Episode.12

2K 188 32
                                    

Unicode & Zawgyi

Unicode

အဖြူရောင်ခန်းဆီးလိုက်ကာလေးကိုဖြတ်ကာဖြာကျနေတဲ့နံနက်ခင်းနေရောင်ခြည်နွေးနွေးလေး။နေရောင်ခြည်လေးအဆုံးသတ်ရာနေရာကတော့ဂျွန်ဂျောင်ကုဆိုတဲ့လူသားရဲ့ပါးပြင်လေးပေါ်မှာ။

ဂျောင်ကုတစ်ယောက်နေရောင်ထိုးနေတာကြောင့်ဆက်မအိပ်တော့ဘဲထထိုင်ဖို့ကြိုးစားလိုက်မိသည်။ထထိုင်ပြီးမရှေးမနှောင်းခံစားလိုက်ရတာကသေမတတ်ထိုးကိုက်နေတဲ့ဉီးခေါင်းတစ်နေရာ။ဒါကြောင့်သူလည်းနထင်ဘေးကိုခပ်ဖွဖွနှိပ်ရင်းပတ်ဝန်းကျင်ကိုအကဲခတ်လိုက်မိတော့.......

"ဘာ......ငါဘာလို့ကိုကို့အိမ်ကိုရောက်နေတာလဲ.....နေပါဉီးငါညက......"

ထိုအချိန်မှစ၍သူ့ရဲ့မှတ်ဉာဏ်တို့ကိုပြန်လည်တူးဆွမိတော့သည်။သူသတိရတာကကျောင်းတုန်းကစီနီယာတွေ......ဟုတ်တယ်ကျောင်းတုန်းကစီနီယာတွေနဲ့တွေ့ဆုံပွဲရှိတာမို့သူတို့ဆိုင်ထိုင်ခဲ့ကြတာ.......နောက်တော့သူတို့တွေအားလုံးပြန်သွားပြီးတစ်ယောက်တည်းကျန်ခဲ့တာ.......ပြီးတော့.......သူတစ်ယောက်တည်းထိုင်သောက်နေခဲ့မိတာ......နောက်ဆုံးမူးသွားပြီး..........

"သေတော့ဂျွန်ဂျောင်ကုရေ......မင်းသေတော့......မင်းတော့ကိုကို့ကြောင့်သေတော့မှာပဲ...."

တွေးရင်းနဲ့ပင်စိတ်တွေရှုပ်လာရသည်။ကိုကိုကသူအရက်သောက်တာကိုမကြိုက်ပါ။အရင်တစ်ခါLAမှာတောင်ကိုကို့သူငယ်ချင်းနဲ့နှုတ်ဆက်တဲ့ညကသူတို့နှစ်ယောက်သောက်တာကိုတောင်ဘေးနားနေပဲထိုင်ကြည့်စေခဲ့တာ။ပြောသေးတယ်........"ကလေးငယ်အရက်သောက်ရင်ကိုကိုတကယ်စိတ်ဆိုးမိလိမ့်မယ်"တဲ့.......သေပြီဂျွန်ဂျောင်ကုရေ......သေပြီမင်းတော့.......

တကယ်တော့ကိုကိုကအနေအေးပြီးသူ့ကိုချစ်သလောက်ဘယ်လောက်တောင်ကြောက်စရာကောင်းတယ်ဆိုတာလဲသူအသိဆုံးပါ။

အရင်တစ်ခါကလည်းကျောင်းကဂျူနီယာလေးနဲ့လမ်းမှာတွေ့လို့စကားပြောပြီးသူ့ကိုအိမ်လိုက်ပို့ပေးခဲ့ဖူးသည်။အကျိုးရလဒ်ကတော့တစ်ပတ်တိတိအဆက်အသွယ်ဖြတ်ခံရတော့တာပဲ။

တစ်ပတ်ပါ.....တကယ်ကိုတစ်ပတ်တိတိ.....သူ့ကိုဖုန်းလည်းမဆက်......သူဖုန်းဆက်တော့လည်းမကိုင်......အိမ်လိုက်သွားတော့လည်းမရှိ.......Yoongi hyungဆီဖုန်းဆက်တော့လည်းမလာဘူးတဲ့......တကယ်ကိုတစ်ပတ်တိတိအဆက်အသွယ်ဖြတ်ပြီးသွေးအေးစွာနေနိုင်ခဲ့တဲ့လူကြီးပါ။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now