ရန်ကုန်ရောက်သော ၃ရက်အတွင်း ရှိုင်းခန့်မောင်နှင့် ညီလင်းပိုင် တွေ့ဖို့အချိန်နည်းလှသည်။ Modelတစ်ယောက် ဖြစ်လာတာနှင့်အမျှ နာမည်က သေးသွားတာ မဟုတ်တာကြောင့် လူများသောနေရာမျိုးဆို ရှောင်ရသည်။တွေ့ချင်ရင် တစ်နေရာတွင် ရှေ့ဆင့်နောက်ဆင့် ချိန်းရင်း ခိုးတွေ့ရသည်။နာမည်ကြီးနှင့် ကြိုက်ခဲ့မိတော့လည်း ပြေးပြေးလွှားလွှားပင်။
ဂျာနယ်တစ်ခုမှာ ညီလင်းပိုင် စုတ်ဖြဲလိုက်တာကြောင့် အပိုင်းပိုင်းဖြစ်နေသည်။မိတ်ကပ်ပြင်တဲ့ နားနေခန်းမှာ သူနဲ့နိုနို နှစ်ယောက်သာရှိသည်။နိုနိုက ရှိုင်း၏မိတ်ကပ် ပြင်ဆရာမဖြစ်သည်။တရားဝင် ladyboyအဖြစ် ခံယူထားသော နိုနိုသည် ရှိုင်း၏ stylistဆိုလည်း ဟုတ်သည်။ရှိုင်းမိတ်ဆက် ပေးကတည်းက ညီလင်းပိုင်အပေါ် နွေးနွေးထွေးထွေး ရှိလှသည်။ညီလင်းပိုင်နှင့် ရှိုင်းအကြောင်း သိထားတာကြောင့် လင်မရှိ အပျိုကြီးက သားနှစ်ယောက်မွေးထားတယ်ဟု ခပ်ဟဟရယ်ကာ ပြောတတ်သေးသည်။
အမှိုက်ဖွနေသော ညီလင်းပိုင်ကိုကြည့်ကာ ဝတ်စုံတစ်စုံ ကိုတန်းမှ ဆွဲဖြုတ်လိုက်သော နိုနိုပင်။
"ဟဲ့ ပိုင်လေးရေ ဘာဖြစ် ရပြန်တာတုန်း.."ဆံပင်ခပ်အုပ်အုပ်ကို ဘယ်ညာခါရမ်းကာ ညီလင်းပိုင်က။
"ဘာမှ မဟုတ်ပါဘူးဗျာ ဒီမှာရေတွေ မှောက်နေလို့ သုတ်မလို့ကို"
"အဟင်း..ပေးပေး မေမေ သုတ်ပေးမယ်"
ပြဲနေတဲ့ ဂျာနယ်ပိုင်းမှာ ရှိုင်း၏ဘေးက မော်ဒယ်မလေးရဲ့ ပုံတစ်ဝက်မှာ ခေါင်းပြတ်နေလေပြီ။ သဝန်တိုလည်း တိုတယ်ပေါ့ ရယ်ချင်လာတာမို့။
"အင်း..ရေကွက်က အကြီးကြီး၊ ဒီဟာ တစ်ခုလုံး သုံးလိုက် တော့မယ်ကွယ်"
"ဟာ..ရပါတယ် ဒီလောက်လေးနဲ့ကို"
"အေးပါ ပိုင်လေးသဘော၊ ပိုင်လေးသဘော၊ ဂျယ်လမက်ကတော့ မျိုရတယ်နော် အဟမ်း.."
"မာမီကလည်း..မဟုတ်ပါဘူးဗျာ.."
ညီလင်းပိုင်သည် ရှိုင်း၏ပုံပါသော ဂျာနယ်လေးကို လွယ်အိတ်ထဲ ထည့်လိုက်လေတော့သည်။နောက်က လှမ်းဝင်လာသော ရှိုင်းမှာ ရေသောက်ချင်နေလေပြီ။ရေသောက်နေရင်း ပိုင့်အနားလေး တိုးကပ်ကာ၊ မှန်ရှေ့ထိုင်နေသော ပိုင့်ကိုရင်ခွင်ထဲ ထည့်လျက်၊ မှန်ကိုကျော်ကြည့်နေသည်။အသားယူတာ မသိရှာဘူး။အလိုက်သိလှသော ပိုင်မှာခေါင်းလုံးလုံးလေးကို ပုထားပေးလိုက်လေသည်။

YOU ARE READING
သိမ်းပိုက်....🍃
Romanceညီလင်းပိုင် "ကျွန်တော့်ကိုတကယ်ချစ်မယ်လို့ ယုံကြည်ထားသူတွေဟာ ..ကျွန်တော့်အပေါ်အရမ်းမုန်းနေတယ်ဆိုတာမျိုး.. နောက်ကျမှသိခဲ့ရပေမယ့်အဲ့ အထဲမှာ ခင်ဗျားတော့ မပါခဲ့ဘူးမလား..." ရှိုင်းခန့်မောင် "ကျွန်တော့်ဘက်က ဂရုစိုက်မှု့တွေမှာ မျှော်လင့်ချက် လုံးဝမပါခဲ့...