Episode.2

2.9K 279 1
                                    

"သားကြီး"

ခေါ်သံရှိရာကိုဆော့ဂျင်တစ်ယောက်အပြေးအလွှားလိုက်ရှာနေမိသည်။

နောက်ဆုံးတော့တွေ့ပါပြီ..သူ့ကိုစိုက်ကြည့်နေတဲ့အဖေနဲ့အမေ။
သူလည်းမိဘတွေရဲ့ရင်ခွင်ထဲကိုပြေးဝင်လိုက်ပြီးလွှတ်ထွက်သွားမှာစိုးသည့်အလားတင်းကြပ်စွာဖက်တွယ်ထားမိသည်။

"ကျွန်တော်လွမ်းနေတာ Ommaနဲ့Appaကျွန်တော်တို့ကိုထားခဲ့ပြီးဘယ်တွေလျှောက်သွားနေတာလဲ"

သူ့မေးသံလေးအဆုံးမှာတော့အမေနဲ့အဖေကပြုံးပြပြီးခေါင်းကိုခပ်ဖွဖွလေးပုတ်လိုက်သည်။

"သားကြီးခုOmmaတို့ကဟိုးအဝေးကြီးကိုထွက်သွားတော့မှာ.....ဒါကြောင့်သားကြီးကပဲညီလေးတွေကိုစောင့်ရှောက်မယ်မဟုတ်လားဟင်"

Ommaရဲ့မေးသံအဆုံးမှာတော့သူရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။

"မသွားပါနဲ့..... ကျွန်တော်Ommaတို့မရှိဘဲမနေနိုင်ဘူး...ညီလေးတွေလည်းရှိသေးတယ်လေနော်....အိမ်ပြန်ရအောင်Ommaနဲ့Appaနော်"

သူပြောနေပေမယ့်လက်မခံတဲ့အဖေနဲ့အမေ.

"Appaတို့ကမဖြစ်မနေမို့သွားရတာပါသားကြီးရယ်....ပြီးတော့ပြန်မလာတော့ဘူး...အဲ့ဒါ​​ကြောင့်မို့သားကြီးကပဲညီလေးတွေကိုAppaတို့ကိုယ်စားစောင့်ရှောက်ပေးရတော့မှာ....လုပ်နိုင်ပါတယ်နော်ဖေ့သားကြီးက"

"အင်း"

ရှုိက်သံတစ်ဝက်နဲ့အတူတူပြန်ဖြေပေးလိုက်သည်။

"ဒါမှာဖေ့သားကြီးကွ...ညီလေးတွေကိုဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်စောင့်ရှောက်ပေးပါမယ်ဆိုတဲ့ကတိAppaကိုပေး"

"ဟုတ်...ပေးပါတယ်"

"ကတိနော်"ဟုဆိုကာလက်သန်းလေးထောင်ပြလာတဲ့Appa.....

သူလည်းပြန်လည်ကာလက်သန်းလေးကိုချိတ်တွယ်လိုက်တော့ပြုံးပြီးကြည့်လာတဲ့Appaနဲ့Omma။

"Appaတို့သွားပြီနော်"ဟုဆိုကာမြင်ကွင်းထဲကနေပျောက်သွားသောမိဘနှစ်ပါး...

"မဟုတ်ဘူး...မထားခဲ့ပါနဲ့....ကျွန်တော်ကြောက်တယ်...Appa...Omma"

"မထားခဲ့ပါနဲ့....မထားခဲ့ပါနဲ့"

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now