Episode. 13

2K 179 31
                                    

Unicode & Zawgyi

Unicode

"မနေ့ကထည့်ထားတဲ့ဘောပင်ဘယ်ရောက်သွားပါလိမ့်"

ဉက္ကဌ Jeonတစ်ယောက်အံဆွဲကိုဖွင့်လိုက်တော့တွေ့လိုက်ရတာကဘောပင်လေးအစားအဖြူအမဲနဲ့ရိုက်ထားတဲ့ဓာတ်ပုံ​ဟောင်းလေးတစ်ပုံ။ဓာတ်ပုံလေးကိုထုတ်ယူလိုက်ပြီးပုံထဲကကောင်လေးနှစ်ယောက်ကိုငေးကြည့်လိုက်သည်။

"ကြာခဲ့ပြီပဲကင်ထယ်ဂျင်း......"

ဓာတ်ပုံထဲကကောင်လေးကတော့သူ့ကိုပြုံးပြလျှက်။ခိုင်မြဲခဲ့တာပေါ့သူငယ်ချင်းနှစ်ယောက်ရဲ့သံယောဇဉ်တွေ.......ခိုင်မြဲခဲ့ပါတယ်။

ငွေ........ငွေကြောင့်သာမဟုတ်ခဲ့ရင်မင်းနဲ့ငါလည်းခုချိန်လောက်ဆိုပျော်ပျော်ပါးပါးသားသမီးတွေအကြောင်းမြေးတွေအကြောင်းပြောပြီးပျော်ရွှင်နေရလောက်တယ်။

ဒါပေမယ့်သူငယ်ချင်းရယ်......ငွေကွ.....ငွေ။
ငါတို့ရဲ့ခိုင်မြဲလွန်းလှပါတယ်ဆိုတဲ့သံယောဇဉ်သံကြိုးကြီးကိုအချိန်တိုလေးအတွင်းမှာအပိုင်းပိုင်းဖျက်တောက်ပစ်လိုက်တာအဲ့ဒီငွေ.......။

တောင်းပန်ပါတယ်လို့တော့မပြောတော့ပါဘူး။ငါကတောင်းပန်ဖို့ကိုမထိုက်တန်လို့ပါ။လောကဓံကိုငါကြံ့ကြံ့ခံနိုင်စွမ်းမရှိခဲ့ဘူး။

တောင်းပန်ပါတယ်.........ပြောပါရစေ.........ဒီနေ့ရဲ့တာဝန်ကျေဖို့..........။

ဓာတ်ပုံထဲမှာပြုံးပြနေတဲ့လူငယ်လေးနှစ်ယောက်။ခုချိန်မှာတော့ကိုယိကတော့ကလေးတစ်ယောက်အဖေ။သူ.........သူကတော့ကလေးသုံးယောက်အဖေ.......လောကကြီးထဲမှာရှိနေသေးရင်ပေါ့။

သူသေရတာကိုယ်သတ်လိုက်တာမဟုတ်ပေမယ့်........တစ်ဖက်လှည့်နဲ့သေစေခဲ့တာ.....။

ထိုအချိန်မှာအတွေးကိုအုပ်စိုးသွားတာကအတိတ်ရဲ့လွဲမှားပြီးခဲ့သောခြေရာကောက်ကြောင်းအချို့......မဟုတ်ဘူး......အကုန်လုံးဖြစ်မယ်ထင်တယ်။

~~~~~~~~~~~~~~~

"သူငယ်ချင်းဒီမှာကြည့်ကြည့်.......ငါစမ်းသပ်ထားတဲ့နမူနာထုတ်ကုန်......."

သူငယ်ချင်းလေးရဲ့ရယ်သံလွင်လွင်လေးတွေကစမ်းသပ်ခန်းထဲမှာပျံ့လွင့်လျှက်။

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Where stories live. Discover now