8

2K 272 1
                                    

အိမ်တံခါးအားအသံမမြည်အောင်ခပ်တိုးတိုးဖွင့်ရင်း
ဘီယာနှင့်ကြက်ကြော်တချို့ဝယ်လာသောအိတ်ကိုဆွဲ
လျက်ဝင်လာခဲ့သည်။အိမ်ပြန်မရောက်ဖြစ်တာတပတ်
ကျော်နေပြီ။နေ့ခင်းကကြုံခဲ့ရသောစိတ်ပင်ပန်းမှုတွေ
ကြောင့်အိမ်သို့သာပြန်ချင်စိတ်များပေါ်လာလျက်။
အိမ်သည်အရာအားလုံးကိုမဖြေရှင်းပေးနိုင်ရင်တောင်မှ
ခဏတာအေးချမ်းမှုကိုတော့ရစေနိုင်သည်မလား။
"ကိုကို...."
မီးဖိုးခန်းထဲတွင်စားသောက်ရန်ပြင်ဆင်နေတုန်းအသံလေးတစ်ခု။
"Babe မအိပ်သေးဘူးလား..ဆယ်နာရီတောင်ကျော်နေပီ
လေ အဒေါ်ကြီးရော..."
ညဝတ်ဂါဝန်လေးနှင့် Riသည်သိပ်ချစ်ဖို့ကောင်းသော
သူ၏တစ်ဦးထဲသောညီမလေး။၁၀နှစ်အရွယ်RIသည်
ရောဂါပေါင်းစုံ၏နှိပ်စက်မှုကြောင့်ပုံမှန်ထက်သေးကွေး
ကာခပ်ဖျော့ဖျော့မျက်ဝန်းလေးတွေကိုအမြဲပိုင်ဆိုင်ခဲ့ရသူ
"အဒေါ်ကြီးကအိပ်သွားပီ..Babeကိုကို့ကိုညတိုင်းစောင့်
နေတာ"
ပစ္စည်းတွေအားခဏထားခဲ့ကာစိတ်ကောက်နေပုံရသော
ညီမလေးအားကောက်ချီလိုက်ရင်းJiminပြုံးပြလိုက်တော့
ပါးနှစ်ဖက်အားတရှုံ့ရှုံ့နမ်းလာသောRi....။
"အိပ်ရေးဝအောင်အိပ်ပါ Babeရာ နေမကောင်းဖြစ်မယ်
လေ Babeအိပ်ယာထဲလှဲနေရတာက်ုမကြိုက်ဘူးမလား
ကိုကိုပြန်လာမှာပေါ့ ခုပြန်လာပီလေ ကြည့်"
"Namjoon Oppa ပဲလာတယ် Babeကိုမုန့်တွေအများကြီး
ဝယ်ပေးသွားတယ် ကိုကိုကတခါမှမဝယ်လာဘူး..."
"ကြက်ကြော်ဝယ်လာတယ်လေကွာ...."
"ကိုကို ဘီယာနဲ့သောက်ဖို့ဟာကို...."
"Babeကြက်ကြော်ပဲစားလို့ရတယ်လေ..ကိုကိုအသားလေးတွေထွင်ပေးမယ်"
"မစားချင်ဘူး...."
ရင်ခွင်ထဲတိုးဝင်ကာချွဲနေသောညီမလေး၏ချစ်စရာအပြု
အမူလေးများသည် Jungkook နှင့်တော်တော်ကိုတူညီလှ
သည်။ဘာတွေကိုအထင်လွဲနေမှန်းမသိသောကောင်လေး
အကြောင်းခဏမေ့ကာညီမလေး၏ကျောပြင်လေးအား
ခပ်ဖွဖွပုတ်ပေးတော့ငြိမ်သက်နေသောသူလေး။
"အကြာကြီးတွေမထားခဲ့ပါနဲ့ Babeနေမကောင်းတဲ့အချိန်
မျိုးဆို Namjoon Oppaနဲ့ အဒေါ်ကြီးပဲရှိတယ်
ကိုကို Babeကိုမချစ်တော့ဘူးလား....."
