Episode.3

2.5K 269 20
                                    

Unicode&Zawgyi

Unicode

"ဒီနေ့meetingရှိတယ်နော်huyng"

"အင်းသိတယ်Namjoon"

"အင်း...အဲ့ဒါဆိုညနေမှစုံမယ်"

"အေး"

ညီလေးရဲ့ဖုန်းကိုဖြေပြီးတော့ကြည့်လက်စစာရွက်စာတမ်းတွေနဲ့လုပ်လက်စအလုပ်တွေကိုပဲဆက်လုပ်နေမိတယ်....ဒီနေ့ညနေဆိုညီအစ်ကိုသုံးယောက်ဆုံကြဉီးမှာပဲ။တစ်ပတ်တစ်ခါလောက်ပဲညီအစ်ကိုသုံးယောက်ဆုံပြီးတော့လုပ်ငန်းတွေအကြောင်းတိုင်ပင်လေ့ရှိတယ်။

ဒါတောင်တစ်ပတ်တစ်ခါ။ညီအစ်ကိုသုံးယောက်တူတူနေရတယ်လို့ကိုမရှိ။မိသားစုပုံစုံနွေးနွေးထွေးထွေးလည်းမနေရ။ဒါတွေအကုန်လုံးသူတို့ကြောင့်မို့။

စောင့်နေလိုက်ပါ....လောကကြီးရဲ့တရားမျှတမှုဆိုတာကိုကျုပ်ကိုယ်တိုင်ဆက်ဆက်ပြမှာမို့....စောင့်နေလိုက်ပါ။

~~~~~~~~~

"ဉက္ကဌစုံစမ်းခိုင်းထားတဲ့ J&K Groupရဲ့ရှယ်ယာအတက်အကျနဲ့သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုတွေပါ။

ခုလောလောဆယ်သူတို့groupကနေပြီးတော့ Brandအသစ်မိတ်ဆက်မယ်လို့ကြားပါတယ်။

နောက်ပြီးစီးပွားရေးပညာရှင်တွေကတော့သူတို့ရဲ့နောက်ထွက်မယ့်brandအသစ်ကအောင်မြင်နိုင်ချေများတယ်လို့လည်းခန့်မှန်းနေကြပါတယ်"

"ကောင်းတယ်....ထားလိုက်ခုတော့သူတို့အောင်မြင်လက်စနဲ့ပိုပြီးအောင်မြင်ပါစေဉီး။လူဆိုတာအမြင့်ဆုံးကိုရောက်လေလေပိုပြီးလောဘတက်လေလေပဲ။

ဟိုးအမြင့်ဆုံးကိုရောက်မှရိုက်ချလိုက်ရင်။
ဘယ်လောက်တောင်ချိုမြိန်လိုက်မလဲ...တွေးကြည့်လိုက်စမ်း....အဟက်"

နှုတ်ခမ်းကိုမဲ့ကာဆိုလာတဲ့သူ့စကားတွေကသူ့ရဲ့သွေးအေးစွာရက်စက်တတ်တဲ့အကျင့်ရဲ့သက်​ေသ​တွေဆိုလည်းမမှား။

စီးပွားရေးလောကဆိုတာအမေဇုန်တောကြီးလိုပဲလေ။သူတို့တွေကတော့တောထဲကတိရစ္ဆာန်ပေါ့။

အမဲမလိုက်နိုင်တဲ့သားရဲကတော့အစာငတ်မှာပဲ။
သားရဲထက်ကျော်မပြေးနိုင်တဲ့တိရစ္ဆာန်ကလည်းသေမှာပဲ။ ဒါကိုကစီးပွားရေးလောကရဲ့နိယာမ။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now