Episode. 17

1.8K 180 24
                                    

Unicode & Zawgyi

Unicode

တစ်ပတ်.......ကိုကိုကုတင်ပေါ်မှာလှဲနေတာတစ်ပတ်တင်းတင်းပြည့်ခဲ့ပြီ။ခုနှစ်ရက်အတွင်းကိုကို့မျက်နှာလေးလည်းချောင်ကျသွားလိုက်တာ။သူလည်းပဲကိုကို့အနားမှာနေနေတာခုနှစ်ရက်ပြည့်ခဲ့ပြီ။ထပါတော့ကိုကိုရယ်.......။

"ကိုကိုသိလား......ချယ်ရီတွေတောင်ပွင့်နေကြပြီ.......တစ်ချို့နေရာတွေဆိုနှင်းတောင်ကျနေပြီတဲ့....ကျွန်တော်ကကိုကိုနဲ့အတူတူပထမဆုံးနှင်းကိုကြည့်ချင်တာ......ကိုကိုကခုထိမထသေးဘူး....."

ကိုကိုရဲ့ရှည်လျားနေတဲ့လက်သည်းခွံနုနုလေးတွေကိုညှပ်ပေးရင်းနဲ့ပြောမိသည်။

"ပြီးတော့ကိုကိုကြိုက်တဲ့စာရေးဆရာရဲ့စာအုပ်အသစ်ဒီနေ့ထွက်တယ်သိလား......book cafeကကောင်လေးကတောင်ကိုကို့ကိုမေးနေပြီ......ကိုကိုအိပ်နေတာကြာပြီသိလား......ပြီးပြီ"

နောက်ဆုံးကျန်တဲ့လက်ချောင်းလေးကိုညှပ်ပေးရင်းဂျောင်ကုတစ်ယောက်စကားတွေပြောနေမိသည်။စကားပြန်မယ့်သူမရှိပေမယ့်လို့ပေါ့။ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်မိလိုက်တော့ဆောင်းဝင်ခါစမို့ထင်။သစ်ပင်တွေပေါ်မှာအရွက်တွေမရှိသလောက်နည်းပါးသွားပြီ။လေတစ်ချက်ဝေ့လိုက်တိုင်းသစ်ရွက်လေးတွေပါသွားပုံမှာစိတ်အစုံကိုနူးညံ့စေသည်။

ဂျောင်ကုအပြင်လောကကြီးကိုငေးနေရင်းနဲ့ပင်မျက်ရည်တွေကျလာရပြန်သည်။ကျဆင်းနေတဲ့မျက်ရည်ကြည်တွေကိုမြန်မြန်သုတ်ပြီးကိုကို့ဘက်ကိုလှည့်ကာပြုံးပြလိုက်သည်။ကိုကိုကသူငိုတာမကြိုက်ဘူးမို့လား။

ထိုအချိန်တံခါးဖွင့်ပြီးဝင်လာသောသူတစ်ယောက်။

"Yoongi hyung......"

"ဂျောင်ကု......မင်းတစ်ခုခုသွားစားပါဉီးလား.......မင်းကြည့်ရတာတစ်ပတ်အတွင်းတော်တော်ချောင်ကျသွားတယ်.......တော်နေကြာဟိုကောင်နိုးလာမှသူ့ကလေးကိုဂရုမစိုက်ရကောင်းလားဆိုပြီးငါ့လာရမ်းနေလိမ့်မယ်......"

Yoongi hyungရဲ့စကားကြောင့်စိတ်ညစ်နေတဲ့ကြားမှဖွဖွလေးပြုံးမိပြန်သည်။ကိုကို့သတင်းကြားကြားပြီးချင်းအပြေးရောက်လာတဲ့Yoongi hyungကသူ့ကိုလည်းဂရုစိုက်ရှာပါသည်။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now