Episode.5

2.1K 230 6
                                    

Unicod&Zawgyi

Unicode

"Hyungပြန်လာပြီလား"

ကြည့်လိုက်တော့မှsofaပေါ်မှာထိုင်နေတဲ့Taehyung။
Namjoonလည်းရောက်နေတာပဲ။

"အင်း.....ယောင်းငယ်လေး....joonieကရောဘယ်လိုရောက်လာတာလည်း"

ဒါသူတို့ရဲ့အိမ်နာမည်လေးတွေ။ဘယ်လောက်ပဲရင့်ကျက်နေတဲ့CEOတေွဖြစ်ပါစေသူ့မျက်လုံးထဲမှာတော့ကလေးလေးတွေသာ။
ငယ်စဉ်ကတည်းစောင့်ရှောက်လာရတော့သူကမိဘအရာရောအစ်ကိုအရာပါရောက်ခဲ့ရတော့ညီလေးနှစ်ယောက်ကိုကလေးလေးတွေလို့မြင်နေတာသူ့အပြစ်တော့မဟုတ်ပါ။

"အင်း......hyung....ယောင်းငယ်လေးကမနက်ဖြန်ပြန်တော့မလို့တဲ့"

"ယောင်းငယ်လေးပြန်တော့မှာလား"

"ဟုတ်.....hyung...ဟိုကကြက်ပေါက်လေးကပွစိပွစိလုပ်နေလို့လေ"

"အေး....ပြန်ပေါ့"

"ဒါနဲ့hyungရည်းစားရနေတာလား....ခုရက်ပိုင်းhyungထူးဆန်းနေလို့"

ရုတ်တရက်ထပြောလိုက်တဲ့Namjoonစကားအဆုံးသူ့မျက်နှာကြီးရဲတက်သွားသည်။

"မဟုတ်...မဟုတ်ပါဘူးjoonieရဲ့ဘာလို့လဲ"

"ခုရက်ပိုင်းhyungမျက်နှာလေးကြည်လာလို့....အရင်လိုမှုန်ကုပ်မနေဘဲပျော်ပျော်ရွင်ရွင်ဖြစ်လာလို့"

"မဟုတ်ပါဘူးjoonieရဲ့.......hyungတို့မှာလုပ်စရာတွေရှိနေသေးတာသိရဲ့သားနဲ့"

"သိပါတယ်......ဒါပေမယ့်hyungဒီကိစ္စအတွက်နဲ့တော့ချစ်တဲ့သူကိုမစွန့်လွှတ်ပါနဲ့.....hyungအသက်လည်းမငယ်တော့ဘူး.....ဒါကြောင့်ငါကအကိုအကြီးဆုံးတို့လုပ်စရာရှိသေးတယ်တို့ဘာတို့လျှောက်မတွေးနဲ့.......ဒီတိုင်းချစ်လို့ရတယ်....နှလုံးသားအတိုင်းပဲလိုက်လုပ်ပါhyung"

"Namjoon hyung စကားကိုကျွန်တော်လည်းထောက်ခံတယ်hyung......hyungကဟိုလျှောက်တွေးဒီလျှောက်တွေးနဲ့.......မလုပ်သင့်တာတွေလုပ်မှာစိုးလို့"

"စိတ်မပူပါနဲ့......ခုကလေးတွေကhyungကိုပြန်သင်ပေးနေတာလား"

"ဒါကတော့အကြီးလုပ်တဲ့သူကဒီလိုကိစ္စတွေဆိုအသုံးမှမကျတာ.....စီးပွားရေးမှာတော်တာရဲ့သုံးပုံတစ်ပုံသာအချစ်ရေးမှာတော်ကြည့်...ကျွန်တော်တို့တွေဒီလိုပြောနေစရာကိုမလိုဘူး"

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now