ထမင်းစားဝိုင်းမှာ လူစုံနေသော်လည်း အငယ်ဆုံးလေးက ရောက်မလာခဲ့ပေ။ အပေါ်ထ ပ် တက်ကြည့်ရန်ပြင်မှ ဆင်းလာသော ညီလင်းပိုင်ကို တွေ့ရလေသည်။ ဒေါ်သော်တာလင်းမှာ သားဖြစ်သူကိုကြည့်ပြီး ထူးဆန်းရသည်။ လန်းဆန်း တက်ကြွနေသလို ခါတိုင်းထက်ပို၍ ပျော်ရွှင်နေသော မိမိသားမဟုတ်လား။မုန့်ဟင်းခါးကို မစားတာကြောင့် မုန့်ဖက်ကိုသာ ဆီနီနီဖြင့် သုတ်ကျွေးရသည်။ လက်အိတ်ကို ချွတ်ရင်း။
"ဟဲ့..သားလေး မန္တလေးစာတွေ ကြိုက်နေတာလား ...ဆီနီတွေနဲ့ ကြိုက်တာကလည်း.."ပါးစပ်ထဲ နှစ်လုတ်ကို ပါးအပြည့်ထည့်ကာ။
"ကြိုက်တာပေါ့ မေမေရ။ သားတို့ အဆောင်နား မနက် ဖွင့်တဲ့ ဆိုင်ဆို၊ ၆:၀၀ဆို အကုန်မို့ သားမှာ အစောထ ဝယ်ရတာအမော။တကယ်ကောင်းတာ"စားပွဲဝိုင်းတွင် အသက် တစ်ခြမ်းပဲပါလေသည်။အကြီးဆုံး ညီလင်းညိုက ဖုန်းကိုသာ အာရုံပြုနေသည်။ ညီလင်းပိုင်အဖေ ဦးနေလင်းကတော့ မနက်ခင်း သတင်းစာကိုသာ အဖော်ပြုနေသည်။ မိသားစုမှာ စည်းလုံးသော်လည်း မနွေးထွေးပါ။ ထိုအရာတွေအတွက် ညီလင်းပိုင်မှာ ထူးခြားတဲ့ ခွန်အား တစ်ခုရှိလေသည်။
ဥပေက္ခာကို မသိချင်ယောင် ဆောင်တတ်လာလေပြီ။ စကားပြောရာမှာရော၊ အနေအထိုင်ပါ အေးချမ်းလာရသော ညီလင်းပိုင်ပင်။ အငိုသန်လှသော ကလေးငယ်မှာ ရင့်ကျတ်သော လူငယ်လေးအသွင် ဆောင်နေလေသည်။ မေတ္တာတရားဟာ ဆန်းကြယ်သလား၊ အချစ်နဲ့ မေတ္တာ အချိုးကျတဲ့အခါ လူတစ်ဦး၏ဘဝ တကယ်ပဲ ပြောင်းလဲနိုင်ပါသလား။ ထိုတစ်စုံတရာကို ပေးအပ်သူအား သိပ်ကို ကျေးဇူးတင်မိနေသော ညီလင်းပိုင်ပင် ဖြစ်သည်။ မိမိကို ချစ်တာ မချစ်တာကို ဂရုမစိုက်တော့ဘဲ၊ အဖြေမရှာသော နေ့ရက်ကို၊ မိမိကိုချစ်သော တစ်စုံတစ်ယောက်အား တွေးကာ၊ လွမ်းရင်းဖြင့် ဖြတ်သန်း နေသောညီလင်းပိုင်ပင် ဖြစ်သည်။
------------------------
ပြဿနာတစ်ချို့ ရှိလာသော ချစ်သူဇာတ်လမ်းအကြောင်း တိုင်ပင်ရန်။ မြတ်သူအောင်နှင့်
ကျောင်းဆင်းချိန် တွေ့ရန် ရှိုင်းနှင့်ချိန်းထားကြလေသည်။ မြတ်သူအောင်က ကျောင်းမတူသော်လည်း ငယ်ငယ်ကတည်းက ခင်တာကြောင့် ယခုထိပေါင်းမိနေခြင်းဖြစ်သည်။Gayဟု ငယ်ငယ်က အားရပါးရ ခံယူကာ အိမ်ကဆင်းလာ၍ ဝါသနာပါရာ ph serviceပိုင်းကိုင်သူ တစ်ယောက် အဖြစ်လုပ်နေလေပြီ။ ကြိုးစားအားထုတ်မှု့ကြောင့် ကိုယ်ပိုင်ကုမ္ပဏီ အသေးလေးပင် ဖွင့်နိုင်လေပြီ။

YOU ARE READING
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...