Episode. 15

1.9K 192 40
                                    

Unicode & Zawgyi

Unicode

"ကိုကိုညနေကျရင်တွေ့ရအောင်......သွားစရာရှိတယ်"

ဆော့ဂျင်တစ်ယောက်ဖုန်းထဲကိုဝင်လာတဲ့စာတိုလေးကိုဖတ်ပြီးပြုံးလိုက်မိသည်။ပျော်လို့လားဆိုတော့မဟုတ်ပါဘူး။နာကျင်လွန်းလို့...........။

ကိုကိုကတွေ့ချင်ပေမယ့်ကလေးငယ်ကတွေ့ချင်ပါဉီးမလား။သိပ်မကြာတော့အချိန်မှာကံကြမ္မာကကိုကိိုတို့နှစ်ယောက်ကိုခွဲတော့မှာ......။

ကလေးလေးကိုကို့ကိုတွေ့ချင်ပါဉီးမလား။

~~~~~~~~~~~~~~~~~~

ဂျောင်ကုတစ်ယောက်ကိုကို့ဆီကိုစာပို့ပြီးဖုန်းလေးကိုပြန်ပိတ်ပြီးအစည်းအဝေးခန်းမထဲမှာထိုင်စောင့်နေလိုက်သည်။

ဒီနေ့ကကုမ္ပဏီရဲ့အရေးကြီးအစည်းအဝေးဖြစ်တဲ့ရှယ်ယာရှင်အစည်းအဝေး။တစ်နည်းအားဖြင့်ပြောရရင်သူ့အဖေကိုဉက္ကဌနေရာကနေဖြုတ်ချမယ့်နေ့။မတုန်လှုပ်ဘူးလားဆိုတော့လုံးဝမတုန်လှုပ်ပါဘူး။သူကအဖေ့လိုမှမဟုတ်တာဒီလိုအရာတွေမရှိလဲနေနိုင်တာပဲ။

သာမန်လူတစ်ယောက်အနေနဲ့စိတ်လှုပ်ရှားပြီးတုန်လှုပ်နေရမှာဖြစ်ပေမယ့်သူကတော့ထူးထူးခြားခြားပျော်နေမိသည်။

ဒီနေ့.....လွန်ခဲ့တဲ့ခြောက်လဒီနေ့မှာပဲကိုကိုနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာလေ။တစ်နည်းဆိုရရင်ကိုကိုနဲ့ချစ်သူသက်တမ်းခြောက်လပြည့်တဲ့နေ့။

ဒီနေ့ကိုကိုကြိုက်တတ်တဲ့မုန့်လေးတွေဝယ်ကျွေးပြီးကိုကိုနဲ့လျှောက်လည်မယ်။ကိုကို့လက်ကိုတွဲပြီးသွားချင်တဲ့နေရာတွေအားလုံးကိုလျှောက်သွားမယ်။ကိုကိုတောင်မသိဘဲရိုက်ထားတဲ့ကိုကိုနဲ့ပတ်သတ်တဲ့အမှတ်တရလေးတွေကိုပေါင်းပြီးဖန်တီးထားတဲ့video clipလေးကိုပြမယ်။ပျော်စရာအရမ်းကောင်းမှာပဲကိုကိုရယ်။

ကံကြမ္မာကြီးကသူ့တို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းခြောက်လပြည့်အစီအစဉ်တွေကိုရက်ရက်စက်စက်နင်းခြေပစ်မှာကိုကောင်လေးသိခဲ့ရင်ခုလိုပဲပြုံးနေနိုင်ပါ့မလား။

~~~~~~~~~~~~~~~

ရှယ်ယာရှင်တွေအကုန်လုံးစုံနေပြီးနောက်တော့ဉက္ကဌနဲ့CEOထိရောက်လာခဲ့ပြီးပြီ။ခန်းမကြီးတစ်ခုလုံးလဲတစ်ယောက်တစ်ပေါက်ပြောသံတွေနဲ့ဆူညံလျှက်။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now