📝22

16.4K 1.6K 43
                                    

"Hyung....Hyung...ထတော့လေ မောင်အလုပ်သွားရ
တော့မယ် Hotelမှာတစ်ယောက်ထဲစိတ်မချလို့..
တစ်ခါထဲလိုက်ခဲ့..."
ရင်ခွင်ထဲကဂွမ်းလုံးလေးလိုတိုးဝှေ့အိပ်နေသူအားတိုးတိုး
လေးနှိုးလိုက်သော်အခါမျက်လုံးလေးတွေပွင့်လာသည်။
Hyungနဲ့အတူအိပ်စက်ပြီးHyungနဲ့အတူနိုးထရသော
မနက်ခင်းပေါင်းများစွာအနက် လက်ရှိမနက်လေးသည်
အလှပဆုံးဖြစ်ကာ ညကHyung၏ ချစ်တယ် ဟူသော
ဝန်ခံချက်အားပြန်ကြားယောင်မိတော့မျက်နှာလှလှလေး
အားပြုံးပြီးဘယ်လောက်ကြာကြာကြည့်မိသလဲမသိ။
TaeHyung နှင့်သဝန်တိုကာHyungဂျစ်တိုက်ပုံများသည်
တကယ်ကိုချစ်စရာကောင်းလွန်းစွာနောက်ဆုံး
တစ်သက်လုံးပြောတော့မည်ဟုမထင်ထားသောစကား
အားပြောထွက်လာသည်အထိ။
"ရတယ်သွားနှင့် ငါအိပ်ချင်သေးတယ်.."
"မောင် စိတ်မချဘူးလေ..အဆင်ရောပြေလို့လား
နာနေသေးတယ်မလား"
"ဆေးသောက်လိုက်ရရင်ရပါတယ် ပထမဆုံးကျနေတာ
ပဲဘာတွေထူးထူးဆန်းဆန်းလာမေးနေတာလဲ"
"Hyungရဲ့ စကားတခွန်းကြောင့်မောင် အချစ်တွေအများ
ကြီးတိုးပြီး ပိုသွားမိတယ်ထင်လို့ပါ..."
ရင်ခွင်ထဲမှထထိုင်ကာခုတင်ခြေရင်းမှဘောင်းဘီအား
ဆွဲယူရင်းဝတ်နေသောHyungသည်ရှက်သွားသည်ထင်
ပါသည်။
"မောင့်ကို ချစ်တယ်မလား...Hyung...!"
Hotelအခန်းဝရှေ့တခြားတစ်ယောက်ရှေ့တွင်သိက္ခာတရားခပ်သိမ်းချနင်းလျက်ရင်တခုလုံးအားနာကျင်စေခဲ့
သောမောင်သည်သေချာပေါက်အရာအားလုံးကို
မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သောပုံ။
ခင်ဗျားက ထယ်ယောင်းလိုမဟုတ်ဘူး..ခင်ဗျားစိတ်နဲ့မ
နှိုင်းပါနဲ့...ခင်ဗျားကအရှက်မရှိဘူး ခင်ဗျားမှာဦးနှောက်
လည်းမရှိဘူး။ မောင်ပြောခဲ့သည့်စကားတွေကအလွယ်
တကူမေ့ပစ်လိုက်ဖို့ရနိုင်သည့်စကားတွေလား...။
နောက်ဆုံးပဲ လို့ပြောခဲ့ခြင်းအားမောင်မယုံခဲ့တာတော့
သူမတတ်နိုင်။မရည်ရွယ်ခဲ့ပါသောအမှားတခုမှာရုပ်ပျက်
ဆင်းပျက်နှင်ထုတ်ခဲ့ရပြီးဥပေက္ခာပြုခြင်းကိုပါရလိုက်
တာပေါ့မနေနိုင်သောစိတ်အစဉ်သည်စိတ်ပျက်ဖွယ်ရာ
အတိ။နောက်ဆုံးတော့စော်ကားခံရလိုက်သည်။
နှလုံးသားတခုလုံးJeonJungkookဟုထွင်းထုထားအုန်း
တော့တဖက်တွင်စိတ်သည်အဆုံးအထိကုန်ခမ်းနေပြီ။
မွေးကထဲပါလာသောမခံချင်စိတ်သည်လည်းထင်ထင်ရှားရှားကိုပေါ်လာပြန်တော့အနိုင်ရချင်စိတ်လွှမ်းမိုးလာခဲ့
သည်။အလွယ်တကူနင်းချေတတ်သောမောင့်အားတစ်စုံတစ်ခုကိုတော့နားလည်သွားစေချင်သည့်စိတ်ဖြင့်တညလုံးစဉ်းစားခဲ့သည်။..ချစ်ပါတယ်ပြောပြီးပစ်စလတ်ခတ်
ဆက်ဆံမှုတွေကိုတော့တော်လောက်ပီလေ..။သူဟာ
တန်ဖိုးမဲ့သောသူမဟုတ်..။သူဟာအမှတ်မရှိရုံလေးကလွဲ
ပြီးကျန်တာအားလုံးတော်တဲ့သူပါ...။JeonJungkook
၏မဟာအားနည်းချက်သည်ဘာဆိုတာသေချာသိခြင်း
သည်သူ့ရဲ့မဟာအားသာချက်။အမှိုက်တခုလိုဆက်ဆံ
နေသူအား စကားလေးတခွန်းနှင့်အကွက်ချလိုက်ရသော
ညအတွက်တော့စိတ်မကောင်းပါ။
"ဘာတွေစဉ်းစားနေတာလဲHyung....မောင့်ကိုချစ်မချစ်ကအချိန်ကြာကြာပြန်တွေးနေရသေးတာလား"
"ကိုယ်မောင့်ကိုချစ်ပါတယ်...."
