Episode. 19

2.2K 191 30
                                    

Unicode & Zawgyi

Unicode

ယွန်းဂီတစ်ယောက်ဂျောင်ကုနဲ့တွေ့ပြီးပြန်အလာဆေးရုံခန်းထဲကိုဝင်လိုက်တော့တွေ့လိုက်ရတဲ့နောက်ကျောငယ်လေး။နောက်ကျောကိုကြည့်နေတာတောင်ဝမ်းနည်းမှုတွေကအထင်းသား။သူလည်းကျလုဆဲဆဲမျက်ရည်တွေကိုမျက်တောင်တွေရဲ့အကူအညီနဲ့ပုတ်ထုတ်ပစ်လိုက်သည်။

မင်းပျော်ရွှင်ဖို့ကိုပဲဆုတောင်းပေးနေပါ့မယ်သူငယ်ချင်းရယ်။

"ဂျင်ဘာရပ်လုပ်နေတာလည်း......အဲ့နားကလေမတိုက်ဘူးလား"

"မဟုတ်ပါဘူး......ဒါနဲ့မင်းဘယ်ကပြန်လာတာလည်း"

ဆေးရုံကုတင်ပေါ်ကိုတက်ထိုင်နေပြီဖြစ်တဲ့သူငယ်ချင်းရဲ့ရှေ့ကိုဝင်ထိုင်လိုက်သည်။

"တကယ်တော့ငါဂျောင်ကုနဲ့တွေ့ပြီးပြန်လာတာ"

ဂျောင်ကုနာမည်ကြားလိုက်တာနဲ့တင်မျက်လုံးတွေကချက်ချင်းအရောင်ပြောင်းသွားသည်။ချစ်ခြင်းတရားတွေနောက်ကကပ်ပါလာတဲ့ဝမ်းနည်းမှုတွေကြောင့်တောက်ပနေတဲ့မျက်ဝန်းတစ်စုံအဖြစ်ပေါ့။

"သူထွက်သွားတော့မယ်တဲ့......မင်းနှုတ်ဆက်ချင်သေးလား......ခုချိန်လိုက်ရင်မှီသေးတယ်"

"အင်း....."

ဆေးရုံဝတ်စုံကိုမြန်မြန်လဲလိုက်ပြီးယွန်းဂီနဲ့အတူကလေးငယ်ကိုနောက်ဆုံးတွေ့ဆုံဖို့အတွက်ထွက်လာခဲ့သည်။လေဆိပ်ကိုရောက်တော့ရင်းနှီးနေတဲ့လူသားကိုနှလုံးသားအကူအညီနဲ့ရှာတွေ့လိုက်သည်။မကြာခဏဆိုသလိုနောက်ကိုလှည့်ကြည့်နေတဲ့ကလေးငယ်။

ကိုယ့်ကိုမျှော်နေသေးတာလားကလေးငယ်ရယ်။တောင်းပန်ပါတယ်......ကလေးငယ်ကိုလိုက်ခေါ်ဖို့ရာသတ္တိမရှိခဲ့လို့။ကလေးငယ်ဒုက္ခတွေခံစားပြီးနေထိုင်ခဲ့ရလောက်အောင်ကိုကို့ရင်ခွင်ကလုံခြုံမှုမရှိခဲ့လို့တောင်းပန်ပါတယ်။ကိုကို့ရင်ခွင်ကစိတ်ချလက်ချနားခိုရလောက်ထိနွေးထွေးမှုမရှိဘူးကလေးငယ်။

အနာဂတ်ဆိုတာမရှိတော့တဲ့သူ့ဘဝထဲမှာချစ်ရတဲ့ကလေးငယ်ကိုအတိတ်တွေနဲ့ပိတ်လှောင်မထားနိုင်ပါ။ဒါကကလေးငယ်အပေါ်မှာထားတဲ့ကိုကို့ရဲ့အဖြူစင်ဆုံးအတ္တ။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now