Episode.14

1.9K 174 116
                                    

Unicode & Zawgyi

Unicode

"ဒါကsilver moonကုမ္ပဏီကနေနောက်ထုတ်လုပ်မယ့်brandအသစ်အတွက်ကြော်ငြာပုံကြမ်းပါ။သူတို့ဘက်ကနေဉက္ကဌတို့ရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေတာမို့သေချာကြည့်ပြီးဆုံးဖြတ်ပေးစေချင်ပါတယ်။

တကယ်လို့မကြိုက်တာပဲဖြစ်ဖြစ်၊သဘောမကျတာဘဲ​ဖြစ်ဖြစ်ပြန်ပြင်လို့ရသေးပါတယ်"

"အင်း......ကျွန်တော်ကတော့မဆိုးဘူးလို့ထင်တာပဲ၊ကြော်ငြာပုံစံလေးကလည်းကောင်းတယ်၊ကျွန်တော်ကတော့သဘောကျတယ်.......hyungတို့ရော......."

"အင်း ......hyungလည်းသဘောကျပါတယ်.....jin hyungရော......hyung......jin hyung"

နမ်ဂျွန်းဘယ်လောက်ခေါ်ခေါ်လုံးဝမကြားသောကင်​ေဆာ့ဂျင်ရယ်ပါ။ကြော်ငြာပုံကြမ်းစာရွက်ကြီးကိုင်ပြီးအာရုံလုံးဝမရှိသောဉက္ကဌကင်......။

*ကလေးလေးနေမကောင်းတာပျောက်မှပျောက်ပါ့မလား.......အလုပ်သွားတုန်းကအကျီမှထူထူဝတ်သွားရဲ့လား......မနက်ကရေကိုရောအကြာကြီးချိုးသွားသေးလားမသိဘူး......မနက်စာရောစားသွားရဲ့လား.....ဆေးရောသောက်ရဲ့လား.........အရင်တစ်ခါကလိုမေ့လဲရင်ရော........*

ကင်ဆော့ဂျင်ခေါင်းထဲမှာအပြည့်ယူထားတာထိုအတွေးများသာ.....နေသိပ်မကောင်းချင်တဲ့ကလေးငယ်ကိုတစ်ယောက်တည်းပြန်လွှတ်လိုက်ရတာ......ဒီလောက်တော့စိတ်ပူရမှာပေါ့။

"Hyung....hyung......"

ပခုံးကိုကိုင်လှုပ်လိုက်တော့မှပြန်ကြည့်လာသောအစ်ကိုကြီး။

"အင်း.....နမ်ဂျွန်းဘာပြောလိုက်တာလဲ......."

"ကြော်ငြာပုံကြမ်းကဘယ်လိုနေလဲလို့.......hyungဆုံးဖြတ်ချက်ကိုစောင့်နေတာလေ"

"ဪ......အင်း......မဆိုးပါဘူး.......သဘောကျပါတယ်.....ဒီတိုင်းပဲဆက်လုပ်ခိုင်းလိုက်ပါ....."

"ဟုတ်.....ဉက္ကဌ"

"ဒါနဲ့Soobin....ငါစုံစမ်းခိုင်းထားတဲ့ကိစ္စရော...."

"ဟုတ်.....ဉက္ကဌ.....ဒီမှာပါ"

Soonbinပေးလိုက်တဲ့စာအိတ်အညိုရောင်လေးကိုဖွင့်လိုက်တော့ထွက်လာတဲ့ဓာတ်ပုံများ။လူကြီးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ရဲ့ဓာတ်ပုံတွေ။အတိအကျပြောရရင်ဉက္ကဌဂျွန်နဲ့သူ​့ရဲ့အငယ်အနှောင်းရဲ့ပုံတွေ။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now