အသဲအသက်လေးသည်မျက်လုံးတွေအပေါ်ကွယ်နေသောဆံပင်တွေအားဖယ်ရှားလျက်အေးအေးဆေးဆေး
ပြောလာခဲ့တော့ပျော်ရွှင်ကျေနပ်မှုသည်အတိုင်းမသိ။
သူကသာတဖက်သတ်ချစ်တယ်ပြောပြီးHyungက
နူတ်ဆိတ်နေခဲ့သောနှစ်ပိုင်းတွေသည်Hyung အား
အပြည့်အဝမပိုင်ဆိုင်ခဲ့ရသလို။မေးတိုင်းHyungက
ငြင်းဆိုခဲ့သည်။သူတို့ဆက်ဆံရေးသည်အများပြောသလို
အချစ်မပါခဲ့ဘူးလားဆိုသောသံသယမျိုးဝင်လာတိုင်း
Hyungကိုအတင်းအကျပ်ပြောဆိုမိခဲ့ပြန်သည်။
နောက်ဆုံးတော့မမျှော်လင့်နေသောအချိန်တွင်တခြား
တယောက်နှင့်သူ့အားသဝန်တိုရင်းဝန်ခံခဲ့သူသည်
အပြစ်ပြောစရာမရှိမြတ်နိုးဖွယ်ရာအတိ။
"တစ်သက်လုံးမပြောတော့ဘူးထင်နေတာ...."
"အဲ့လိုကြီးတော့မဟုတ်ပါဘူးကွာ"
"မောင် ရုံးချူပ်ကိုဂျပန်ကိုပြောင်းမယ် မနက်စောစော
မာမီကိုဖုန်းဆက်ပြောပြီးပြီ...မောင်တို့လက်ထပ်ပြီး
အဲ့မှာပဲအပီးနေလိုက်တော့မယ် မောင်ဘာမှမစဉ်းစား
တော့ဘူးHyung စီးပွါးရေးတွေ လူမှုရေးတွေ ပတ်ဝန်း
ကျင်အမြင်တွေ....Hyungက ငါကတိတ်တိတ်ပုန်းပါလို့
ပြောလိုကိတိုင်းသိပ်နာကျင်ရတာပဲ မောင်ကအများ
ကြီးတွေးထားသူပါ...ခုHyungမောင့်အချစ်ကိုလက်ခံ
လိုက်တော့ မောင်ဘာကိုထပ်အစီအစဉ်ဆွဲရမှာလဲ..
မစောင့်တော့ဘူး မောင်တို့နှစ်ယောက်ထပ်တူထပ်မျှချစ်
နေပြီပဲဟာ မာမီကတော့ အပြင်းအထန်ကန့်ကွက်တာ
ပေါ့ထုံစံအတိုင်း တော်ပီလေ မောင်ပြတ်သားလိုက်တော့
မယ် Hyungမောင့်ကိုချစ်နေပြီပဲ"
"လက်စွပ်တကွင်းကပျောက်ပြန်ပြီ..."
ခေါင်းတညိတ်ညိတ်နားထောင်နေသောHyungဆီမှတစုံ
တခုမျှော်လင့်ခဲ့သော်လည်းအဆက်အစပ်မရှိသော
စကားကိုသာကြားလိုက်ရသည်။
"မင်းဝယ်ပေးထားတာလေးလေ..ညကစိတ်ဘယ်လောက်
လွတ်သလဲမသိဘူး အကုန်ပျောက်ကုန်ပြီ မင်းကလက်
ထပ်မဲ့ကိစ္စကိုပြောလာတော့လက်သူကြွယ်ကိုကြည့်မိတာ
တွေ့လားမရှိတော့ဘူး"
"တော်သေးတာပေါ့ မောင်ပြောတာတွေတလုံးမှခေါင်း
ထဲမရောက်ဘူးမှတ်တာ..."
