Episode. 20 [Final]

4.8K 270 60
                                    

Unicode & Zawgyi

Unicode

ယွန်းဂီတစ်ယောက်တစ်လတစ်ခေါက်လာနေကြဖြစ်သောနေရာလေးဆီသို့နောက်တစ်ခေါက်ရောက်လာပြန်ပါသည်။ခြေချလိုက်ချင်းရရှိတဲ့သင်းပျံ့တဲ့သစ်တောရနံ့လေးကိုတစ်ဝရှူရှိုက်လိုက်ပြီးလေးကန်စွာနဲ့ခြေလှမ်းလိုက်သည်။

ထို့နောက်ကပ်လျှက်တည်ရှိနေသောကျောက်တိုင်လေးနှစ်ခုရှေ့မှာယူဆောင်လာတဲ့Tiger lilly ပန်းလေးနှစ်ပွင့်ကိုချထားလိုက်သည်။

"ငါလာတယ်ဆော့ဂျင်......ပြီးတော့ဂျောင်ကုရောပဲhyungရောက်လာတယ်.......ထယ်ယောင်းတို့တောင်ကလေးရနေပြီသိလား.......ဒီမှာကြည့်ပါဉီးမင်းတို့ရဲ့တူလေးကို"

ဖုန်းထဲမှာရိုက်ယူထားတဲ့ဓာတ်ပုံလေးထဲကကလေးငယ်လေးကတော့ဘာမှမသိစွာရယ်မောလျှက်။

"ဆော့ဂျင်မင်းသိလား.......မင်းတူလေးကိုမင်းတွေ့ရင်အရမ်းချစ်မှာ......သူ့မှာလေမင်းအရမ်းချစ်တဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေရှိတယ်......ဂျောင်ကုလိုပေါ့"

ပြောရင်းနဲ့မျက်လုံးကဆော့ဂျင်ရဲ့ဘေးကပ်လျှက်ကကျောက်တိုင်လေးဆီကိုရောက်သွားပြန်သည်။

"ဂျောင်ကုရောပျော်နေမှာပေါ့.......မင်းအရမ်းချစ်ရတဲ့မင်းကိုကိုနောက်ကိုလိုက်သွားရတော့"

ယွန်းဂီတစ်ယောက်ထိုနေ့ကဂျောင်ကုရဲ့သွေးပျက်စွာအော်ဟစ်ငိုကြွေးနေတဲ့ပုံကိုမျက်လုံးထဲကနေထုတ်လို့မရနိုင်သေးပါ။အရမ်းချစ်ခဲ့ကြတော့လည်း......

"မင်းတို့နှစ်ယောက်အစားငါဆုတောင်းပေးနေပါတယ်ကွာ......နောက်ဘဝတော့မင်းတို့ပျော်ရွှင်စွာပေါင်းဖက်နိုင်မှာပါ"

သူလည်းကျလုဆဲဆဲမျက်ရည်တို့ကိုထိန်းကာ......

"ငါပြန်တော့မယ်နော်........နောက်လကျမှနောက်တစ်ခေါက်ထပ်လာခဲ့မယ်....."

သူလည်းထွက်လာခဲ့လိုက်ပြီးတော်တော်လှမ်းလှမ်းရောက်မှနောက်ကိုပြန်လှည့်ကြည့်မိသည်။ကပ်လျှက်တည်ရှိနေတဲ့ကျောက်တိုင်လေးနှစ်ခုကတော့သူ့ကိုနှုတ်ဆက်နေသည့်အလား။

"မင်းတို့လိုအရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေနောက်ဘဝမှာကျိန်းသေပေါက်ပေါင်းဖက်နိုင်မှာပါ.....ငါယုံကြည်တယ်ဆော့ဂျင်"

🎉 You've finished reading The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed] 🎉
The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now