🥃16

16.5K 1.6K 20
                                    

တပတ်မျှအကြာ....
"Hyungပြန်သတိရလာရရင်မာမီနဲ့
ကျတော် ဘာမှမဆိုင်တော့တဲ့ကြောင်းသတင်းစာထဲ
မှာကြော်ငြာမယ် ါကျတော်ဂျပန်မှာHyung
ကိုလက်ထပ်ပီးအပီးသွားနေမယ်....ဒီကိစ္စတခုထဲကြောင့်
ကျတော်ဆုံးဖြတ်တာမျိုးမဟုတ်ဘူး မာမီအရင်ကလည်း
ဘာတွေလုပ်ခဲ့လည်းသိတယ်မလား မမေ့သေးဘူးမလား
အိမ်ကမြေအောက်ခန်းထဲထည့်နှိပ်စက်တာမျိုး
Social Mediaပေါ်မှာနာမည်ဖျက်တာမျိုးတွေပေါ့
ဒီကမ္ဘာပေါ်မှာသွေးသားဆိုလို့မာမီနဲ့ကျတော်ပဲရှိတာမို့
မျှတွေးခဲ့လည်း မာမီကကျတော့်အမေဖြစ်ဖို့မထိုက်တန်
ဘူး...."
"မမျှော်လင့်ဘဲနင့်ကငါ့ဗိုက်ထဲရောက်လာလို့နင့်အဖေက
ငါ့ကိုမယူချင်ယူချင်နဲ့ယူလိုက်ရတာမမျှော်လင့်ပဲ
ငါ့ကိုတစ်နှစ်သားလေးနဲ့ထားခဲ့ပီး သတ်သေသွားတယ်
နင့်အဖေတမျိုးနွယ်လုံးကငါ့ကိုအပြစ်တွေတင်လိုက်ကြ
တာ ငါသတ်ပစ်တာပေါ့လေ....နင့်မျက်နှာတခုထဲနဲ့
ငါလောကကြီးကိုရင်ဆိုင်ခဲ့တာJeonJungkook
နင်လျှောက်မဲ့လမ်းမှာဆူးတွေငြှောင့်တွေသေးသေးလေး
ပဲရှိငါဖယ်ပစ်မှာပဲ ငါ့သားဟာငါ့ပျိုးထောင်မှုအောက်မှာ
အမှားအယွင်းမရှိအောင်မြင်နေရမယ်..."
"ParkJiminက ဆူးမဟုတ်ဘူး အမှားမဟုတ်ဘူး
ကျတော်ချစ်တဲ့ ကျတော့်အချစ်ဦး..."
"နင့်ဘက်ကကြည့်တာလေ...တဖက်ထဲမကြည့်ပါနဲ့
နငိအကုန်လုံးကိုလက်စဖျောက်ပစိလိုက်ပီပဲကျေနပ်
တော့လေ နင့်အကောင်လည်းဘာမှမှမဖြစ်တာ..."
"သူတို့ကိုသတ်ပစ်လိုက်တာနဲ့ဒီကိစ္စကပီးမသွားဘူး
ကျတော့်ရှေ့နေနဲ့လာမယ် မာမီကျတော်တသက်လုံးစာ
ရှင်းလင်းကြတာပေါ့...."
စကားကုန်ပြောကာလှေကားထစ်များပေါ်တက်လာခဲ့ပြီး
အိမ်ကြီး၏သူအကြိုက်ဆုံးနေရာဝရံတာအကျယ်ကြီး
သို့လျှောက်သွားလိုက်သည်။မျက်နှာချင်းဆိုင်တည့်တည့်မှထယ်ယောင်းတို့အိမ်တော်ကြီးအားငေးကြည့်မိသည်။
ခြံထဲရှိမြက်ခင်းစိမ်းပေါ်တွင်ပန်းချီဆွဲနေပုံရသော
ထယ်....ခြေထောက်နားတွင်ပွတ်သီးပွတ်သတ်လုပ်ကာ
ရှုပ်ချင်ပုံနေရသောခွေးညိုလေးအားလက်ညိုးထထောင်
ထောင်ဖြင့်ဆူနေသောပုံ....။သူနဲ့သာမဆုံဖြစ်ခဲ့ရင်
ဒီအချိန်ခွေးလေးအားချီပြီးထယ်အေးဆေးပန်းချီဆက်
ဆွဲလို့ရအောင်ကူညီပေးမည်သူဖြစ်လာမှာမလွဲ။
"သခင်လေး...ထမင်းစားပါလား...ပီးရင်ဆေးရုံပြန်မှာ
မလား...."