"မောင် ပြောခဲ့သမျှအားလုံး နှလုံးသားထဲမှာရော
ဦးနှောက်ထဲမှာပါ အပြည့်ပါ စိတ်မပူနဲ့"
"ဒါဆို ဘယ်လိုသဘောရလဲ"
Hyungသည်ယဲ့ယဲ့လေးပြုံးရင်းသူ့နူတ်ခမ်းတွေဆီသို့
ခိုးနားလျက် စကားတခွန်းကိုဆိုခဲ့သည်။
"မောင့်သဘော....."
စောင်တွေအားဖယ်ရင်းရေချိုးခန်းဆီသို့ဦးတည်သွား
သောHyungအားစကားတခွန်းမှပြန်မဆိုန်ုင်ဘဲကြောင်
ငေးကြည့်နေမိသည်။သတိပြန်ဝင်လာတော့မှပြေးသွား
ကာကိုယ်လုံးငယ်လေးအားချီပိုးလျက်တခန်းလုံးအနှံ့
ဝှေ့ရမ်းနေခဲ့သောJeonသည်သေချာပေါက်ပျော်ရွှင်
နေခဲ့သည်။.........
......။
"CEO....သူဌေးကတော်လာရှာသွားတယ်..တခုခုများ
ဖြစ်လို့လား...ဆေးရုံကနေတောင်ရောက်လာတာ
အရေးကြီးပုံပဲ..."
အလုပ်စားပွဲတွေထိုင်ကာရောက်လာထဲကပြုံးနေသော
CEOသည်သူပြောတာတွေအားကြားရဲ့လားမသိ။
"CEO....!"
"ငါJiminHyungကိုလက်ထပ်တော့မယ်Hoseok..."
"ရုတ်တရက်ကြီးပါလား"
"ငါ့ကိုအမြဲငြင်းနေတဲ့Hyungက နောက်ဆုံးတော့လက်ခံ
လိုက်ပီ..ထယ့်ကိုတကယ်ကျေးဇူးတင်ရမယ်"
"ထယ်ယောင်းကို..."
"မနေ့က ထယ်နဲ့ငါHotelမှာနှစ်ယောက်ထဲရှိတာကိုHyung
တွေ့ပြီးသဝန်တိုသွားပုံပဲ...."
"ထယ်ယောင်းကိုအသုံးချလိုက်တာလား Jungkook.."
Jungkook ဆိုသောအခေါ်အဝေါ်ကြောင့်လားအနည်းငယ်
တင်းမာနေသောလေသံကြောင့်လားမသိ။Jungkook
၏အကြည့်တွေသည်စူးစူးစိုက်စ်ုက်ဝင်လာတော့သည်။
"တိုက်ဆိုင်မှုပါ...ငါဘယ်တော့မှ ထယ့်ကို အဲ့လိုမလုပ်ဘူး
အသုံးချတယ်ဆိုတဲ့စကားကမဟုတ်သေးဘူးHoseok
ထယ်က ငါ့အချစ်ဆုံး ငါ့ရဲ့သံယောဇဉ်အရှိဆုံးအဖြူစင်
ဆုံးလူ...."
"ကျတော် လောသွားတယ် တောင်းပန်ပါတယ်CEO.."
"ထယ်က တော်ရုံချစ်ခြင်းတရားမျိုး မေတ္တာမျိူး
မြတ်နိုးမှုမျိုးနဲ့ ချဉ်းကပ်ဖို့မလုံလောက်ဘူး Hoseok
ငါပြောတာကိုမင်းသဘောပေါက်မှာပါ..."
"ထယ်ယောင်းကို မချစ်ခဲ့ဖူးဘူးလား..CEO.."
"ထယ်က ငါကလေးဘဝမှာစမြင်ခဲ့ရတဲ့ချစ်စရာ
အကောင်းဆုံးကောင်လေးပဲမချစ်ဘဲနေပါ့မလား
ချစ်ခြင်းတရားတွေကဆန်းကြယ်တယ်Hoseok...
ချစ်သူရည်းစား အိမ်ထောင်ဖက်တယောက်လိုထယ့်ကို
သဘောထားဖို့ကငါမတက်နိုင်ခဲ့ဘူး....ငါထယ့်အပေါ်
သိပ်ရိုးသားမိခဲ့တဲ့ပုံပဲ...ထယ်က ငါ့အချစ်ဆုံးသူငယ်ချင်း
ပါ....သတ်မှတ်ချက်တခုဆိုပေမယ့်..ဒါကအသင့်တော်ဆုံး
ဖြစ်နိုင်တယ်..."
