Episode. 10

2.1K 185 7
                                    

Unicode & Zawgyi

Unicode

မြင့်မားလှတဲ့အဆောက်အအုံကြီးကိုမော့ကြည့်လိုက်ပြီးဆော့ဂျင်တစ်ယောက်လေပူတွေကိုမှုတ်ထုတ်လိုက်သည်။ပြီးတော့အဆောက်အအုံထဲဝင်လိုက်ကာဉက္ကဌရုံးခန်းအမည်ရတဲ့အခန်းတစ်ခုထဲဝင်သွားလိုက်သည်။

"Daddy......"

"ဆော့ဂျင်......သားလေးရောက်နေတာလား"

"ဟုတ်......Daddy"

"လာထိုင်"

ပြောပြီးရုံးခန်းထဲကcouchပေါ်ဝင်ထိုင်လိုက်တော့တယ်။ကျွန်တော့်ရှေ့မှာထိုင်နေတာကကျွန်တော့်ရဲ့မွေးစားအဖေ။

တစ်နည်းအားဖြင့်အဖေ့ရဲ့သူငယ်ချင်းဖြစ်သူ။မတရားခံခဲ့ရတဲ့သူငယ်ချင်းဖြစ်သူအတွက်လက်စားချေဖို့အစစအရာရာပံ့ပိုးပေးခဲ့သည်။ကျောင်းမပြီးသေးသောသူ့ကိုလည်းဒီမှာပဲကျောင်းဆက်ထားပေးခဲ့ကာအငယ်လေးနှစ်ယောက်ရဲ့ကျောင်းစရိတ်အားလုံးလည်းထောက်ပံ့ပေးခဲ့သည်။မရေမတွက်နိုင်တဲ့ကျေးဇူးတွေနဲ့သာ။

မွေးစားတယ်ဆိုပေမယ့်စာရွက်စာတမ်းနဲ့အသေအချာမွေးစားခဲ့တာတော့မဟုတ်ခဲ့။ဒါပေမယ့်သူ့ရဲ့ကျေးဇူးတွေကြောင့်ပဲဒီအခြေအနေထိရောက်လာရတာမဟုတ်လား။သူ့ကြောင့်သာမဟုတ်ရင်လက်စားချေဖို့နေနေသာသာကိုယ့်ဘဝကိုယ်ရုန်းကန်နေရတာနဲ့တင်အဆင်ပြေမှာမဟုတ်။

"ဘာကိစ္စရှိလို့ဒီကိုရောက်လာတာလဲ"

"ဒီတိုင်းစိတ်ပြေလက်ပျောက်ပါ"

"အခြေအနေကရော......"

"စုံစမ်းနေပါတယ်.......Daddy"

"အေးပါကွာ......ဆော့ဂျင်မင်းအဖေကိုပေးခဲ့တဲ့ကတိတွေ.......ထောင်ထဲမဝင်ခင်မြင်ခဲ့ရတဲ့မင်းအဖေရဲ့ပျက်ယွင်းနေတဲ့မျက်နှာ........နောက်ဆုံးအနေနဲ့တောင်းခဲ့တဲ့မင်းအမေရဲ့ကတိတွေမမေ့ပါနဲ့သား......"

"ဟုတ်......မမေ့ပါဘူးDaddy"

"မင်းကိုတားဆီးနေတာကမင်းချစ်သူဖြစ်နေတယ်ဆိုရင်တောင်မရပ်တန့်ပါဘူးဆိုတဲ့ကတိကိုလည်းDaddyကိုပေးစေချင်တယ်......"

"Da.....Daddyဘယ်လိုသိ"

ရှေ့ကိုကြည့်လိုက်တော့အကုန်သိတယ်ဆိုတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့Daddy။ဪ......သူမေ့သွားတာလေ.......Daddyကဘယ်သူမို့လို့လဲ။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now