☁️21

16.8K 1.8K 91
                                    

"Jimin...ပိုက်ဆံတွေလျှော်နေရတာကြီးပဲ မရိုက်ချင်ရင်
အစထဲကလက်မခံနဲ့လေကွာ..."
"လက်ခံတုန်းကစိတ်ပါတယ် ခုမှမပါတော့တာ..."
ထမင်းပန်းကန်ထဲကင်ချီတွေရောထည့်ကာခပ်ကြီးကြီး
ဇွန်းတချောင်းဖြင့်မွှေနေသူသည်ထမင်းမစားရတာ
ရက်အတော်ကြာနေသည်သူလို။
"မင်း ဟိုအိမ်မှာထမင်းမစားရဘူးလား"
"စားရပါတယ်..."
"ဘာလို့ပြန်လာသလဲမမေးတော့ဘူး အိမ်ပြန်လာတာ
ပိုကောင်းတယ် ငါမင်းကိုဟိုမှာစိတ်ချတာမဟုတ်ဘူး
Jungkookနဲ့စကားမပြောချင်လို့သာလွှတ်ထားရတာ"
"သူကျတော့်ကို နှင်ထုတ်လိုက်တာ သူ့ကိုလိမ်လို့...."
"ခဏပါကွာမင်းနဲ့တနာရီတောင်ခွဲနေနိုင်တာမဟုတ်ဘူး"
"တပတ်ရှိနေပီ ကျတော့်ကိုမဆက်သွယ်ဘူး"
ဇလုံ၏အောက်ခြေအထိဇွန်းအားထိုးစိုက်ကာအံကြိတ်
ပြောလိုက်သံကြောင့်Namjoon ပင်လှုပ်လှုပ်ရွရွဖြစ်
သွားရသည်။
"မင်းစိတ်တိုနေတာလား....."
"ဒီတပတ်ထဲ OverSeaသွားဖို့ညှိထားတာ ခုတော့ပျက်ပီ
လေ အဲ့တာကိုစိတ်တိုနေတာ..."
"Jungkook ကမဆက်သွယ်လို့များလားလို့..."
"သူမဆက်သွယ်လည်းကျတော့်က်ုဆက်သွယ်မဲ့သူတွေ
တပုံကြီး.....Namjoon Hyungသာမရှိတာ"
"မင်းကိုကြည့်တာနဲ့တင်ငါချစ်သူရည်းစားထားချင်စိတ်
ပျောက်တယ် ParkJimin ရေ..."
ဖုန်းဝင်လာတာကြောင့်စားလက်စထမင်းဇလုံအားထား
ခဲ့ကာအခန်းထဲသို့ဝင်သွားသူ၏ရီသံများသည်ပျံ့လွှင့်
လျက်။Jungkookတော့မဖြစ်နိုင်ပါ။Jungkookကတော်ရုံ
ဖုန်းဆက်တတ်သူမဟုတ်။
အခန်းထဲရောက်သည်နှင့်ဝါကျင်ကျင်အခန်းမီးအားမှိတ်
လိုက်ကာဒေါင့်တနေရာတွင်ထိုင်ချလိုက်သည်။ဖုန်းအား
အိပ်ယာပစ်တင်ရင်းPowerပါတခါထဲOffလ်ုက်သည်။
တပတ်တောင်.....။တွဲလာသည့်တလျှောက်လုံးပထမဆုံး
ဥပေက္ခာမို့ယုံတောင်မယုံနိုင်။နာရီပိုင်းအတွင်းပြေးပြေး
လာကာချော့တတ်သူသည်ဘာတွေလုပ်နေသလဲမသိ။
သူ့ကိုတကယ်ပဲစွန့်ပစ်လိုက်တာလား။မဖြစ်နိုင်ပါ
JeonJungkook သည်သူ့စိတ်နဲ့သာအသက်ရှင်နိုင်တဲ့သူ
ဖြစ်ကြောင်းယုံကြည်ပါသည်။
ငါအနိုင်လိုချင်စိတ်များတယ်ဆိုတာလည်းမင်းသိရက်နဲ့
ကွာ ငါမသိလို့လုပ်မိတာလေ....ဒါကိုရက်အကြာကြီး
မင်းစိတ်ကောက်နေရလား။ဆေးလိပ်အားမီးညှိနေသော
လက်တို့ပင်တုန်နေတာကြောင့်အခန်းထောင့်သို့မီးမစွဲ
သောဆေးလိပ်အားလွှင့်ပစ်လိုက်သည်။
"ဆေးလိပ်သောက်တာတောင်အဆင်မပြေဘူး...ကွာ"
ကြမ်းပြင်ပေါ်သို့လှဲချလိုက်ကာမျက်နှာကျက်အား
အဓိပ္ပာယ်မဲ့ငေးနေမိသည်။အကြိမ်ကြိမ်အခါခါဖြတ်ခဲ့
တာကသူပါ.....အရှက်မရှိဖက်တွယ်ခဲ့တာလည်းသူပါပဲ
Jungkookကတော့အပြောနှင့်အလုပ်တော်တော်ကို
ညီပုံရသည်။
"မနေတတ်လိုက်တာကွာ...."