"ရတယ် ဆာလည်းမဆာဘူးအိမ်တော်ထိန်းကြီးလုပ်စရာ
ရှိတာလုပ်ပါ...."
"ဂျောင်လေး......ခဏလေးပါ ပီးရင်အရာအားလုံးက
အဆင်ပြေသွားမှာ အမေဖြစ်သူကလည်း စေတနာအမှား
ဖြစ်နေရတာ ဘယ်မိဘမဆိုကိုယ့်သားသမီးကိုအကောင်း
ဆုံးတွေကြီးပဲဖြစ်စေချင်တာပါ....."
"ခက်တာက သားသမီးတွေအမှန်တကယ်စိတ်နှလုံးသား
ထဲက သတ်မှတ်ထားတဲ့အကောင်းဆုံးကိုလက်မခံနိုင်ဘဲ
သူတို့စံထားရတဲ့အရာကလျှင်အကောင်းဆုံးဆိုပြီး
တယူသန်နေတာကြ ကျတော်နဲ့မဖြစ်တော့ဘူး...."
"ဂျောင်လေး အမေ့ကိုနားမလည်တာပါ...."
"သူကလည်းကျတော့်ကိုမသိဘူးလေ...ကျတော်သွား
တော့မယ် စိတ်တွေမွန်းကျပ်လို့ခဏမတ်တပ်လာရပ်တာ"
Jungkookထွက်သွားခဲ့ပြီးသည့်နောက်တဖက်ခြံထဲမှ
လက်ကလေးပြကာနူတ်ဆက်နေသောထယ်ယောင်းသည်
မကြာမှီကJungkookငေးကြည့်နေခဲ့သည်ကိုမသိဘဲနေ
ရော့မလား။
"သူစိတ်ညစ်လာပီဆို ဝရံတာကြီးထွက်ထွက်ပီးမင်းနဲ့ငါ
ရန်ဖြစ်နေတာကို ကြည့်ကြည့်နေရတာကြိုက်တာလား
မသိဘူး...."
ဝရံတာပေါ်တွင်ငေးနေပုံရသောယောကျ်ားတယောက်၏
ပုံအားအရောင်ထပ်ဖြည့်ရင်းပွစိပွစိပြောနေသောသခင်
အားခွေးလေးကနားလည်ပုံရကာထောက်ခံနေသည်။
"ငါ့မှာဘယ်လောက်ပြိုလဲပြိုလဲ သူငါ့ကိုကြည့်လိုက်ရုံ
နဲ့စိတ်သက်သာရာရအောင်အမြဲနေပေးခဲ့တာဘာလို့လဲ
မင်းသိလား"
"မပြောဘူး...လာမစပ်စုနဲ့...."
ခွေးညိုလေးသည်မျက်နှာအနှံ့နမ်းရှုံ့လာတာကြောင့်
ရှောင်တိမ်းရင်းမြက်ခင်းစိမ်းပေါ်တွင်ထိုအကောင်လေး
အားဖက်ထားကာဦးအောင်အရင်နမ်းနေလိုက်သည်။
....................။
ပန်းစည်းဖြူဖြူလေးအားကိုင်ကာဆေးရုံရှေ့တွင်ဝင်သင့်မဝင်သင့်စဉ်းစားနေမိသည်။
Jim inသတိရပီဖြစ်ကြောင်းနဲ့အရာအားလုံးပုံမှန်ဖြစ်ကာ
ထိုင်နေနိုင်ကြောင်းNamjoonဆီမှဖုန်းရတာကြောင့်
ပြေးလာခဲ့ခြင်း။ရောက်ခါမှ တွေဝေကာချီတုံချတုံနှင့်
ငါကပ်တွယ်သလိုများဖြစ်နေမလား....
ငါကယ်ထားတာပဲလေ....
Jungkookရဲ့အကြည့်တွေကိုသည်းခံနိုင်လို့လား...
ရပါတယ်...ငါအများကြီးကူညီထားတာပဲ
တလှည့်စီတွေးရင်းဆေးရုံအထပ်အဆင့်ဆင့်သို့တက်လာ
ခဲ့သည်။လက်ထဲမှပန်းစည်းဖြူဖြူအားတချက်မွှေးကြူ
လိုက်ပြီးအခန်းတံခါးရှေ့အရောက်တခုခုကျကွဲသော
အသံ...။
"အယုတ်တမာ မိသားစု..မင်းရောမင်းအမေရော
သေသင့်တာ...ထွက်သွားစမ်း...!!!"
