဲ့တယ်ဆိုတဲ့အကြောင်း"

ဖတ်နေရင်းနဲ့မှအဖေကsofaမှာဝင်ထိုင်လိုက်ပြီး

"သူများအကြောင်းတွေမြင်တယ်နော်Jeon Jungkook
အဲ့ဒီKim Taehyungကမင်းနဲ့အသက်သိပ်မကွာဘူးလို့ကြားတယ်
သူများသားတွေများဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးလောကရဲ့ဘုရင်လို့တင်စားခံရတယ့်အထိအောင်မြင်တယ် မင်းမှာတော့CEOဆိုတဲ့နေရာတောင်ငါ့ကိုမလွန်ဆန်နိုင်လို့တာဝန်ယူနေရတဲ့ပုံ...မင်းကလေဘယ်အချိန်ကျမှငါအားကိုးရတဲ့သားတစ်ယောက်ဖြစ်လာမှာလဲ"

အဖေ့ရဲ့စကားသံအဆုံးဝမ်းနည်းမှုတွေကလှိုက်တက်လာရသည် အဖေကသူ့ကိုခေါ်တာဆူဖို့သက်သက်ပဲ သူကိုကစိတ်ကူးအယဉ်လွန်နေတာ အေးလေ တစ်သက်လုံးကမှသားလေးလို့တစ်ခါမခေါ်ဘူးတဲ့သူကမွေးနေ့ကိုမှတ်မိနေတယ်ဆိုမှထူးဆန်းတာမဟုတ်ဘူးလား။

"Jeon Jungkookငါပြောနေတာတွေကြားရဲ့လား"

အဖေ့အသံကြားတော့မှသူသတိပြန်ဝင်လာမိသည်

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now