Episode. 8

1.9K 220 12
                                    

Unicode & Zawgyi

Unicode

ဆော့ဂျင်တစ်ယောက်ဘားမှာထိုင်နေတာကလေးဆီကပြန်လာတဲ့နေ့လည်ကတည်းကခုဆိုညတောင်ရောက်နေပြီ။

ထိုင်နေတဲ့တစ်လျှောက်လုံးရေရွတ်နေမိတာတစ်ခွန်းတည်းသာ........

"ဘာကြောင့်လဲ.........."

စိတ်ပေါက်ပေါက်နဲ့လက်ထဲကဝိုင်ခွက်ကိုပစ်ပေါက်လိုက်ပြီးစားပွဲပေါ်ကဝိုင်ပုလင်းတွေရောအလှပန်းအိုးတွေပါတွန်းချလိုက်သည်။အကျိုးဆက်ကျတော့အနီရောင်သွေးစက်များအဆီးအတားမရှိကျဆင်းလာခြင်းပင်။

မနာဘူးလားဆိုနာတာပေါ့........အသွေးနဲ့အသားနဲ့ဖွဲ့စည်းထားတဲ့လူသားတစ်ယောက်ပဲမနာဘဲရှိပါ့မလား.........ဒါပေမယ့်ကလေးငယ်ကိုဆုံးရှူံးရမယ်ဆိုတယ့်အတွေးတွေကပိုနာတယ်........။

သွေးတွေ......ဟုတ်တာပေါ့သွေးတွေ......သူ့ခန္ဓာကိုယ်ကကျဆင်းနေတဲ့သွေးတွေ.........ဒီသွေးတွေကိုမြင်ရမှာထက်......ကိုယ့်ကြောင့်ဆိုတဲ့ခေါင်းစဉ်အောက်ကနေကျဆင်းလာမယ့်ကလေးငယ်ရဲ့မျက်ရည်ကြည်လေးတွေကိုကြည့်ရမှာပိုကြောက်တယ်............။

ပူလောင်ရတယ်ကလေးငယ်.......မချစ်သင့်တဲ့သူကိုမှချစ်မိလေခြင်း...........မပက်သက်သင့်တဲ့သူကိုမှပက်သက်မိခြင်း.........ဘယ်သူ့ကိုအပြစ်တင်သင့်လဲကလေးငယ်.......ကိုယ့်ကိုကိုလား......ချစ်ခဲ့မိတဲ့နှလုံးသားတစ်စုံကိုလား.....ကိုယ်တော့ကြာရင်ရှုးတော့မယ်ထင်ပါတယ်.......

"Soobinလား.......မနက်ဖြန်မနက်ထွက်မယ့်​လေယာဉ်တွေထဲမှာအစောဆုံးကိုရှာပြီးငါ့အတွက်လက်မှတ်ဖြတ်ထားလိုက်.........LAကိုသွားမလို့"

ပြောပြီးတာနဲ့ဖုန်းကိုပစ်ချလိုက်သည်။ဒီလိုအချိန်မျိုးဆိုသူ့အနားမှာအမြဲတမ်းရှိနေခဲ့တာYoongiတစ်ယောက်တည်းသာ။

ဟုတ်တယ်........Yoongiသာဆိုသူ့ကိုအကြံပေးနိုင်မှာပဲ.......မဆက်သွယ်ပဲထွက်သွားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ကလေးငယ်........

လက်ဖြူဖြူလေးမှစီးကျနေတဲ့သွေးနီနီတွေကတော့တစ်စက်ချင်းဆီကြမ်းပြင်ပေါ်သို့ကျလျှက်ပေါ့။

~~~~~~~~~~~~~

"Min Yoongi.......ငါဒီမှာ"

ပြောလိုက်တော့မရီမပြုံးမျက်နှာနဲ့လှည့်ကြည့်လာတဲ့ချစ်လှစွာသောသူငယ်ချင်းလေး.......ဒီလိုပါပဲရေခဲတုံးကိုသူငယ်ချင်းတော်မိတော့။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now