မနေတတ်၍ခွေခေါက်နေလို့မရပါ။လက်ခံထားသောပွဲ
တခုကမဖြစ်မနေတက်ပေးရအုန်းမည်။စိတ်မကြည်၍
မသွားတော့ဘူးလုပ်ထားသော်လည်းတာဝန်ခံ၏ရှိခိုး
မတတ်အပြောတွေကြောင့်အားနာသမှုလေးတော့ရှိရမည်။အင်တာနက်ပေါ်တက်ကြည့်သည်။
CEOလေးဘာလုပ်နေမလဲဆိုတာသိချင်သောစိတ်သည်
တား၍မရ..Hotelတခုဆောက်ရန်မြေနေရာညှိနှိုင်း၍
အောင်မြင်ခဲ့ပုံရသည်Twitter ပေါ်တွင်စာချူပ်တခုအား
ရိုက်တင်ထားသည်။အလုပ်တွေကြိုးစားနေသည့်ပုံ...
သူ့အားအရိပ်အယောင်တောင်မဆက်သွယ်ဘဲသေသေ
ချာချာကိုဥပေက္ခာပြုထားနိုင်တာ။
"ငါပြန်ညှိလိုက်ရင်ကောင်းမလား မကောင်းပါဘူး
အစထဲကအထင်သေးနေတာ တော်ကြာပက်ပက်စက်စက်
တွေပြောရင်စိတ်ကထိန်းနိုင်မှာမဟုတ်ဘူး တကယ်ပဲ
ငါ့ကိုပြတ်သားနိုင်သွားတာလား မဖြစ်နိုင်ပါဘူး
JeonJungkook က ငါ့ကိုပြတ်သားန်ုင်တယ်ဆိုတာ
တစ်သက်လုံးမဖြစ်နိုင်ဘူး ဟုတ်တယ်..
ပထမဆုံးအကြိမ်ပြန်ချော့ကြည့်ရင်ကောင်းမလား..
သူ့အဖေဆိုတော့လည်း အရမ်းဝမ်းနည်းသွားမှာပဲ
ဒီလိုကြီးပြီးသွားရင် သူ့အမေကိုငါရှုံးတာသေချာနေပီ
ဘာလုပ်ရမလဲParkJimin ဘာလုပ်ရမလဲ....."
"Jiminပွဲချိန်နီးနေပီနော်..မင်းပြင်ဆင်ရမှာတွေနဲ့သွား
တော့ မိတ်ကပ်လည်းလိမ်းရအုန်းမလား
ဟိုမှာ စောင့်နေကြပီ..."
တံခါးကထုရိုက်ကာအော်ပြောသွားသောNamjoon
Hyungကို ဟုတ်ကဲ့ဟုသာလေးလေးပင်ပင်ပြန်ဖြေခဲ့သည်
သေသေချာချာလေးပြင်ဆင်ပီးသူကြိုက်တဲ့နို့ဗူးတွေဝယ်
ပီးသွားချော့ရမယ်...မာနကိုတထစ်လောက်လျှော့ရအောင်
Jimin ရာနော်....မင်းခံစားရတွေတော့နားလည်ပေမယ့်
တပတ်ကတော့ မနေတတ်တော့ဘူးကွာ...ငါ့ကိုခွင့်လွှတ်ပါ
ငါနောက်တခါဘယ်တော့မှအဲ့CEOကိုအောက်မကျစေရ
ပါဘူး ကတိကတိ...။ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်တောင်း
ပန်ရင်းဂျင်းအကျီတထည်ထပ်ဝတ်ကာအိမ်မှထွက်ခဲ့
သည်။
..........................။
"ဟဲ့..ဟိုမှာJiminမလား...အမယ်လေးး ချောလိုက်တာ
ဟယ်....."