"ကျတော်ခံစားမိပါတယ်.."
"ငါမတားပါဘူး....ထယ့်မျက်နှာလေးတချက်မှမဲ့မသွား
အောင်ရင်းနှီးပျ်ုးထောင်နိုင်တယ်ဆိုရင်အဆင်ပြေပါ
တယ်"
CEO၏စကားသည်ရင်ထဲလှိုက်ဖိုသွားသည်အထိထိ
ရောက်ခဲ့ပါသည်။မျက်နှာလေးမဲ့မသွားအောင်တဲ့လား
ထားနိုင်တာပေါ့...ဝက်ဝံလေးကသေဆိုရင်တောင်သေ
လိုက်ဖို့အထိရူးသွပ်နေတဲ့ကိုယ်ဟာအရာခပ်သိမ်းထယ့်အားပျော်ရွှင်စေချင်သောစိတ်ဆန္ဒအရင်းခံတွေကြီးပါပဲ။
"ညကထယ်က မင်းကိုဖုန်းတွေတောက်လျှောက်ခေါ်နေ
ခဲ့တာငါကြားပါတယ် ငါ့ကိုမင်းလောက်မယုံကြည်ဘူး
အားမကိုးဘူးတဲ့သဘော....နည်းနည်းအံ့ဩမိသွားပေ
မယ့် ဒါကအချစ်များဖြစ်မလားမသိဘူးနော်....ငါတစ်
ယောက်လုံးရှိနေတာ မင်းဖုန်းနံပါတ်တွေကိုသတိရစရာ
မလိုဘူးလေ..."
"အားနာမိပါတယ်....CEO တခုခုအဆင်မပြေတိုင်း
ကျတော့်ကိုဖုန်းဆက်ဖို့ပြောထားမိလို့ပါ..."
"ထယ်က ချစ်ဖို့ကောင်းလိုက်တာ..."
ထိုအချိန်....
အခန်းတံခါးအားဝုန်းခနဲဆွဲဖွင့်ကာပြေးဝင်လာသော
KimNamjoonသည်ထိန့်လန့်စရာတစ်ခုခုကြုံလာခဲ့သော
ပုံ..။KimNamjoonဆိုတာနှင့်Hyungနဲ့တိုက်ရိုက်ပက်သတ်
နေသောကိစ္စဖြစ်လောက်မည်ဆိုတာတန်းသိတာကြောင့်
မတ်တပ်ထရပ်မိသား။
"ဘာဖြစ်လာတာလဲ..."
"Jimin....Jimin ပေါက်ကရတွေလုပ်လိုက်ပြန်ပြီ...
Jungkook......"
"ဘာကိုလဲ....."
မနက်မှကြော်ငြာတခုရိုက်ရန်ရှိသည်ဆိုတာကြောင့်
ရိုက်ကွင်းအထိလိုက်ပို့ပေးခဲ့သေးတာ။အရာအားလုံး
အဆင်ပြေနေတာပဲ...။
KimNamjoonသည်Labtopဆီသို့ပြေးလာကာတိုက်ရိုက်
Liveလုပ်နေသောVideoတခုအားဖွင့်လိုက်သည်။
"ကျတော့်Relationship နဲ့ပတ်သတ်ပြီးကျတော့်Fanတွေ
ကိုတခါမှပွင့်ပွင့်လင်းလင်းမပြောခဲ့ဖူးပါဘူး..
တချို့အထောက်အထားတွေကြောင့်သူသူငါငါစွပ်စွဲပြော
ဆိုကြတဲ့အပေါ်မှာလည်းကျတော်အပြစ်မမြင်ခဲ့ပါဘူး
ဒီနေ့တော့ကျတော်ရှင်းရှင်းလင်းလင်းပြောချင်တာလေး
ရှိလို့ဒီပွဲလေးကိုလုပ်လိုက်ရတယ်...ကျတော့်မှာချစ်သူရှိ
ပါတယ်...."
တော်ဝင်မင်းသားတပါးလိုကင်မရာတဖျက်ဖျက်ရှေ့
အပြုံးပန်းတွေေဝေဝေဆာဆာဖြင့်ထိုလူသားသည်
ပကတိပေါ့ပါးစွာ။
"သူက MinYoongi ပါ....အီတလီကအနုပညာရှင်
တယောက်ပါ အားလုံးလည်းသိကြလိမ့်မယ်ထင်ပါတယ်
ကျတော်ပွင့်ပွင့်လင်းလင်းပြောချိန်တန်ပီထင်လို့
အမြင်နဲ့စွပ်စွဲမှုတွေကMinYoongi အတွက်အားနာစရာ
တွေဖြစ်ဖြစ်နေလို့ပါ...."
