Episode. 7

2.1K 210 17
                                    

Unicode & Zawgyi

Unicode

You are cause of my euphoria~Yeah

မနက်စောစောဖုန်းသံကြားတာနဲ့မဖွင့်ရသေးတဲ့မျက်လုံးအစုံနဲ့အတူအိပ်ယာဘေးကစားပွဲလေးပေါ်လျှောက်စမ်းနေမိသည်။

ဘယ်လိုလူပါလိမ့်။လူအိပ်ချိန်ကိုဖုန်းဆက်ရတယ်လို့။

"Hello...ဂျွန်ဂျောင်ကုပြောနေပါတယ်....စိတ်မရှိရင်ဖုန်းလေးချပေးဖို့မျှော်လင့်ပါတယ်။ကျွန်တော်အိပ်ယာမနိုးသေးလို့ပါ"

ဆော့ဂျင်တစ်ဖက်ကဖုန်းဖြေသံလေးကြောင့်ရီလိုက်မိသည်။ဘာတဲ့....စိတ်မရှိရင်ဖုန်းချပေးဖို့မျှော်လင့်ပါတယ်တဲ့...သူအိပ်ယာမနိုးသေးလို့ပါတဲ့။

ဒီကလေးဘာလို့ဖုန်းကိုတောင်ချစ်စရာကောင်းအောင်ဖြေတတ်ရတာလည်း

"Hello......CEOပေါက်စလေးရဲ့ဒါလူအိပ်ချိန်မဟုတ်တော့ဘူး.....ထတော့.....အလုပ်သွားရဉီးမှာမို့လား"

"ဟုတ်.....အစ်ကို...ကျွန်တော်ကယုန်လေလူမဟုတ်ဘူး......အဲ့ဒါကြောင့်ခုချိန်ထဖို့မလိုဘူးလို့ထင်ပါတယ်.......ကျွန်တော်အိပ်ပါရစေအစ်ကိုရယ်"

အယ်....ခု့ကျတော့လည်းသူ့ကိုယ်သူယုန်တဲ့လား။ဒီကလေးလေးနဲ့တော့ခက်ပြီ။ခုချိန်အနားမှာသာရှိလို့ကတော့ဒီကလေးမလွယ်။

"မရဘူး...ထတော့....ယုန်ပေါက်လေး....ကလေးငယ်....ဂျောင်ကုရေ"

ဘယ်လိုပင်မျိုးစုံခေါ်ခေါ်ပြန်ထူးမလာတဲ့အသံလေးကြောင့်ဒီကလေးပြန်အိပ်ပျော်နေပြီဆိုတာသိလိုက်ရတယ်။ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာလည်းကလေးငယ်ရယ်။

"ဂျွန်ဂျောင်ကု......"

"ထပြီအစ်ကိုရေ.....ထပြီ......တကယ်ပါပဲ.....အဖိုးကြီးကျနေတာပဲ ပွစိပွစိနဲ့.....မနက်အစောကြီးလာနှိုးနေတယ်...."

"ပြီးတာပဲ....အဲ့ဒါဆိုလည်း....သွားရေမိုးချိုး.....မနက်စာစားတော့.....အလုပ်သွားရမှာမဟုတ်လား......နေ့လည်စာစားချိန်ကျရင်ဖုန်းဆက်လိုက်မယ်နော်....."

"ဟုတ်.....အစ်ကို"

ပြောရင်းနဲ့ဖုန်းချသွားတဲ့ကောင်လေးကြောင့်သူပြုံးလိုက်မိသည်။ဒါကသူ့ရဲ့နေ့စဉ်အလုပ်ထဲကတစ်ခု။မနက်ဆိုချစ်ရသူလေးကိုဖုန်းဆက်လှမ်းနှိုးရတာကိုကကြည်နူးစရာအတိ။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now