ပွဲထဲသို့တကိုယ်ထဲကြွကြွရွရွဝင်လာသောထိုလူသားသည်
မျက်နှာသေဖြင့်ယုံကြည်မှုရှိစွာမိမိုက်နေသည်။
Jiminမလားဆိုထဲကဖျက်ခနဲလှမ်းကြည့်လိုက်ပြီး
မျက်နှာလွှဲလိုက်သည်။အနည်းငယ်ပိန်သွယ်သွားသော
ကိုယ်လုံးငယ်ရယ် မိတ်ကပ်ဖုံးထားပုံပေါ်သောမျက်ကွင်း
တွေသည်သေချာပေါက်ညိုနေလိမ့်မည်။
Celebrity တော်တော်များများနှင့်စီးပွါးရေးနယ်ပယ်က
လူများစုံစုံလင်လင်လာကြသည့်ပွဲတွင်သူHyungကို
မျှော်လင့်ထားပီးသားပါ။ရှန်ပိန်တခွက်အားကိုင်ထားပြီး
ဘေးကအရုပ်ကလေးအားစကားပြောနေလ်ုက်သည်။
"Hoseokကိုမျှော်နေတာလား..ထယ်..."
ထယ်သည်မလုံမလဲပြန်ကြည့်လာကာခေါင်းခါသည်။
"ထယ်...ဒီလောက်လူအများကြီးရှိတဲ့ပွဲကိုလာတယ်ဆို
ထဲက ကိုယ်ရိပ်မိပါတယ်...."
"ဖေဖေ သွားခိုင်းလို့ပါ...."
"ထယ်လေးတောင် လိမ်တတ်နေပြီပဲ"
"Jungkook ကလည်း...ထယ်တကယ်ပြောနေတာကို.."
မျက်မှောင်လေးကျုံ့ရင်းနူတ်ခမ်းချွန်ကာပြောနေသော
ထယ်သည်ဆံပင်လေးတွေအားဆွဲဖွလိုက်ရသည်အထိ
ချစ်ဖို့ကောင်းနေသည်။အမှတ်တမဲ့မျက်လုံးတို့တနေရာ
ရောက်သွားတော့စိုက်ကြည့်နေသောအကြည့်တစုံ။
မာထန်နေသောမျက်နှာကြောင့်ထယ့်ဆံပင်တွေကြားမှ
လက်တို့ကိုချက်ချင်းရုတ်လိုက်ကာရှန်ပိန်ကိုသာသောက်
နေလိုက်သည်။
အော်...ပွဲထုတ်လာခဲ့တာပေါ့လေ..။ငါမရှိလည်းအဖိုးတန်
ကောင်လေးရှိကြောင်းလူစုံတုန်းပြသလိုက်တာပေါ့။
ပြုံးနေလိုက်တာများ..။
ဘယ်တုန်းကKimTaeHyung နဲ့Public မှာအတူတူရှိခဲ့ဖူး
လို့လဲ...မျက်နှာလေးကိုတောင်နူးနူးညံ့ညံ့ကြည့်ပြီး
ကြင်နာပြနေသေးတယ်...အဟက်....
ငါလိုကောင်ကဘာမှဘောင်မဝင်ကြောင်းတဖက်လှည့်လေးနဲ့ပြောပြလိုက်ပေါ့..။ငါလာမယ်ဆိုတာမသိလို့
တော့မဖြစ်နိုင်ပါဘူး။ဘယ်တုန်းကမှJeonJungkook
ဟာပါတနာတစ်ယောက်နှင့်အတူတူပွဲမတက်ခဲ့ဖူး။
သူ့ရဲ့တချက်လွတ်ကန့်သတ်ချက်ကြောင့်သူနဲ့အတူတူ
တွဲမတက်ရပါကတခြားဘယ်သူနဲ့မှမတက်ခဲ့ရ။
လုပ်ငန်းသဘောသဘာဝတွေအားလည်းသူလုံးဝဂရုမ
စိုက်ခဲ့။Jungkook သည်လေးလေးစားစားပင်နားထောင်ခဲ့
ကာသူ့သဘောအတိုင်းဖြစ်စေခဲ့သည်။သို့သော်...