"ကျတော်တို့ခဏခဏတွေ့နေရတဲ့ဓာတ်ပုံတွေထဲ လူကရော..ဘယ်လိုများပတ်သတ်ပါလဲ
ခင်ဗျ..."
"ဒီတိုင်းတွဲသွားတွဲလာပါ...ကျတော်တို့ခင်မင်မှုကြောင့်
တွဲတွဲတွေ့နေရတာပါ...ဒီထက်ပိုတဲ့ဆက်ဆံရေးမျိုးလုံးဝ
မရှိပါဘူး...ဒီပွဲကလည်းအဲ့ဒီအမြင်တွေကိုချေဖျက်ဖို့ရယ်
ကျတော့်မှာ ချစ်ရတဲ့သူဆိုလို့ YoongiHyung
တေယောက်ပဲရှိတဲ့အကြောင်းအသိပေးချင်တာရယ်ပါ"
"MinYoongi ရောပါမလာဘူးလား ခင်ဗျ..."
"Hyungက လူများတဲ့နေရာတွေကိုသိပ်အဆင်မပြေလို့ပါ
ကျတော့်လို့Celebrity နဲ့တွဲတာကသူ့အတွက်အခက်အခဲ
တွေအများကြီးရှိနေတဲ့ပုံပါပဲ...."
"ရှေ့ဆက်ဘာတွေလုပ်သွားဖို့ရှိပါသလဲ ParkJimin Shi"
"Hyungသဘောပါ...သူတခုခုပြောလာတဲ့အခါကျ
ကျတော်အားလုံးကိုထပ်အသိပေးပေးပါ့မယ်...
ကျေးဇူးတင်ပါတယ်"
အားလုံးကိုနူတ်ဆက်ပြီးကြွကြွရွရွထွက်သွားသူသည်
မနက်က အိပ်ယာထဲကချစ်စရာလူသားလေးမှဟုတ်ရဲ့လား။တနိုင်ငံလုံးအားလှုပ်ခတ်သွားစေသော
သတင်းစာရှင်းလင်းပွဲကြီး။သူနှင့်ပတ်သတ်မှုအား
ဗြောင်ပင်လိမ်ချကာ တွဲသွားတွဲလာပါဟု ပေါ့ပေါ့ပါးပါး
ခေါင်းစဉ်တပ်သွားသည်။Jeonလုပ်ငန်းစု၏CEO
အားတနိုင်ငံလုံးရှေ့အမှိုက်ကလေးလိုခါထုတ်လိုက်သူ
သည်ParkJimin မှဟုတ်ဟုတ်ရဲ့လား။တယောက်တ
ပေါက်နှင့်ဝေဖန်လာသောဆိုးဆိုးဝါးဝါးComment
များသည်Social Mediaပေါ်တွင်ပျံ့နှံ့လျက်။
ဘာဖြစ်လို့လုပ်ရတာလဲ..သေလောက်အောင်မကျေနပ်
ဘူးပဲထားပါအုန်း မသေမချင်းရိုက်ပစ်လိုက်လို့ရပါတယ်
ဘာဖြစ်လို့ဒီလိုမျိုးလုပ်ရပ်မျိုးကိုလုပ်လိုက်ရတာလဲ။
ကားသော့ယူကာပြေးထွက်သွားသောJungkookနောက်
ပြေးလိုက်သွားသူကHoseok...။တည်ငြိမ်အေးချမ်းနေ
သောအခြေအနေမှချက်ချင်းလောင်မြိုက်ခြင်းသို့
ပြောင်းလဲသွားလျက်..။မိုင်ကုန်တင်ကာမောင်းနေသော
ကားသည်ဘယ်အရပ်သို့ဦးတည်နေမှန်းမသိရ။
Hoseokသည်ကားတစ်စီးဖြင့်နောက်မှလ်ုက်ကာလမ်းမ
ကြီးပေါ်တွင်ကားနှစ်စီးသည်ရှေ့ဆင့်နောက်ဆင့်။
လုပ်ချင်ရာလုပ်သွားသောParkJimin အားဖုန်းခေါ်ကာ
မကိုင်လျင်ရှိမည့်နေရာသွားအမှုန့်ကြိတ်ရန်တွေးလိုက်
သည်။ထူးဆန်းစွာနှစ်ခါလောင်ခေါ်လိုက်ရုံနှင့်ကိုင်လာသောသူ။ဘာဖြစ်ဖြစ်ဂရုမစိုက်ဘူးဆိူသည့်သဘော။
"ခင်ဗျားခုဘယ်မှာလဲ..."
"ဘာလုပ်မလို့လဲ..."