ဝင်သွားဖို့ကမဖြစ်နိုင်တာကြောင့်အခန်းတံခါးရှေ့တွင်
မလှုပ်မယှက်ရပ်နေမိသည်။နောက်ထပ်ကျကွဲသံတခု..
"ဖုန်းတွေကိုဘာလို့ဖြုန်းတီးနေတာလဲ ...!!!!!!"
"မင်းကိုငါဖုန်းဆက်တယ် ငါ့ဆံပင်တွေကိုဆောင့်ဆွဲမခံ
ရခင် ငါ့လက်တွေကိူရိုက်ချိုးမခံရခင် ငါအသိစိတ်
မပျောက်ခင် မင်းဘာလုပ်ခဲ့လဲJeonJungkook....
သွား အဲ့​ေ-ာက်လုပ်တွေပဲလုပ်....မင်းသေရင်မင်းရှာ
ထားတဲ့ပိုက်ဆံတွေနဲ့သဂြီုလ်ပေးမယ်...."
"တောင်းပန်ပါတယ် ဒူးလည်းထောက်ပီးပီ ထိုင်ရှိခိုးဖို့ပဲ
ကျန်တော့တယ်Hyungရယ်.မောင်အကုန်လုံးကိုလမ်း
အဆုံးကိုပို့ပီးပါပီ မောင်လည်းခွင့်မလွှတ်နိုင်ပါဘူး
Hyungဆေးရုံဆင်းတာနဲ့ဂျပန်မှာလက်ထပ်ပီးအပြီးသွား
နေရအောင်....."
စားပွဲပေါ်တွင်အလှတင်ထားသောကြွေပန်းအိုးငယ်သည်
Jungkookဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်....။ပြန့်ကျဲ
သွားသောအပိုင်းအစတွေနှင့်အတူဘယ်နေရာတွေထိ
လို့ထိမှန်းတောင်မခံစားနိုင်ခဲ့....။
"Hyung...ပစ္စည်းတွေကိုလွှင့်ပစ်မနေနဲ့ နောက်ထပ်လက်
တဖက်ထပ်ထိသွားမယ် တော်ပါတော့...."
"ငါကလူသတ်ချင်နေပါတယ်ဆိုမှ မင်းကအရေမရ
အဖတ်မရကိစ္စကိုလာပြောနေတယ် မင်းသိလား
အဲ့ကောင်တွေငါ့ကိုခွေးကျင့်ခွေးကြံကြံသွားတာထက်
ငါ့ဖုန်းကိုမင်းစောက်ဖက်လုပ်ပီးမပြောတာကိုငါပိုနာ
ကျင်တယ် အယုတ်တမာကောင်ရဲ့...."
ရက်ပိုင်းအတွင်းပိန်ကျသွားသောHyungသည်ဆေးရုံ
ဝတ်စုံလေးအောက်သွေးကွေးနေလျက်..။ဆေးပိုက်တွေ
သွယ်တန်းထားတာကြောင့်ခုတင်ပေါ်တွင်အားမလိုမရ
သူ့အားနီးစပ်ရာပစ္စည်းများဖြင့်ကောက်ပေါက်ရင်း
တုန်ရီနေခဲ့သည်။
"နောက်မဖြစ်စေရပါဘူး...အသက်နဲ့ကျိန်ပါတယ်..
နောက်ဘယ်တော့မှမထိခိုက်စေရတော့ပါဘူး..."
"မင်းပဲသေသွားလိမ့်မယ်...သွားထွက်သွား...
မင်းမျက်နှာကိုမြင်ရင်မင်းအမေကိုမြင်နေရလို့ရူးတော့
မယ်...."
"ထွက်မသွားခိုင်းပါနဲ့....မောင်ဘာလုပ်ပေးရမလဲ
ကလေး...ကျေနပ်အောင်မောင်ဘာလုပ်ပေးရမလဲ..."
"ပြတ်မယ်...ငါတို့လမ်းခွဲသင့်ပီ နောက်တစ်ခါဆိုသေချာ
တယ်ငါသေပီ ခုလည်း YoongiHyungလာကယ်တာ
မြန်လို့..ငါသူ့ကိုသေချာတောင်ကျေးဇူးမတင်ရသေးဘဲ
မင်းမျက်နှာကိုအရင်မြင်ရတာ
အရမ်းမုန်းစရာကောင်းတယ်"
"Hyung.....!!!"
"ငါ့ကိုလာမအော်နဲ့ JeonJungkook.....အရာအားလုံးက
မင်းရဲ့အမှားတွေကြီးပဲ...."