ကွဲကွာခဲ့သောရက်ပိုင်းလေးအတွင်းစေ့စပ်ထားသူအား
လက်တွဲကာပိုင်ပိုင်နိုင်နိုင်သူ့စည်းကမ်းအားသွေဖယ်
လာခဲ့သည်။
ငါပဲရွဲ့ချင်တာ...ငါ့ကိုရွဲ့တာကိုငါမကြိုက်ဘူး
Jeonjungkook...။ထ
KimTaeHyung အားတစိမ့်စိမ့်ကြည့်ပီးပြုံးနေသူကို
ဓားတချောင်းကိုင်ကာနုံ့နုံဆင်းနေသောစိတ်ဖြင့်စိုက်
ကြည့်နေသူမိမိအားပွဲထဲရှိလူအများကကွက်ကြည့်ကွက်
ကြည့်။KimTaeHyungနှင့်သူ့အားသဘောကျငေးကြည့်
နေသောလူများသည် သူနှင့်JeonJungkook ပုံတွေ
ပျံ့နှံလာတိုင်းသူ့အားဝေဖန်ကဲ့ရဲ့ခဲ့ကြသူတွေမလား။
"Jimin....မင်းဘိုးတော်လေးက
.မင်းကိုမခေါ်ဘူးလား မင်းရောက်လာ
ထဲကမင်းဆီတောင်မလာဘူး...ရန်ဖြစ်ထားကြတာလား"
"မအားဘူးထင်ပါတယ်.."
"KimTaeHyung နားပဲကပ်နေတာနော်..ထိန်းအုန်း
သူတို့ကငယ်သူငယ်ချင်းတွေဆို..."
"ဟုတ်မှာပေါ့"
"မင်းကိုပလစ်သွားတာလား Jimin တခုခုမဟန်ရင်ပြော
နော် ငါတို့ရှိတယ်..."
"အင်း....ပြောမယ်...ပြောရမှာပေါ့ကွာ...ငါပြန်တော့မယ်
မနက်ဖြန်ကျ ပစ္စည်းရှာထားကြအုန်း"
"တအားတွေမသုံးနဲ့ကွ များရင်မကောင်းဘူး"
"ကောင်းတယ်...ကောင်းလို့သုံးနေတာ..."
ဆယ်မိနစ်လောက်သာထိုင်နေနိုင်ခဲ့ပြီးချက်ချင်းဆိုသလို
ထထွက်သွားသူ၏ကျောပြင်အားစိုက်ကြည့်ရင်း
ပြေးလိုက်ရင်းကောင်းမလားဆိုသောစိတ်ကဝင်လာသည်။သူ့အပေါ်မစဉ်းစားပေးခဲ့ပုံများအားပြန်မြင်လာခဲ့
တော့ခြေလှမ်းတွေကတုန့်ခနဲ။မာမီသည်အဲ့ဒီနေ့က
စိတ်လှုပ်ရှားစွာကားမောင်းရင်းမတော်တဆဖြစ်ကာ
ဆေးရုံရောက်ခဲ့သည်။အလုပ်တဖက် မာမီ့ကိစ္စတဖက်
နှင့်ထိုလူသားအားမမေ့နိုင်သော်လည်းခေတ္တခဏတော့
မေ့ထားလိုက်သည်။အိမ်ကိုပင်မပြန်ခဲ့ အိမ်တော်ထိန်း
ကြီးကအစကြည့်ရမှာရှက်နေခြင်းကြောင့်။ဒီပွဲကိုလက်ခံ
ခဲ့သည်ကလည်းHyungလာမှာကြိုသိနေခဲ့၍သာ။
ထယ် လာလိမ့်မယ်လို့တော့မထင်ခဲ့ပါ...။ထယ်ဘာကြောင့်
ရောက်လာခဲ့သလဲ ထယ်သာသိလိမ့်မည်။
............။
ပွဲကပြန်လာပြီးနောက်မြို့ထဲတစ်ယောက်ထဲကားပက်
မောင်းနေလိုက်သည်။လူအများရှေ့တွင်နူးနူးညံ့ညံ့ကြည့်
နေသူ၏မျက်ဝန်းတွေအားပြန်မြင်ယောင်မိတိုင်းဒေါသ
ကအတိုင်းမသိထွက်သည်။မကြာပါInternet ပေါ်