"ချစ်တာပေါ့ ကလေးလေးရယ်....ဒီကလေးလေးရောဂါ
တွေပျောက်အောင်ဆေးတွေကုဖို့အလုပ်ထွက်လုပ်နေတာ
လေ RIပဲ မင်းသမီးဖြစ်ချင်တယ်ဆို..."
Riသည်ခေါင်းလေးတဆက်ဆက်ငြိမ့်ပြရင်းရင်ခွင်ထဲ
ခေါင်းလေးတိုးဝင်သွားခဲ့သည်။အေးမြလှသောချစ်ခြင်း
တရားတစ်ခု ကမ္ဘာပေါ်တွင်တခုထဲသောသူ၏သွေးသား
Riသည်သူ့ဘဝတခုလုံးလို့တောင်ဆိုချင်ဆို၍ရနိုင်သည်။
အိပ်ခန်းထဲသို့ချီပိုးခေါ်လာပြီးချော့သိပ်တော့ကလေးပီပီ
ခဏလေးချင်းအိပ်ပျော်သွားခဲ့သောRi။
အပြစ်ကင်းလိုက်တာများလေ.....။
"Jungkookကိုမရိုက်ပါနဲ့....."
အပြစ်ကင်းခြင်းအားစဉ်းစားမိလေတိုင်းထယ်ယောင်းက
အလိုလိုမျက်လုံးထဲတန်းဝင်လာခဲ့ခြင်းကိုမုန်းလှပါသည်။
သူကအရိုက်ခံရအောင်တွန်းပို့ပေးတဲ့သူ ထယ်ယောင်းက
ကာကွယ်ပေးမြဲပေးနိုင်လွန်းတဲ့သူ။သေလောက်အောင်
အားနည်းလှသည့်ကောင်လေးဆိုအုန်းတော့Jungkook
အတွက်ဆိုလျှင်အစွန်းအဆုံအထိရဲရင့်သွားဖို့ဆုံးဖြတ်
ထားလားမသိ။အခန်းတံခါးအားဖွင့်လိုက်တော့အနက်
ရောင်တွေအပြည့်။Jungkookကြိုက်လှတာကြောင့်သူအစ
အဆုံးအနက်ရောင်တွေဆင်မြန်းထားခဲ့ခြင်း။စားပွဲပေါ်က
ဆေးဗူးတွေ....။လက်စွပ်တွေ လက်ပတ်တွေ ဆွဲကြိုးတွေ
များစွာ အဆက်အစပ်မရှိသောစာတိုပေစများလည်း
ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေလျက်။
"လက်မထပ်ပါနဲ့လို့...ငါကပြောပိုင်ခွင့်ရှိလို့လားမောင်ရာ
ငါက မောင့်ကို စီရင်ပိုင်ခွင့်များရှိလို့လား"
ဆေးဗူးထဲမှအိပ်ဆေးတချို့အားပါးစပ်ထဲထည့်လိုက်ရင်း
အေးချမ်းစွာအိပ်စက်ရန်ပြင်ဆင်လိုက်သည်။မှန်ဘောင်
ထဲမှဓာတ်ပုံလေးအားငေးကြည့်ရင်းတောင်းပန်စရာတချို့
လည်းဆိုခဲ့သည်။သူတို့မောင်နှမအားချီပိုးကာပျော်ရွှင်
နေသောသူတို့မွေးစားမေမေ....။JeonJungkook
ပဲရစ်အတင်းအကျပ်ခေါ်သွားကာDateသည်ဟုခေါင်းစဉ်
တပ်ခဲ့စဉ်က မေမေသည်ပျောက်ဆုံးသွားခဲ့သည်။
ပွထလာသောသတင်းတွေနှင့်အိမ်ပေါ်အထိဖိနပ်မချွတ်
တက်လာပြီး လက်ညိုးအကြီးကြီးထိုးကာစော်ကားခဲ့
သောJungkookအမေ၏စကားလုံးများကိုခံနိုင်ခဲ့ပုံမရ။
"သားရေ...ပြန်လာပါ...မဆိုးစမ်းပါနဲ့ကွယ်...ဒီမှာအဆင်
မပြေတော့ဘူး Jiminရယ်...."