ခင်ဗျားMediaတွေရှေ့မှာ ဘာလုပ်သွားတာလဲသိချငိလို့
လေ..."
"တကယ်တော့ငါနဲ့သူတွဲဖို့ရည်ရွယ်ခဲ့တာအီတလီမှာထဲက
ငါတို့အခြေအနေတွေကိုညှိယူနေတာ မင်းကိုငါစိတ်မပါ
တော့ဘူးလို့ပြောတာညာခဲ့တာမှမဟုတ်ဘဲ...ပြီးတော့
မင်းကငါ့ကိုဘယ်လိုတန်ဖိုးထားခဲ့လဲဆိုတာမနေ့ကညက
သက်သေပဲလေ...ငါမင်းကိုချစ်များချစ်မလားလို့
စမ်းသပ်ကြည့်ခဲ့တာ မအောင်မြင်ခဲ့ဘူးJungkook
ငါမင်းကိုစိတ်တော်တော်ကုန်နေခဲ့တာ မင်းကိုရော
မင်းနဲ့ငါကြားကပြသနာတွေရော...လေးငါးဆယ်နှစ်
တွဲပီးရင်တောင်ပြတ်သေးတာပဲကွာ ငါတို့ကမဆန်းပါဘူး
မင်းမှာဆံပင်တချောင်းတောင်အထိအခိုက်မခံတန်ဖိုး
ထားချစ်ရတဲ့ သူငယ်ချင်းလေးရှိနေတာပဲ...လေ"
"ခင်ဗျား သစ္စာဖောက်.လိုက်တာလား"
"အော်...အစထဲက သစ္စာခံပြီးတွဲခဲ့တာမဟုတ်ဘူးလေ"
"ဘယ်မှာလဲပြောစမ်းပါ....."
"လာရိုက်မလို့လား...ငါYoongiHyung နဲ့အတူတူရှိနေ
တယ် Hotelမှာ ....လာချင်ရင်အခန်းနံပါတ်ပြောပေးမယ်
မင်းနဲ့KimTaeHyung လိုတော့ရိုးရိုးသားသားရောက်နေ
တာမဟုတ်ဘူး...နော်"
"ParkJimin......!!!!!"
"ငါဖုန်းကိုင်တာ မင်းအော်တာခံဖို့မဟုတ်ဘူး..."
"ညက ညက ခင်ဗျား ဘာလို့အာချောင်တာလဲ...မနက်က
ရော ဘာလို့ကလိမ်ကကျစ်ပုံစံတွေလုပ်သွားရတာလဲ"
"မင်းကိုမကျေနပ်လို့....လေ ငါကငြိုးပီဆိုရင်
ဘာမှမြင်တာမဟုတ်ဘူး...ငါ့ကိုစော်ကားမော်ကား
သူစိမ်းတစ်ယောက်ရှေ့ပြောခဲ့တာတွေအတွက်အဲ့အချ်န်
ထဲကငါမင်းကိုပြောခဲ့သားပဲ မင်းကပြသနာကိုရှင်းမယူ
ဘဲ မင်းဆန္ဒပြည့်ဖို့အိပ်ယာပေါ်ပဲခေါ်ခဲ့တာလေ
တခါအိပ်လိုက်ရင် အရာအားလုံးအဆင်ပြေသွားပီလို့
မင်းထင်နေတာတွေကို အဆင်မပြေကြောင်းသက်သေ
ပြပေးတာ"
"ချစ်ပါတယ် ဆိုတဲ့စကားက ခင်ဗျားအငြိုးထဲထည့်သုံး
စရာလိုလို့လား...."
".........."
"ခင်ဗျား မကျေနပ်ချက်တခုနဲ့ တနိုင်ငံလုံးရှေ့မျက်နှာ
ပြောင်တိုက်ရဲရတာလဲ..."
"ငါနဲ့MinYoongi တကယ်တွဲနေလို့တွဲနေတယ်ပြောတာ
မျက်နှာပြောင်တိုက်တာမဟုတ်ဘူးJeonJungkook"
"ဒါတွေကို ခင်ဗျားညထဲကစီစဉ်ထားခဲ့တာလား"
"ငါကလုပ်ရင်အစီအစဉ်တကျပဲ"
"ဒါဆို ချစ်တယ်ဆိုတာ လိမ်ခဲ့တာပေါ့...."
ဖုန်းကိုင်ထားရင်ဘာဆက်ပြောရမှန်းမသိခဲ့။Jungkook
အသံသည်တဖြည်းဖြည်းတိုးသွားကာအရာအားလုံး
ပျောက်ဆုံးသွားသလို။မချစ်ဘဲတော့နေခဲ့မလား...