"Hyungကိုချစ်လို့မှားခဲ့တာကြီးပဲ...သိပ်ကျေးဇူးတင်ချင်
နေရင်တင်ရမယ် အသက်သခင်ကျေးဇူးရှင်ကြီးဆို
တော့ သိတတ်ရမှာပေါ့လေ...."
"အမှန်တရားပဲဟာ မကျေနပ်ရင်သွေးအန်နေလိုက်...."
သူစိမ်းယောကျ်ားလေးတစ်ယောက်၏နာမည်သည်
ရန်ပွဲထဲသို့ဝင်ရောက်လာသည့်အခါJungkook၏
ခံစားချက်များသည်ဒေါသဘက်သို့ကူးပြောင်းလာခဲ့သည်။အချိန်မှီကယ်ပေးခဲ့တာဟူသောသတ်မှတ်ချက်
တခုဖြင့်ပိုမိုနီးကပ်လာသောMinYoongi အားအကောင်း
အဆိုးတခုမျှပင်မပြောဘဲဘာလုပ်လုပ်ကြည့်နေပေးခဲ့
သည်။ဆေးရုံလာခဲ့လည်းသူအေးဆေးစွာကြိုဆိုခဲ့မြဲ...
လုပ်ငန်းရှင်တယောက်အနေနဲ့ Jiminနဲ့သုံးနှစ်ကျော်မျှ
တည်ဆောက်ထားသောRelationship တခု၏ပိုင်ရှင်
အနေနဲ့ ရင့်ကျက်ပေးခဲ့တာ တရားပေါက်နေလို့မဟုတ်
သူရဲ့ပေါ့ဆမှုတခုကြောင့်ခေါင်းငုံ့နေခဲ့ခြင်းပင်။
"ကျတော့်ကိုဒေါသထွက်လာအောင်မလုပ်ပါနဲ့လား
ဒီလိုအချိန်မှာဘာမှမဖြစ်ချင်ဘူး Hyungရယ်..."
"ငါလည်းမင်းနဲ့ဘာမှမဖြစ်ချင်ဘူး...သွားတော့..
JeonJungkook..ငါရေစက်ကုန်ချင်ပီ..."
"မောင်တို့တနေရာကိုထွက်သွားကြမယ်...မောင့်အလုပ်
တွေလည်းထားခဲ့လိုက်တော့မယ်..Hyungသဘောကျ
နေပေးမယ် ဟုတ်ပီလား ရေစက်ကိုတော့မကုန်လိုက်ပါနဲ့
မောင် ကလေးမရှိရင်တရက်တောင်အသက်ရှင်နိုင်မဲ့
ပုံမပေါ်ဘူး..."
"ဟုတ်လား...."
တွေးဆဆဖြစ်သွားခဲ့သောJiminသည်မဲ့ပြုံးလှလှတခုပြုံး
လျက်...
"ဒါဆို တနေရာရာကိုထွက်မသွားဘဲ မင်းအိမ်တော်
ခမ်းခမ်းနားနားကြီးမှာပဲငါနဲ့အတူနေလိုက်မယ်ဆိုရင်
ရော လက်ထပ်မယ်ဆို ငါ့ကိုတိုက်ခန်းမှာတိတ်တိတ်လေး
ဖွက်ထားတာထက်စာရင် Officalချစ်ကြည့်လိုက်ပါလား"
အခန်းအပြင်ဘက်တွင်MinYoongi အပြင်နောက်ထပ်
ရောက်နေသောNamjoonသည်အခန်းတံခါးအားဖွင့်
ဝင်သွားကြောင့်တားချိန်မရလိုက်။
"Jimin...မဟုတ်တာတွေမတွေးစမ်းနဲ့...အကုန်ဒုက္ခရောက်
ကုန်မယ် အရွဲ့တိုက်တိုင်းအရာအားလုံးအဆင်ပြေသွားတာမဟုတ်ဘူး မနေရဘူး Hyungလက်မခံဘူး..."
"ရတယ်...လိုက်နေ အဓိကက Hyungမောင့်ကိုစိတ်ဆိုး
ပြေဖို့ပဲ..Hyungဖြစ်ချင်တာအကုန်ဖြစ်ရမယ်..."
"JeonJungkook.....မင်းJiminကိုထပ်အဆိပ်မခတ်ပါနဲ့"
"ကျတော့်ကိစ္စပါ ကျတော့်ယောကျ်ားကျတော်ဘာလုပ်
လုပ်..."