တက်လာသောJungkook နှင့်TaeHyung ၏ချစ်ကြည်နူး
မှုဓာတ်ပုံများသည်ပလူပျံလျက်။အမြဲတမ်း
သူဌေးသားချောချောလှလှလေးနှင့်ယှဉ်လိုက်လျင်ရှုံးခဲ့
ရတာကြီး။ငယ်သူငယ်ချင်းထက်ပိုသောထယ်ယောင်း
ခံစားချက်တွေကိုမမြင်ခဲ့တာမဟုတ်မြွေမြွေချင်းခြေမြင်
ခဲ့သည်။အလွယ်တကူလက်လျှော့ပေးကာJungkook
စိတ်ချမ်းသာစေမည့်အရာတွေကိုသာရွေးချယ်လုပ်ခဲ့တဲ့
အကွက်ကိုလည်းသူမကျေနပ်ခဲ့။Jungkook သည်
လည်းမထိရက်မကိုင်ရက် ရဲရဲတောင်မကြည့်ဘဲ
သံယောဇဉ်ရှိပုံကအထင်းသားရယ်။
KimTaeHyung နှင့်လက်ထပ်ပွဲကိုသာငြင်းခဲ့တာ
KimTaeHyung ကိုငြင်းခဲ့တာမဟုတ်။သူနဲ့တွဲလာခဲ့သော
တလျှောက်လည်းထယ်ယောင်းအားမည်မျှအလေးထား
ခဲ့ကြောင်းသူ့ကိုအီတလီမှာတယောက်ထဲထားခဲ့ခြင်းက
သက်သေ..။သူမဟားတရားဆိုးလို့စိတ်ကုန်နေသော
အချိန်တွင်KimTaeHyung ၏ချစ်ခြင်းတရားတွေကို
သာJungkook မျက်စိလည်ပြီးမြင်တတ်သွားခဲ့ရင်။
ကောင်းတာပဲလေ..ငါလွတ်လပ်တာပဲအနည်းဆုံးတော့
ပိုင်းလုံးကောင်လို့လက်ညိုးအထိုးမခံရတော့ဘူးပေါ့
အစော်ကားမခံရတော့ဘူးလေ...။
ဒါပေမယ့်..ဘယ်လိုလုပ်ရမလဲ ခုချက်ချင်း
JeonJungkook ဆီစာရင်းသွားရှင်းချင်နေတယ်....။
ဘာအချိုးလဲမေးမေးပီးထုရိုက်ချင်နေတယ်
စိတ်မချလို့ရူးတော့မလို့ပဲJeonJungkook ရေ။
ညဆယ်နာရီထိုးနေသော်လည်းကားအားပြန်ကွေ့လိုက်
ကာJungHoseokအားဖုန်းခေါ်လိုက်သည်။
"ငါပါJimin...."
"အင်း..ဘာဖြစ်လို့လဲ.."
"CEO ဘယ်မှာလဲ....Hoseok"
"ကျတော်နဲ့အတူရှိမနေဘူး ခုနအဆက်အသွယ်အရတော့
Hotelပြန်သွားပီ"
"အိမ်မှာမနေဘူးလား"
"Jimin Supriseပီးထဲက အိမ်မပြန်တော့တာ..."
"တအားအံ့ဩသွားတဲ့သဘောပဲ ငါ့ကိုHotelနဲ့Room
Noလေးပြောပေး"
"ပြသနာသွားမရှာပါနဲ့ CEOခုတလော
အခြေအနေမကောင်းဘူး"
"ငါ့ကိစ္စပါ...ပေးစရာရှိတာပေး"
".............."
တီခနဲကျသွားသောဖုန်း။ParkJimin ၏အချိုးမပြေမှုများ
သည်စာစီလျှင်တောင်ကုန်မည်မဟုတ်။နောက်ထပ်ဝင်
လာသောဖုန်းသံကြောင့်ကိုင်လိုက်ကာHoseok၏ရီသံ
တချို့သည်အလုပ်ခန်းထဲတွင်ပျံ့နှံ့သွားလျက်။
"အိုကေ အိုကေ ကိုယ်လာခေါ်မယ် ...."
