Episode. 18

2K 177 41
                                    

Unicode & Zawgyi

Unicode

ငါးနှစ်ဆိုတဲ့အချိန်ကာလကလူတစ်ယောက်ပြောင်းလဲဖို့အတွက်လုံလောက်တဲ့အချိန်ပမာဏဖြစ်ပေမယ့်သူ့အပေါ်ထားတဲ့အချစ်တွေအတွက်တော့မလုံလောက်ခဲ့ပါဘူး။ကျွန်တော်ချစ်ခဲ့တာငါးနှစ်စာမှမဟုတ်ဘဲ။

ဂျောင်ကုတစ်ယောက်တောင်စောင်းပေါ်မှာရပ်နေရင်းနဲ့တောင်အောက်ကကန်ရေပြင်ပြာလဲ့လဲ့ကိုအကြောင်းမဲ့သက်သက်ငေးနေမိသည်။အကြောင်းမဲ့သက်သက်ဆိုပေမယ့်သူ့အကြောင်းတွေပါပဲ။

ငါးနှစ်အတွင်းချစ်ရသူကတော့ဘယ်လိုတွေပြောင်းလဲသွားမလဲမသိပေမယ့်သူကတော့တော်တော်ပြောင်းလဲခဲ့ပါတယ်။အရင်ကလိုကလေးဆန်ပြီးဝမ်းနည်းလွယ်တဲ့ကောင်လေးတစ်ယောက်မဟုတ်တော့ဘဲရင့်ကျက်ပြီးကိုယ့်အားကိုကိုယ်ကိုးနိုင်တဲ့အသက်28နှစ်အရွယ်ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့ပါပြီ။

ချစ်ရသူကိုကိုကရောဘယ်လိုများဖြစ်နေမလဲ။ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးမှာပဲနေနေပြီလား။မနှုတ်ဆက်ပဲထွက်သွားခဲ့တဲ့ဒီကကောင်ကိုမုန်းများမုန်းနေမလား။ဘာတွေပဲဖြစ်နေပါစေ.....ကျွန်တော်ကိုကို့ကိုချစ်နေဆဲပဲ။မဖြစ်နိုင်မှန်းသိပေမယ့်မျှော်လင့်နေမိတုန်းပဲ။

Switzerland......သူ့ဘဝရဲ့ငါးနှစ်တာအချိန်ကာလကိုဖြုန်းတီးခဲ့တဲ့နိုင်ငံ။ရွာလေးတစ်ရွာမှာအေးအေးဆေးဆေးနေဖြစ်သည်။ရွာလေးတစ်ရွာဆိုပေမယ့်သဘာဝရှုခင်းတွေနဲ့ပြည့်နှက်နေသည့်နေရာမို့ဂျောင်ကုသဘောကျသည်။မြက်ခင်းပြင်ကျယ်ကြီးနဲ့တောင်ပေါ်မှာတည်ရှိနေသည့်သူရဲ့အိမ်လေး။တောင်အောက်မှာတခြားလူနေအိမ်တွေနဲ့အတူလှပလွန်းတဲ့ရေကန်လေးတစ်ကန်။သူချစ်ပါသည်။ဒီလှပတဲ့ရွာလေးကို.........ကိုကိုလည်းသဘောကျမှာသေချာပါသည်။

တွေးရင်းနဲ့ပင်ကိိုကို့အကြောင်းတွေကပါလာပြန်ရပါသည်။ဒီလိုပါပဲသူနေထိုင်ခဲ့တဲ့ပျှမ်းမျှရက်ပေါင်း1800လုံးလုံးကိုကို့ကိုမလွန်းသည့်နေ့......သတိမရသည့်နေ့ဆိုတာမှမရှိခဲ့ပဲ။အချိန်တိုင်းမဟုတ်တောင်ရက်တိုင်းလွမ်းသည်။

မဖြစ်နိုင်မှန်းသိပေမယ့်နှစ်ပတ်လည်နေ့တွေရောက်တိုင်းကိုကို့ဆီကကြွေကျလာမယ့်အနမ်းလေးတွေကိုတောင်းတမိနေဆဲ။ဆောင်းရာသီရောက်လာတိုင်းနွေးနေအောင်ထွေးပွေ့ထားမဲ့ကိုကို့ရင်ခွင်ကျယ်ကြီးကိုလွမ်းမိဆဲ။တစ်ခါတစ်လေမိုးလေးရွာတိုင်းလုံအောင်မိုးပေးမယ့်လက်လေးတစ်စုံကိုသတိရမိဆဲ။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now