ပြန်မလာခဲ့ပါ...။မိုက်မဲခဲ့သည်...။ထိုယောက်ျား၏ရင်ခွင်
ထဲတွင်ပျော်လုံးစုံ့ကာသာယာနေသည့်အချိန်။
ထပ်ခါထပ်ခါလာရောက်စော်ကားမှုများအားမေမေ
ခံစားနိုင်ပုံမရ...နှလုံးရောဂါအခံနှင့်မေမေသည်
ရုတ်တရက်နူတ်ဆက်သွားခဲ့သည်။ပိုစုတ်ယုတ်သွားသော
ညီမလေး၏ကျန်းမာရေးနှင့်မေမေ့အပေါ်တကိုယ်ကောင်း
ဆန်ခဲ့ခြင်းများသည်နေ့တိုင်းအရိပ်မဲကြီးလို....။
တနိုင်ငံလုံးအားဟုန်းဟုန်းထစေခဲ့သောသူ့ရဲ့မူးရူးနေသော
Videoတွေ...ရုပ်ပျက်ဆင်းပျက်ဖြစ်ပျက်ပုံတွေ
ရှုပ်ပွေတတ်သောပျက်ဆီးနေသောယောက်ျားတယောက်
၏ဘဝတခုဖြစ်အောင်နည်းလမ်းပေါင်းစုံဖန်တီးကာ
ကကြိုးစုံခဲ့သောJungkookအမေသည်မုန်းတာထက်ပို
သောခံစားချက်များအားပေးစွမ်းသည်။
ထိုကိစ္စတခုချင်းအပေါ်မယုံကြည်မှုများနှင့်ပိုင်းလုံးသာသာဆက်ဆံခဲ့သောCEOကိုလည်းစိတ်နာခဲ့ရသောအဖြစ်
အပျက်တွေ...သံသရာသည်လည်နေလျက်။
ဖုန်းသံကြောင့်အတွေးစတို့ကိုဖြတ်ကာကြည့်လိုက်တော့
အံ့ဩစရာလူတယောက်ဆက်သွယ်နေခဲ့တာပါလား။
"Hello Min....!Min ဟုတ်တယ်မလား"
"ဟုတ်တယ်"
"ကိုယ် MinYoongi ပါ...."
"သိတယ်...."
"ကိုယ် ခု ဆိုလ်းမှာMin....."
အိပ်ချင်လာပြီဖြစ်သောမျက်လုံးလေးတွေပင်ပြူးခနဲ..။
MinYoongiသည်ပြီးခဲ့သောနွေတုန်းကJungkook
နဲ့အတူအီတလီဘက်ခရီးထွက်ရင်းဆုံခဲ့ရသောသူ။
နှစ်ညအိပ်ပီးနောက် "မောင်အရေးကြီးလို့ဆိုလ်းပြန်သွားတယ် သုံးဖို့နဲ့ ကလေးကြိုက်သလောက်နေဖို့Hotel
စီစဉ်ပေးခဲ့တယ် အိပ်နေလို့မနှိုးသွားခဲ့ဘူး...ချစ်တယ်"
လာခဲ့စဉ်ကအတူတူကိုပြန်မယ်ဆိုလည်းအတူတူပေါ့
ပစ်စလတ်ခတ်အချိုးတွေသည်တစတစလောင်မြိုက်
လာသောမီးပွါးများ။စုံစမ်းကြည့်တော့ထယ်ယောင်း
သူမွေးထားသောခွေးအားလိုက်ဖမ်းရင်းကားတိုက်မိ
တာကြောင့်ဖြစ်နေခဲ့သည်။ကောင်းတာပေါ့ဟု...