...........။
Maskအမဲရောင်တပ်ထားသော်လည်းမျက်လုံးတွေသည်
စူးစူးရဲရဲ ကြွကြွရွရွလမ်းလျှောက်သွားပုံသည်Model
တယောက်မှန်းကြည့်ရုံနှင့်သိနိုင်ပါသောပြည့်စုံမှုမျိုး။
ဓာတ်လှေကားအတိုင်းတက်ကာဒီညတော့အဆင်ပြေပြေ
မပြေပြေJungkook နဲ့ပဲအိပ်လိုက်တော့မည်။
စိတ်တွေသည်ပင်ပန်းလွန်းနေ၍ တစ်လလောက်များ
အဆက်အသွယ်ဖြတ်ထားလျှင်သူရူးများသွားမလား
မသိ။အခန်းရှေ့အရောက်Bellအားနှိပ်လိုက်သည်။
တံခါးသည်ပွင့်မလာ။နောက်ထပ်နှစ်ချက် သုံးချက်
လောက်တွင်တံခါးပွင့်လာခဲ့သည်။
ဖွင့်လာခဲ့သောသူက Jungkook မဟုတ်ခဲ့။
"KimTaeHyung...!"
နက်ပြာရောင်Longcoatဖြင့်ငွေရောင်ဆံပင်အရောင်တွေ
နှင့်Jiminသည်အခန်းရှေ့တွင်စိုက်စိုက်မြိုက်မြိုက်။
"Jimin...."
ချက်ချင်းဆိုသလိုမှေးကျဉ်းသွားသောသူ့မျက်လုံးတွေ
ကြောင့်ထယ်ယောင်းလန့်သွားခဲ့သည်။မျက်လုံးတွေသည်
ကြယ်သီးတချ်ု့ပြုတ်နေသောရင်ဘက်ဆီရောက်လာ
ကြောင့်ခပ်မြန်မြန်တပ်လိုက်ရသည်။
"ဘာလုပ်နေတာလဲ...ဒီမှာ..."
အသံသည်အေးစက်နေသည်။အခန်းထဲသို့မျက်လုံး
တချက်ဝှေ့လိုက်ရင်းသူ့အားပြန်စိုက်ကြည့်လာပြန်သည်။
"ငါမေးနေတယ်လေ....ဘာလို့တပ်နေတာလဲ မတပ်နဲ့"
"ထယ်....ဘာလုပ်နေတာလဲ. ဘယ်သူလာလို့လဲ..."
အထဲမှအော်ခေါ်သံသည်ဇာတ်အမြဲနာသူကြီးအသံမလား
မိုက်လိုက်တာ..ငါ့ကိုစာနာစိတ်မရှိတဲ့လူလိမ်ကြီးလုပ်ပီး
သူကHotelမှာမင်းသားလေးနဲ့...။
"ငါလာတာ..."
အပေါ်ပိုင်းဗလာဖြင့်ထိုလူသားသည်တံခါးရှေ့အထိလျှောက်လာခဲ့ပြီးသူ့ကိုမြင်လိုက်သည့်အခါအံ့ဩသွားသော
မျက်လုံးဝိုင်းဝိုင်းတွေ။ပထမဆုံးလာချော့မယ်ဆိုခါမှ
Hotelမှာတခြားတယောက်နဲ့မိရတယ်လို့..။
"ထယ် ပြန်တော့နော်..ဟိုမှာကိုယ်အနွေးထည်ချထားပေး
တယ် အဆင်ပြေတယ်မလား ကိုယ်စကားနည်းနည်း
ပြောဖို့လိုလို့...."
ခေါင်းတဆက်ဆက်ညိတ်ကာထွက်သွားတော့မည့်
ထယ်ယောင်းလက်တွေအားဆွဲထားခဲ့သောသူ။
"ငါမေးနေတာကိုဖြေအုန်းလေ..."
"ကျတော်ပြောပြမှာမလို့ ထယ့်ကိုဆွဲမထားနဲ့..."
"မင်းပြောတာကိုငါကယုံရမှာလား မင်းပြောတာကိုငါ
လက်ခံဖို့အကျီသာအရင်သွားဝတ်လိုက်ပါအုန်း"
"ထယ်ပြန်တော့ သွား...."
"မင်းတို့အတူတူနေနေကြတာလား...ထယ်ယောင်း.."