"တခုတော့ရှိတယ်...မင်းအမေကိုငါမမြင်ချင်ဘူး
အိမ်ပေါ်ကထွက်သွားခိုင်းလိုက်ဘယ်တော့မှမလာစေ
နဲ့ငါအရိပ်တောင်မမြင်ချင်ဘူး..."
"Jimin...."
Namjoon၏အော်သံသည်ဟိန်းထွက်သွားတာကြောင့်
Jiminကိုယ်လုံးသေးသေးသည်တုန်ခနဲဖြစ်ကာငယ်ငယ်
ထဲကလေးစားရိုသေရသည့်အရှိန်ကြောင့်အသံလေး
သည်တိခနဲကျသွားခဲ့သည်။
"Hyungသဘောအတိုင်းပဲ .....Hyungမပြောခင်ထဲက
ကျတော်ကလည်းစီစဉ်ထားမိသားပါ ဒီလိုမျိုးမဟုတ်
ခဲ့ပေမယ့်..."
"ငါမခွဲနိုင်လို့မဟုတ်ဘူးနော် ငါဒုက္ခပေးချင်လို့....."
တပဲ့ပဲ့ကြွေကျခဲ့ရသောစိတ်အစဉ်သည်Hyung၏ရွဲ့တဲ့တဲ့
နူတ်ခမ်းလေးတွင်ဒူးထောက်ကျကာလည်စင်းပေးခဲ့ရ
သည်။ဘာမှထပ်မပြောမိခေါင်းတဆက်ဆက်ညိတ်ကာ
ထွက်လာခဲ့မိသည်။ဒေါသထွက်ကာတစစီဖျက်ဆီးပစ်
လိုက်ချင်သော်လည်းရင်ကွဲမတတ်သနားနေသည့်စိတ်
အစဉ်သည်ရူးမလိုပင်။
အဆိပ်တွေထဲဆွဲမထည့်ချင်ဘူးဆိုမှကလေးရယ်....။
ဘာလို့ဒုက္ခရှာချင်ရတာလဲ.....။
မခံချင်စိတ်နဲ့အတ္တတွေကိုမောင့်အချစ်တွေနဲ့ချေဖျက်ပစ်
လို့မရဘူးလား.....ကွာ။
ဆေးရုံခန်းလေးထဲတွင်တော့..
"ကျတော့်ကိုဘာလို့အော်တာလဲ...ကျတော်ကဘာမှား
လို့လဲ Hyungကကျတော်လွန်တယ်လို့ပဲထင်နေတုန်းလား"
ရင်ဘက်အားတဘုန်းဘုန်းထုကာနူတ်ခမ်းတွေကိုက်လျက်
အသံမထွက်သောရှိုက်ငိုမှုတွေနဲ့အတူကုတ်ဖဲ့နေရင်း
ခက်ခက်ခဲခဲဆိုလာလေသူ..။
"ကျတော်သူ့ကိုချစ်တာHyungမသိလို့လား...သူပြောသလိုထွက်သွားဖို့ကရောထင်သလောက်လွယ်မယ်တဲ့လား
Jungkook ကငယ်ပါသေးတယ်..ထင်ရာမြင်ရာလျှောက်
လုပ်ဖို့ငယ်လွန်းတဲ့ကလေးလေးဆိုတာHyungကမသိလို့
ကျတော့်ကိုလာအော်နေတာလား..."
"သူ့အိမ်မှာသွားနေပီးပြသနာရှာတာသူ့အမေကိုနိုင်မဲ့နည်း
လမ်းမဟုတ်ဘူးလေကွာ...."
"မသိဘူး မသိချင်ဘူး...ကျတော်Jeonနဲ့လည်းမခွဲရဘူး
အဲ့ဒီမိန်းမကိုလည်း တုန်ဆင်းစေမဲ့နည်းကဒါပဲရှိတော့
တယ်....Hyungလာမကန့်ကွက်နဲ့..."
"ခက်လိုက်တာကွာ...."
ပန်းစည်းဖြူဖြူလေးအားအခန်းဝတွင်ထားခဲ့ကာတရွေ့
ရွေ့ပြန်ထွက်သွားသောကျောပြင်သည်အနည်းငယ်တုန်
ရီနေခဲ့သည်။ငိုနေတာလား...
ဟားတိုက်ရီနေခဲ့တာလားဆိုတာတော့
ဘယ်သူမှမခန့်မှန်းနိုင်ခဲ့ပါ....။

ParkJimin ကိုချစ်တယ်....Where stories live. Discover now