ချစ်လွန်းလို့မိုက်ရူးရဲဆန်မိတာတွေကြီးပဲ။ထစ်ခနဲဆို
တုံ့ပြန်မှုတွေအားမစဉ်းစားဘဲပေးတတ်သူမို့ဒီကိစ္စသည်
လည်းစိတ်လိုက်မာန်ပါလုပ်ခဲ့သောဆုံးဖြတ်ချက်တခု
သာ။ပြောရက်လေခြင်း ပြောထွက်လေခြင်း
ဆိုတဲ့ရင်နစ်မှုတွေကြားအရွဲ့တိုက်လိုက်ခြင်းဖြစ်ကြောင်း
သူကိုယ်တိုင်ကလွဲလျင်ဘယ်သူသိမလဲ။
ကိုယ့်ကိုတချက်လောက်ထိပါးလျင်ဆယ်ချက်လောက်
ပြန်ထိလိုက်ချင်သူအဖို့ကလေးဆန်တယ်ပြောလျင်လည်း
ခံလိုက်မည်။
"MinYoongi နဲ့တွဲနေပါတယ်လို့ Mediaကိုခင်ဗျား
ပြောခဲ့တာပြသနာမဟုတ်ဘူး...ကျတော့်ကိုချစ်ပါတယ်
လို့လိမ်ခဲ့တာက ပြသနာပဲ ParkJimin....ခင်ဗျားဘယ်သူ
နဲ့တွဲတွဲဘာတွေလုပ်လုပ်ကျတော်ဘယ်တုန်းကဘာပြော
ဖူးလို့လဲ ခင်ဗျားကိုပျော်အောင်ထားမပေးန်ုင်ခဲ့လို့
ခင်ဗျားထွက်ပေါက်ရှာတယ်လို့ပဲသတ်မှတ်လိုက်တယ်
ခင်ဗျားက ပျော်ရွှင်မှုတွေကို လိမ်တာမျိုးကတော့...."
"ငါနောက်တယောက်တွဲသွားတာထက် မင်းကိုလိမ်ခြင်း
မလိမ်ခြင်းက ပိုအရေးပါနေတာလားJungkook.."
"ခင်ဗျားက ကျတော့်အပိုင်ပါ...ကျတော့်နယ်နိမိတ်က
နေခင်ဗျားဘယ်ကိုမှထွက်သွားလို့မရဘူး"
"ငါYoongi Hyungကိုလက်ထပ်မှာ...မင်းအပိုင်တွက်ထား
တွေမှားကြောင်းလည်းထပ်သက်သေပြပေးမယ်.."
"တော်လောက်ပီ ParkJimin.."
"မင်းငါ့ကို ဘယ်တော့မှမပိုင်ဘူး JeonJungkook.....
မင်းမသေမချင်းမှတ်ထား...နောက်တခုက
ဘယ်တုန်းကမှလည်းမချစ်ခဲ့ဖူးဆိုတာပဲ...."
တင်းခံထားသောစိတ်တွေသည်ဘယ်လိုမှဆောက်တည်မရတော့။ကားမောင်းနေခြင်းကိုလည်းတချက်တချက်မေ့
သွားသည်။နားထဲတွင်အကြိမ်ကြိမ်ရိုက်ခတ်လာသော
ချစ်တယ်ဆိုသောစကားများနှင့်ဘယ်တုန်းကမှမချစ်
ဘူးဆိုသောစကားများ...။နောက်တယောက်နာမည်အား
ချစ်သူပါလို့ ထပ်ပြောနိုင်သည်အထိ Hyung ရက်စက်
ပါသည်။ဘယ်လောက်အရွဲ့တိုက်ချင်ခဲ့ပါစေလေ...
လက်ထပ်မှာဆိုသောစကားမျိုးကိုတော့မသုံးသင့်...။
တကယ်များ သူ့ကိုစိတ်ကုန်သွားပြီလား...
တကယ်များ စိတ်ပျက်သွားတာလား
သူ့အနားမှာနွေးနွေးထွေးထွေးရှိနေပေးတဲ့MinYoongi
ကို တကယ်များ တိမ်းညွှတ်သွားတာလား
Hyungစိတ်ရင်းနဲ့လက်ထပ်ချင်သွားတာလား...
မဖြစ်ဘူးလေ....ဒါမဖြစ်နိုင်ဘူး...
ရုတ်တရက်ဝင်လာသောကားခေါင်းအားမြင်လိုက်သော်
လည်းရှောင်တိမ်းရန်ဦးနှောက်ကအချက်မပြ။
အရှိန်နဲ့ပြေးဝင်လာသောသူ့ကားလေးသည်လေထဲသို့
လွှင့်ပျံသွားကာခေါင်းပိုင်းတခုလုံးကြေမွသွားတော့သည်။
ဒုန်းးးးးးးးးးးး
"Jungkook.....!!!!!!!!"