လန့်သွားသောမျက်လုံးလေးတွေသည်မျက်တောင်အရှည်
ကြီးတွေဖြင့်တော်တော်ကိုမှလှပါသည်။ထယ်ယောင်း၏
ဖရိုဖရဲပုံစံလေးသည်သူ့ဒေါသတွေအားတဟုန်းဟုန်း
တောက်လောင်စေကာဘာမှမစဉ်းစားနိုင်တော့။
"Park Jimin...!!!"
"ညဆယ်နာရီထိုးနေပီလေ...မင်းအိမ်မပြန်တာလည်း
ကြာပီဆို...ဒီမှာပဲ ဒီလိုလေးရှိနေတာလား.."
"မဟုတ်ဘူး Jimin ငါနဲ့Jungkookဘာမှမဟုတ်ဘူး
ခုနပွဲမှာ...."
"ဟုတ်လည်း ဘာမှမဖြစ်ဘူး သခင်လေးနှစ်ယောက်
ရွှေရွှေချင်းထပ်လို့မြတ်တဲ့ကိစ္စကိုငါကဝမ်းသာပေးမှာပါ
ခုဟာက တပတ်လုံးလုံးဒီကောင်ပျောက်နေတာ
အကြောင်းပြချက်ကဒါလားမေးနေတာ..."
"ဟုတ်ခဲ့ရင်ရော..ခင်ဗျားလည်းတွေ့ကရာခေါ်အိပ်နေတာ
ပဲ...ကျူပ်ကျမှ ဘာတွေလာစစ်ဆေးနေတာလဲ.."
"Jungkookie..!"
စကားသည်ဘယ်သဘောတရားကိုသက်ရောက်သွားပြီ
လဲ။အနိုင်လိုချင်ဇောဖြင့်ပြောလိုက်သောသူ့စကားသည်
ဘယ်တွေအထိရောက်သလဲမတွေးခဲ့တာလား။
"အော်....Sorry...ငါအလိုက်ကန်းဆိုးမသိတာပဲ.."
"မဟုတ်ဘူး Jimin ငါပြောပြမယ်...."
"ထယ့် ကို ပြန်တော့လို့ ကိုယ်ပြောနေတယ်နော်..
ပြောပြစရာလည်းမလ်ုဘူး သူတောင်နေချင်နေတဲ့နေရာ
နေ အိပ်ချင်တဲ့နေရာအိပ် တွေ့ချင်တဲ့သူနဲ့တွေ့နေတာ
ထယ် လေကုန်ခံပီးရှင်းပြစရာမလိုဘူး ပြန်တော့"
"ခင်ဗျားSupriseထပ်လာလုပ်တာလား ဒီတခါတော့
နွားကြီးလို မပျော်တော့ဘူးနော်...ခင်ဗျားသိထားဖို့က
ထယ်ယောင်းက ခင်ဗျားမဟုတ်ဘူး စကားတလုံး
ပြောတော့မယ်ဆိုရင်ဦးနှောက်ကအရင်စဉ်းစားပါတီမှာ
ကကြရင်းဝိုင်တွေထယ်ယောင်းပေါ်ဖိတ်ကုန်လို့
အကျီလာလဲတာ ကျတော်ကရေချ်ုးနေတာ ဒီလိုပုံစံမြင်
တိုင်း ခင်ဗျားစိတ်နဲ့နှိုင်းမချနဲ့ ....."
ရင်ဘက်ကိုဓားနဲ့ထိုးချလိုက်တာမှသက်သာအုန်းမည်။
ထယ်ယောင်းရှေ့မှာသူ့သိက္ခာတရားတွေသည်ရစရာမရှိ
ခဲ့။တင်းကျပ်လာခဲ့သောရင်ဘက်ကိုမသိကျိုးနွံပြုရင်း
သူ့မျက်လုံးတွေအားရဲရဲတင်းတင်းစိုက်ကြည့်လိုက်သည်။
ဖျက်ခနဲလွဲသွားသောမျက်လုံးတွေ။
"ထယ် တောင်းပန်ပါတယ်Jimin... အိမ်ပြန်တော့မှာပါ
HoseokHyung ကိုလည်းဖုန်းဆက်ထားပီးပါပီ
Jungkookie ပြောတာကိုစိတ်ထဲမထားပါနဲ့...သူစိတ်မ
ကြည်လို့ပါ..."
