💔23

15.5K 1.6K 97
                                    

"သွေးကို ထယ့်ဆီကယူပါဒေါက်တာ"
ဆရာဝန်တွေကြားထဲပြေးဝင်ကာစိတ်လွတ်နေသလို
ထယ်ယောင်းအားဆွဲခေါ်ကာရင်ခွင်ထဲမလှုပ်ရှားန်ုင်
အောင်ထည့်ထားလိုက်ရသည်။
"ခဏလေးငြိမ်ငြိမ်နေပေးပါ ထယ်လေးရာ...သွေးအမျိုး
အစားမတူတာကို ဘယ်လိုလုပ်ယူလို့ရမှာလဲ မင်းကအဲ့လို
ဖြစ်နေရင် ကိုယ်ဘာဆက်လုပ်ရမှန်းမသိတော့ဘူး..."
"HoseokHyung Jungkookieကိုကယ်ပေးပါ....
နော်...နော်..."
သွေးပျက်နေသောမျက်ဝန်းလေးတွေနှင့်ထယ်သည်တကိုယ်လုံးတုန်ရီကာမျက်ရည်တွေကမခမ်းနိုင်သေး။
"ကိုယ်တို့ သူ့ကိုယုံရမယ်လေခုလည်းဘာမှဖြစ်တာမဟုတ်
ဘူးလေ....အဆင်ပြေသွားမှာပါ ."
"အသက်သာရှင်တာJungkookieသတိပြန်လည်လာပါ့
မလား....သူပုံစံကသိပ်ဆိုးလွန်းတယ်လေ...."
"မဆိုးပါဘူးကွာ..သွေးထွက်တာများသွားလို့ထယ်လေး
လန့်သွားတာပါ....စိတ်ကိုအေးအေးထားကိုယ်တို့မှာ
နည်းပညာရှိတယ် ငွေရှိတယ် ကိုရီးယားမှာအဆင်မပြေ
ရင်တခြားပိုကောင်းမဲ့နေရာတွေအထိCEOကို
ကုသနိုင်ပါတယ်....."
"Jungkookie မရှိလို့မဖြစ်ဘူး......."
အိခနဲငိုချလိုက်သောကောင်လေးသည်ဟန်မဆောင်နိုင်
တော့ဘူးထင်သည်။ရင်ဘက်တခုလုံးမှာထိုကလေးငယ်
မျက်ရည်တွေပေကျံနေကာဝက်ဝံလေးအားရင်ခွင်ထဲက
မထုတ်မိခဲ့.။အရေးပေါ်ခန်းထဲတွင်အသက်လုနေရသော
သူနှင့်အသဲကြွေမတတ်ငိုနေသောလူနှစ်ယောက်ကြား
Hoseokလမ်းတွေပျောက်နေရသည်။
........။
"Jimin....မင်းဘယ်မှာလဲ....."
YoongiHyung နှင့်စကားတချို့ပြောပီးသည့်နောက်
လေးလံနေသောစိတ်သည်လန်းဆန်းမလာခဲ့။
အလိုက်သိလွန်းသောYoongi Hyungသည်
ခဏလေးသာစကားပြောပြီးပြန်ထွက်သွားသည်။
သူလူတစ်ယောက်ချစ်တာကိုအခွင့်ကောင်းယူကာ
ကစားပွဲထဲသို့ဆွဲထည့်ခဲ့တာမလား..ထိုအချိန်မမျှော်လင့်ဘဲရောက်လာခဲ့သောMsgတကြောင်းနှင့်ဓာတ်ပုံတပုံ။
။Jungkook အကြိုက်ဆုံးကားအနက်ကြီးသည်ရုပ်ပျက်ဆင်းပျက်ပျက်ဆီးနေလျက်။ခပ်ဝါးဝါးတွေ့မြင်လိုက်
ရသောမှန်ကွဲစတွေစိုက်နေသောခန္ဓာကိုယ်တခု...။
သွေးတွေပြောင်းပြန်စီးသွားရသလို...ပို့ခဲ့သောဖုန်းနံပါတ်
အားဖုန်းချက်ချင်းမိခေါ်လိုက်သည်။တဖက်မှပြောနေ
သောစကားများသည်အိမ်မက်လိုလို...။မဖြစ်နိုင်ဘူး
လို့အကြိမ်ကြိမ်ပြန်ပြောမိရင်းကြမ်းပြင်ပေါ်သို့ဖုန်းလွတ်ကျခဲ့ပြီးနောက်ကမ္ဘာကြီးသည်ရပ်တန့်သွားသည်။

ParkJimin ကိုချစ်တယ်....Où les histoires vivent. Découvrez maintenant