1

8.5K 509 34
                                    

အချိန်အားဖြင့်လေးနာရီ  ။
ညနေ လေးနာရီတော့မဟုတ် မနက်လေးနာရီ ။
အခန်းမီးကို အမှောင်ချထားပြီး အခန်းတံခါးကိုပါလော့ချကာ အသံတိတ်လှုပ်ရှားလျက် ရှိ၏။။
laptop တစ်လုံးရယ် ဖုန်းနှစ်လုံးရယ်ကို တလှည့်စီကိုင်ရင်း baekhyun အလှုပ်ရှုပ်နေပါ၏။

မနေ့က သုံးနာရီခွဲလောက်ထဲက ဒီအခန်းထဲက သူမထွက်ရသေး ။ ထမင်းလဲမစားရသေးသလို
အိပ်လဲ တစ်စက်မှမအိပ်ရသေး။
အသင့်ဝယ်ထားတဲ့မုန့်တွေကိုသာ တစ်ခုပြီးတစ်ခုဖောက်စားပြီး အကြိတ်အနယ်ကို အားစိုက်နေမိသည်မှာ ချစ်ရသော သူကြောင့်သာ။

Park Chanyeol ရဲ့ album အသစ်ထွက်လာမယ်ဆိုထဲက သူ့မှာနေမထိထိုင်မသာနဲ့
ရင်တမမနဲ့စောင့်နေခဲ့ရတာ မဟုတ်လား။
အခုထွက်လာတော့ သူ့ရဲ့တာဝန်နဲ့ဝတ္တရားအရ
24hrs မနားတမ်း stream နေတာ။
မားသိရင်ဆူမှာကြောက်လို့ တိတ်တဆိတ်လှုပ်ရှားရတာကလည်းမသက်သာလှ။

နားကြပ်သုံးခုကို ရှိသမျှ devices တွေမှာတပ်ထားပြီး တိုးတိုးတိတ်တိတ်နဲ့ ကြိုးစားပမ်းစား လုပ်နေခဲ့ရတာ။
ဒါကလည်း အချစ်အတွက်မို့ပင်ပန်းတယ်လို့မယူဆ။

Byun Baekhyun ဘဝမှာ နှစ်ရှည်လများငြိတွယ်ခဲ့တာဆိုလို့ Park Chanyeol တစ်ယောက်ရယ်သာ ။
Debut ချိန်ကစ ခုလို ဒိတ်ဒိတ်ကြဲအောင်မြင်လာတဲ့ထိ ဘယ်လောက်တောင်မှ supporting တွေလုပ်ပြီး သဘောကျခဲ့လိုက်ရသလဲ။

"
မင်းကတော့ မသိနိုင်ပေမယ့် ငါကတော့ မင်းကိုချစ်တယ် Park Chanyeol ရယ် "

ကုတင်ပေါ်က Park Chanyeol ပုံနဲ့ခေါင်းအုံးကို
ဆွဲဖက်လိုက်ပြီး သူ ရေရွတ်လိုက်တယ်။
တစ်ခန်းလုံးက အသုံးအဆောင်တွေထဲ Park Chanyeol ပုံတွေနဲ့ချည်းပဲ။
သူ့ရဲ့ရူးသွပ်မှုတွေကို အခန်းတံခါးတစ်ချက်ဖွင့်လိုက်ရုံနဲ့တင် တန်းပြီးသိနိုင်တယ်။

လေးနှစ်တာကာလပတ်လုံး ဒီအသုံးအဆောင်တွေကို
ရှိသမျှမုန့်ဖိုးအကုန်သုံးပြီး စုဆောင်းခဲ့ရတာပဲ။
ပိုက်ဆံမရှိတော့ရင် မာမား ဆီကနေ သူတောင်းစားလိုမျက်နှာငယ်လေးနဲ့လက်ဖြန့်တောင်းခဲ့ရတာတွေတောင်ရှိသေးတယ်။
မဖြစ်နိုင်တဲ့ idol ကိုပဲတက်မှန်းပြီးတော့ ရည်းစားဘာညာမထားတာကို မာမားကသဘောကျပြီး
လွှတ်ထားပေးတာ ။
ပါပါးကတော့ မကြိုက် ။
ဒါပေမယ့်လည်း မနိုင်တော့လွှတ်ပေးရတာပါပဲ ဟဲဟဲ။

Don't Touch My Man 《Completed》Where stories live. Discover now