Episode.16

1.8K 184 47
                                    

Unicode & Zawgyi

Unicode

ကိုကိုမရှိတော့ရင်ကျွန်တော့်ဘဝပျက်မသွားပေမယ့်ကျွန်တော့်ဘဝဆက်လက်ရှင်သန်နေနိုင်ဖို့ကိုကိုရှိဖို့လိုအပ်တယ်။

လူတွေပြောနေတဲ့ကမ္ဘာပျက်တယ်ဆိုတာဒါမျိုးလားဟင်။ကျွန်တော့်ကိုရှင်းပြလှည့်ပါကိုကို။

~~~မပြောဖြစ်ခဲ့သောအမှန်တရားများ~~~

လူကခွဲစိတ်ခန်းရှေ့မှာထိုင်နေပေမယ့်စိတ်အစုံကတော့အထဲမှာသေမင်းနဲ့စစ်ခင်းနေမယ့်ချစ်ရတဲ့ကိုကိုဆီကိုသာ။ကျေးဇူးပြုပြီးကျွန်တော့်ဘေးနားပြန်လာခဲ့ပါကိုကို။

ကမ္ဘာပျက်မတတ်ငိုကြွေးခဲ့ခြင်းရဲ့သက်သေတွေဖြစ်တဲ့ပါးပေါ်ကမျက်ရည်စီးကြောင်းများ။မျက်ရည်တွေကတော့ဘယ်နာရီထိုးလို့ဘယ်နှမိနစ်ရှိပြီကိုဂရုမစိုက်စွာဆက်လက်စီးဆင်းလျှက်။

ပါးပေါ်ကမျက်ရည်စီးကြောင်းနဲ့အပြိုင်စီးဆင်းနေတာကလက်ဖြူဖြူပေါ်ကသွေးနီနီစီး​ကြောင်း။လက်အတွင်းပိုင်းထိနစ်ဝင်နေတာကကိုကိုရဲ့လက်ဆောင်လည်ဆွဲပေါ်ကမြေခွေးပုံဆွဲသီးလေး။ဒီလောက်လေးကိုနာတယ်ပြောရင်ခွဲစိတ်ခန်းထဲကကိုကိုကရယ်မှာပေါ့။

"Hyung......hyung......."

အော်သံနဲ့အတူပြေးဝင်လာတဲ့ကိုကိုညီကင်ထယ်ယောင်း။နောက်မှလိုက်လာတာကကင်နမ်ဂျွန်းနဲ့အတွင်းရေးမှူးချွဲဆိုဘင်း။

"Hyungရော........"

သူတို့တွေရဲ့မျက်နှာတွေကိုကြည့်လိုက်တော့ပြိုလုဆဲဆဲတိမ်ဆိုင်တွေ​လို။ဟုတ်မှာပေါ့လေ.........သူတို့ကကိုယ့်ထက်ပိုပြီးတော့ကိုကို့အနားမှာရှိနေခဲ့သူတွေ။

"ခွဲခန်းထဲဝင်သွားတာတော်တော်ကြာနေပါပြီ..........ပြီးတော့စိုးရိမ်ရတယ်တဲ့.........ပြီးတော့........"

ပြောလက်စကိုရပ်ကာသူတို့ရှေ့ဒူးထောက်လိုက်တော့တစ်အံ့တစ်သြလာကြည့်တဲ့သုံးယောက်။ရှိပါစေတော့.........မာနတွေဆိုတာလည်းကိုကို့ရဲ့အပြုံးတစ်ချက်မှာပြာကျခဲ့ရပေါ့။

"CEO Jeonဘာလုပ်တာလည်း.........ထပါ"

"တောင်း.......တောင်းပန်ပါတယ်........တကယ်တော့ကိုကိုကကျွန်တော့်ကြောင့်........."

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now