ခပ်အေးအေးတွေးရင်းအီတလီတွေတလလောက်အခ်ျန်
ဖြုန်းပစ်ခဲ့သည်။အရက်Barတစ်ခုတွင်ဆုံခဲ့ရသောထိုလူ
တွေ့တွေ့ချင်းကိုရီးယားလူမျိုးများဖြစ်တာကြောင့်
အလွယ်တကူခင်မင်မိကာမြို့ပြအလှအပများအား
လွတ်လွတ်လပ်လပ်ခံစားခဲ့ကြသေးသည်။မီးရောင်
ထိန်နေသောလမ်းမကြီးထက်မူးမူးရူးရူးအော်ရီကြရင်း
ပျော်ရွှင်ရသောအခိုကိအတန့်တချို့ဖြစ်ခဲ့ပါသည်ဟု
ယူဆ၍ရခဲ့သည်။မကြာပါ တွဲကြရအောင်ဟုဆိုလာတော့သူခေါင်းခါခဲ့သည်ဟုထင်သည်။ဖုန်းနံပါတ်ပေးကာ
ကိုရီးယားကိုပြန်ခဲ့တော့MinYoongiသည်မေ့မေ့ပျောက်
ပျောက်...။လပိုင်းတောင်မရှိတွေ့ဆုံသိခဲ့ရသောယောက်ျား
တစ်ယောက် MinYoongi လိုမှတ်တိုင်များသူ့ကမ္ဘာတွင်
အများကြီးရှိခဲ့ပါသည်။ထားခဲ့တော့လည်းပြီးသွားတာပါပဲ
ဒါပေမယ့် MinYoongi ကမပြီးသွားတာလား
"တကယ်လား....ဘာလာလုပ်တာလဲ ခင်ဗျား"
"ပွဲတခုဖိတ်လို့..ပုံမှန်ဆို ကိုယ်မလာတတ်ပေမယ့် Minကို
လည်းတွေ့ချင်နေတာနဲ့ လာလိုက်တာ"
"ကျတော်မအားဘူး.....အိပ်မလို့..."
Minသည်ဂျစ်ကန်ကန်ကောင်လေး...။
"အိပ်ရေးဝရင်ခဏတွေ့လို့ရတယ်မလား ကိုယ်မနက်ဖြန်
Kim စံအိမ်မှာမွေးနေ့ပွဲတခုတက်စရာရှိတာအဲ့တာပီးရင်
တွေ့ကြမယ်လေ...."
Kimစံအိမ်ကမွေးနေ့ပွဲ...။အသံတို့တိတ်ကျတာဦး
နှောက်ကိုအမြန်အလုပ်ပေးလိုက်သည်။KimTaeHyung
အပြင်ဘယ်သူရှိမှာလဲ Kimစံအိမ်ကတောင်တကူးတက
ဖိတ်ခေါ်ရအောင်MinYoongiကဘာကြီးလဲ....။
"KimTaeHyung မွေးနေ့ကိုပြောနေတာလား...."
"သိလို့လား..."
"သိရုံပါ...."
"ပွဲအတူတူတက်ပေးမဲ့သူမရှိလို့ အတူတူလိုက်ပေးမလား
အားလုံးနဲ့မိတ်ဆက်ပေးမယ်လေ Kimမိသားစုက
တကယ့်အကြီးကြီးတွေ...."
အကြီးကြီးတွေကအီတလီအထိလှမ်းဖိတ်ရတဲ့ခင်ဗျား
လည်းတော်ရုံဘယ်ဟုတ်နိုင်မလဲ။Jungkookအမေ၏
မျက်နှာလှလှအားပြေးမြင်မိတော့သေသေချာချာပြုံး
ခဲ့မိသည်။
"ဘယ်အချိန်လာခေါ်မှာလဲ...."
"Minလက်ခံလိုက်တာလား....."
"အားနာလို့ပါအီတလီတုန်းကခင်ဗျားကူညီခဲ့တာတွေ
အများကြီးလေ..ကျတော်ကကျေးဇူးသိတတ်ပါတယ်"
"ကျေးဇူးဆပ်တယ်ဆိုတဲ့စိတ်နဲ့တော့မလိုက်နဲ့ကွာ
ဒီတိုင်းကိုယ့်ကိုပြန်တွေ့ချင်လို့ဆိုတဲ့စိတ်ထားပေး"
"ခင်ဗျားကိုကျတော်မှမတွေ့ချင်တာ..."