ကားနှစ်စီးခေါင်းချင်းဆိုင်တိုင်ကာဆိုးဆိုးဝါးဝါးမှောက်
သွားခဲ့ခြင်း။လမ်းပြောင်းပြန်ဝင်သွားထဲကမျက်လုံတွေ
ပြာဝေသွားခဲ့သည်။ပေါက်ကွဲသံတခုနှင့်အတူ
ကားလမ်းပေါ်သို့သွေးနီနီများချက်ချင်းစီးလာခဲ့သည်။
မျက်စိရှေ့ပင်ဖြစ်ပျက်သွားသောအဖြစ်အပျက်သည်
မြန်ဆန်လွန်းတာကြောင့်Hoseok သတိလက်လွတ်
အော်မိကာကားပေါ်မှပြေးဆင်းလာသည်။နှစ်ပတ်သုံး
ပတ်လွှင့်ပျံသွားသောကားအနက်ကြီးသည်ရစရာမရှိ
တော့။ဒါဆို လူကရော....လူကရော.....။ခဏအတွင်း
လူအများပြေးလာကာထုံစံအတိုင်းဓာတ်ပုံတွေကတဖျက်
ဖျက်။စိတ်ကိုအတက်နိုင်ဆုံးထိန်းလိုက်သော်လည်း
လက်တွေတုန်ကာခြေထောက်များပင်မခိုင်ခဲ့။
ကားလမ်းပေါ်တွင်ဇောက်ထိုးဖြစ်နေသောကားထဲမှ
Jungkookအားကယ်ရန်တချို့ကအပြေးအလွှားကူညီကြ
သည်။ကားတံခါးအားခက်ခက်ခဲခဲဖွင့်လိုက်တော့
အရင်ဆုံးတွေ့လိုက်ရတာမှန်ကွဲစတွေစိုက်နေသောလက်
တဖက်။
"ခင်ဗျားဖြစ်ရဲ့လား ကျတော်တို့ကူညီပေးပါ့မယ်..."
သွေးပျက်နေသောHoseokအား ဘေးနားရှိလူများက
ဖြောင်းဖြခဲ့သော်လည်းသူJungkook အားခက်ခဲစွာ
ကားထဲမှထုတ်ခဲ့သည်။
"အသက်ရှိသေးလား......"
"မသိဘူး...ကျတော့်ကိုခဏလောက်ဖယ်ပေးပါ..."
"ဆေးရုံကားခေါ်ထားတယ်..လေ"
သူ့လက်ထဲမှCEOသည်ဓားနဲ့ဝိုင်းမွှန်းထားသလိုတစစီ
ဖြစ်နေခဲ့သည်။မျက်နှာပေါ်ကသွေးနီနီတွေအားအကျီချွတ်
သုတ်ပေးလိုက်ရင်းသူ့ကားဆီသို့ချီပြေးလာခဲ့သည်။
မစောင့်နိုင်ပါ..။သူ့ကိုယ်သူလောက်ဘယ်အရာကိုမှမယုံ
စောင့်နေရင်းတခုခုဖြစ်သွားရင်CEOသူ့က်ုခွင့်လွှတ်မှာ
မဟုတ်။ဘာလို့များမိုက်ရူးရဲဆန်ရတာလဲ...
ဒီလောက်ကြီးဖြစ်သွားစရာလိုတဲ့ကိစ္စမလို့လား....
Jungkook ရာ....။ဆေးရုံသို့အမြန်မောင်းကာ CEO
အသက်ရှင်ဖို့ဆက်ကြိုးစားရန်အပြေးနှင်ခဲ့သည်။
ပူလောင်မှုသည်ပြောမပြတတ်..။ParkJimin ကို
သတ်ပစ်ချင်စိတ်သည်လည်းပြောမပြတတ်။
.......။
ရုတ်တရက်ကျသွားခဲ့သောဖုန်းကြောင့်Jiminထိုင်ချမိ
ရက်သား..။ဘာဖြစ်သွားတာလဲ....။
"Min....."
အခန်းဒေါင့်တနေရာတွင်ထိုင်နေသောသူ့ဆီသို့ဖြေးဖြေး
ချင်းဝင်လာသောMinYoongi...။ဝမ်းနည်းနေဟန်မျက်လုံး
တွေအားချက်ချင်းပြင်ဆင်ပြီးဖုန်းကိုအိပ်ယာပေါ်သို့
ပစ်တင်လိုက်သည်။
"ကျတော် ခုလေးတင်ဖုန်းဆက်တောင်းပန်မလို့ပါ......"

ParkJimin ကိုချစ်တယ်....Kde žijí příběhy. Začni objevovat