Episode. 9

2K 205 11
                                    

Unicode & Zawgyi

Unicode

ဂျောင်ကုတစ်ယောက်လေဆိပ်အတွင်းခြေချလိုက်တယ်ဆိုရင်ပဲLAရဲ့ရာသီဉတုလေးကိုခံစားမိသည်။ကိုရီးယားနဲ့မတူဘဲဒီမှာကနွေးနွေးထွေးထွေးနဲ့နေရောင်ခြည်လေးလည်းရသည်။ဒါကြောင့်လည်းဟိုလူကြီးက............

အား.......ပြောရင်းဆိုရင်းဒေါသတွေကထွက်လာပြန်ပြီ။တွေ့မယ်...ဂျွန်ဂျောင်ကုအကြောင်းကောင်းကောင်းပြရသေးတာပေါ့။

ဘောင်းဘီအိတ်ထောင်ထဲကနေဖုန်းကိုထုတ်လိုက်ကာနာမည်တစ်ခုကိုခေါ်လိုက်မိသည်။

"ဟယ်လို.......ယုန်ပေါက်လေးပြော"

အမှန်တိုင်းပြောရမယ်ဆိုရင်သူ့ရဲ့ယုန်ပေါက်လေးလို့ခေါ်သံနဲ့တင်လူကပျော့ချင်နေပြီ။မဖြစ်ဘူး...ဂျောင်ကုထိန်းထားစမ်း.......ဒီနေ့တော့ဒီလူကြီးကိုကောင်းကောင်းပညာပေးရမယ်။

"သူငယ်ချင်းနဲ့ပျော်နေတာကိုအနှောက်အယှက်ပေးမိရင်တောင်းပန်ပါတယ်.......စိတ်မရှိရင်ကျွန်တော့်ကိုလေဆိပ်ကိုလာခေါ်ပေးနိုင်မလား"

"ဘယ်လို........လေဆိပ်.........ကလေးငယ်ခုLAကိုရောက်နေတာလား"

"ဟုတ်ကဲ့........ခုလာခေါ်မယ်လို့မျှော်လင့်ပါတယ်"

သူ့ဘက်ကတောင်ဘာမှမပြောရသေး။စိတ်လိုလက်ရဖုန်းကိုချလိုက်တဲ့ကလေးငယ်ကြောင့်လူကဘာလုပ်ရမယ်မသိတော့။တန်းမှာချိတ်ထားတဲ့ကုတ်အကျီကိုဆွဲဝတ်လိုက်ပြီးစိတ်ဆိုးနေတဲ့ယုန်လေးတစ်ကောင်ကိုသွားခေါ်ဖို့ပြင်လိုက်တယ်။တော်နေကြာနောက်ကျနေလို့ဆိုပြီးထပ်စိတ်ကောက်နေပြန်ဉီးမယ်။

"ဘယ်သွားမလို့လဲ......."

"ဪ......ယွန်းဂီ......ငါလေဆိပ်သွားမလို့"

"လေဆိပ်ကိုမင်းကဘာလုပ်ဖို့........ပြန်တော့မလို့လား"

"မဟုတ်ပါဘူး........ယုန်ပေါက်လေးရောက်လာလို့အဲ့တာသွားကြိုပေးမလို့"

"အေးအေး......ကောင်းကောင်းသွား.........ပြီးတော့အိမ်ကိုခေါ်လာမှာလား"

"အင်း.....မသိသေးဘူး......ငါသွားလိုက်ဉီးမယ်"

ပြောရင်းနဲ့လူကတော့လေဆိပ်မှာစောင့်နေမယ့်ချစ်ရသူလေးဆီ.......

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now