"မတွေ့ချင်ရင်ပိုလာတွေ့မယ်..."
ခပ်ဟဟရီသံချိုချိုလေးသည်ရင်ထဲအထိစိမ့်ဝင်ကာ
ဒီကောင်လေးပြန်သွားပီထဲကနေ့တိုင်းသတိရမိနေသော
စိတ်ကိုနည်းနည်းလေးတော့သက်သာသွားစေခဲ့သည်။
တွေ့ကြရအောင်Min.....ဒီတခေါက်တော့Minကိုအီတလီ
အပီးပဲပြန်ခေါ်သွားတော့မယ်.....။
သူ့ဘဝမှာသူမရခဲ့ဖူးတဲ့ သက်ရှိသက်မဲ့တစ်ခုတစ်လေ
တောင်ရှိမှမရှိခဲ့တာ။
မြို့လှလှလေးမှာရက်ပိုင်းလေးတွေ့ပြီးချစ်ခဲ့ရသော
ကောင်လေးကိုတွေ့ချင်စိတ်များထိန်းမရခဲ့ပါ။
"ကျတော်ကဆိုးတယ်......ဆိုးတာထက်ပိုဆိုးတဲ့စကားစု
ရှိရင်ထပ်သုံးလို့ရသေးတယ်......ကျတော်အီတလီမှာ
ရှိနေတာချန်ခဲ့ခံရတာလေ...အမှိုက်လေးလို...
ခင်ဗျားသိလား.လူတွေကချစ်မှန်းသိရင်အနိုင်ကျင့်တယ်
ကျတော်နဲ့တွဲမယ်ဆိုရင် ပထမဆုံးအနေနနဲ့ကျတော်က
သစ္စာမရှိဘူး..လုံးဝသစ္စာမရှိဘူး ဒီကိုကျတော့်
ရည်းစားနဲ့လာတာ....ခုခင်ဗျားနဲ့ပျော်နေတာပဲကြည့်..."
သေးသေးသွယ်သွယ်ကိုယ်လုံးငယ်လေးသည်ယိုင်တိ
ယိုင်တိုင်ဖြင့်နီဆွေးနေသောပါးပြင်လေးများ...
ပန်းနုရောင်ဆံပင်များသည်လည်းအစွမ်းကုန်လှနေသော
အချိန်။အသံလေးသည်မူးနေတာကြောင့်အက်ကွဲကွဲ...
ပျော်နေတယ်ပြောသည် ငိုနေသောရင်ထဲကိုလှမ်းမြင်
နေရပါသည်ဆို ထိုကောင်လေးကအတင်းငြင်းအုန်းမည်
"Hyung က နှစ်ရက်ပဲနေရရင်စိတ်ကောက်မှာ..
သူအီတလီကိုအရမ်းကြိုက်တာ ကိုယ့်မှာစိတ်ကမချပေ
မယ့်သူစိတ်ကျေနပ်အထိနေပါစေဆိုပြီးထားခဲ့တာ
ချက်ချင်းပြန်ရရင်စိတ်ဆင်းရဲသွားမှာကိုကိုယ်တကယ်မလိုလားဘူး..ထယ်က နောက်ဆိုသတိထားပါ...
ဒီလိုမျိုးတွေထပ်မဖြစ်စေနဲ့...."
ဆေးရုံခန်းထဲတွင်ခေါင်းညိတ်ပြနေသောကောင်ငယ်လေး
သည်တောင်းပန်ပါတယ်ဟူသောစကားကိုသာဆိုနေခဲ့
ပါသည်။ ကိုယ့်အတွေးတွေနဲ့ကိုယ်ပျော်သလိုအသက်
ရှင်နေခဲ့ကြတာပဲ။ မှားတယ်မှန်တယ် ...ဆိုတာထက်...

ParkJimin ကိုချစ်တယ်....Where stories live. Discover now