၁.ပန်းချီကားထဲရောက်ရင်း ကမ္ဘာလေးတစ်ခုရှာတွေ့သွားခြင်း

36.6K 1.5K 84
                                    

Unicode

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကောင်းကင်ဘုံနဲ့နတ်ဆိုးတိုင်းပြည်က အမြဲစစ်မက်ဖြစ်ပွားခဲ့သည်။နောက်ဆုံးတော့ နတ်ဆိုးပြည်မှာဘုရင်တစ်ပါးပေါ်ထွက်လာခဲ့ပြီး ကောင်းကင်ဘုံနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလိုက်ကြသည်။ထိုစာချုပ်ပါအချက်ကတော့ တစ်ချက်ပါပဲ။နတ်ဆိုးများက ကောင်းကင်ဘုံသားတွေနဲ့မပက်သက်သလို ကောင်းကင်ဘုံသားတွေကလည်း နတ်ဆိုးတွေနဲ့မပက်သက်ဖို့ပဲဖြစ်သည်။

ကောင်းကင်ဘုံကအမြဲအေးချမ်းပြီး တိုင်းသူပြည်သားတွေကလည်း ပွဲလမ်းသဘင်မျိုးစုံနှင့်ပျော်မွေ့ကြရသလောက် နတ်ဆိုးတိုင်းပြည်ကတော့ အေးစက်ခြင်းကိုကိုယ်စားပြုကာ တိုင်းသူပြည်သားများကိုယ်တိုင်က ဘုရင့်အမိန့်ကိုရိုကျိုးစွာနာခံတတ်ကြ၍ သူတို့အရှင်ဘုရင်မကြိုက်တာဆိုဘာမှမလုပ်တတ်ကြပေ။ထိုဘုရင် နန်းတတ်ခဲ့တာ နှစ်ပေါင်း၅ထောင်ကြာမြင့်ခဲ့ပြီ။

အမြဲတိတ်ဆိတ်အေးစက်နေတတ်တဲ့ နန်းတော်ကြီးသည် အခုတော့မီးလျှံအပြည့်နဲ့ ဖြစ်နေပြီး နန်းတော်ကလူတွေရဲ့အော်မြည်မှုက ကြီးစိုးနေသည်။အမြဲတမ်းကြမ်းတမ်းရက်စက်ပြီး ပြိုင်ဘက်မရှိပါဘူးဆိုတဲ့ နတ်ဆိုးဘုရင်ပုန်ကန်ခံရလေပြီ။ပုန်ကန်သူက မထင်ထားရက်စရာပဲ။ဦးလေးအရင်းက ပုန်ကန်သည်တဲ့လေ။အမြဲတမ်းလေးစားချစ်ခင်ရတဲ့ ဦးလေးအရင်းကသစ္စာဖောက်တဲ့အပြင် အဆိပ်ပါခတ်ထားတော့ နတ်ဆိုးဘုရင် အတွင်းအားမှန်သမျှပျောက်ဆုံးသွားခဲ့ရသည်။

ကောင်းကင်ဘုံကိုလည်းခြေချလို့မရသဖြင့် သူအတွင်းအားတွေပြန်မရမချင်း လူ့ပြည်မှာသာပုန်းရှောင်နေဖို့စဉ်းစားမိသည်။ဒါဟာ သူ့အတွက် အခုအချိန်စဥ်းစားနိုင်သမျှထဲတွင် အကောင်းဆုံးနည်းတစ်ခုသာဖြစ်၏။

သူက သူ့ရဲ့ကိုယ်ရံတော်ဖြစ်သည့် ဟောက်ရွှမ်းအား
"ဟောက်ရွှမ်း မင်းပါလိုက်ခဲ့ "

ဟောက်ရွှမ်းသည် သူနဲ့အတူရှိနေခဲ့သည်မှာကြာမြင့်လာပြီဖြစ်ပြီး ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတစ်ယောက်ဖြစ်သည့်အလျှောက် ဘာဖြစ်မလဲမသိရနိုင်သည့်အခါမှာတော့ တစ်ယောက်ထဲမထားချင်ခဲ့ပါ။

Young prey(Completed)Where stories live. Discover now