"ရပါတယ်....သူပြောတာလည်းအမှန်ပဲဟာကို...အဲ့တာ
ငါ့ဘဝပဲ...ထယ်ယောင်းမင်းလည်းသိမှာပါ...အားမနာပါနဲ့
ငါ့ကိုတပတ်လောက်အဆက်အသွယ်မလုပ်လို့လေ..
ငါလိုက်လာခဲ့တာ ငါမေ့သွားတယ် သူအိပ်ချင်ရင်
ငါ့ကိုလှမ်းခေါ်မှာပဲ...မင်းကိုသူသိပ်တန်ဖိုးထားတာ
ဘယ်ဖျက်ဆီးပါ့မလဲ ငါမေ့သွားတာ ငါအရမ်းမေ့တတ်
တာ....."
Hyungအသံတွေတုန်ခါသွားသည်။ဒီလိုမျိုးထင်ရကောင်း
လားဆိုသောဒေါသကြောင့်ပြောလိုက်မိသောစကားသည်
Hyungကိုနာကျင်သွားစေခဲ့ပြန်သည်။
"ထယ်သွားတော့....!"
ထယ်ယောင်းသည်အခန်းထဲမှအနွေးထည်အားကောက်ယူ
ရင်းထွက်သွားခဲ့သည်။Jiminအားထပ်မံတောင်းပန်ချင်
သော်လည်းအခြေအနေသည်သူစကားထပ်ပြော၍မရ
သောအနေအထား။ရှောင်ပေးလိုက်တာအကောင်းဆုံး
ဖြစ်ပါလိမ့်မည်။Jiminအခန်းထဲဝင်သွားသည်ကိုတော့
သိလိုက်သည်။သူလှည့်မကြည့်တော့...။
"ဒါနောက်ဆုံးပဲ...Jungkook...."
"ဘာကိုလဲ...."
"ငါ့သိက္ခာကိုအစော်ကားခံရတဲ့ဖြစ်ရပ်တွေ..ငါတို့သုံးနှစ်
လုံးဘာတွေလုပ်ခဲ့သလဲ တယောက်နဲ့တယောက်
တန်ဖိုးချရင်းနဲ့ပဲ သံသရာလည်နေတာ
တယောက်ဘဝကိုတယောက်နင်းရင်းနဲ့ပဲပီးဆုံးနေတာလေ
ငါတို့ဒီတခါတော်လောက်ပီ..."
"ကျတော်မပြတ်နိုင်ဘူး..."
"ငါကပြတ်နိုင်တယ်...ပြတ်ဖို့လည်းလုံလောက်ပါတယ်
မင်းကိုငါလုပ်ခဲ့တာတွေကအရမ်းများတယ်မလား
ငါဖောက်ပြန်တယ် မင်းအမေကိုနိုင်ချင်တာနဲ့မင်းကို
အသုံးချတယ်...မင်းမကျေနပ်ဘူးမလား"
"မကျေနပ်ဘူး ဒါပေမယ့်ခင်ဗျားမရှိလို့လည်းမဖြစ်ဘူး"
"အတ္တကကြီးလိုက်တာကွာ...ငါက KimTaeHyung
မဟုတ်ဘူးလေ မင်းစိတ်ချမ်းသာအောင်ငါတစ်သက်လုံး
မထားနိုင်ဘူး ..."
စီးကရက်အငွေ့တွေအားမှုတ်ထုတ်ရင်းHyungသည်
သူ့အားပြုံးယဲ့ယဲ့ပြောလာသည်။
"လွမ်းနေတာ ..တပတ်လုံးပစ်ထားလို့...ငါလွမ်းနေခဲ့တာ
JeonJungkook ရဲ့.."
"လွမ်းတယ်ဆိုရင်လွမ်းတဲ့အကြောင်းပွင့်ပွင့်လင်းလင်း
ပြောမှပေါ့...ခုလိုပြသနာရှာတော့ ထယ်ယောင်းကိုလည်း
အားနာဖို့ကောင်းတယ်..."
"Sorry..!အရာအားလုံးအတွက်တောင်းပန်ပါတယ်...
ငါကပျက်ဆီးနေတဲ့ကောင်ပါJungkook..ငါသိပ်မတွေး
လိုက်မိဘူး ငါမင်းကိုHotelမှာတခြားတယောက်နဲ့တွေ့
လို့ဒေါသထွက်သွားရုံပါပဲ မင်းကငါ့ကိုအရှက်ခွဲတယ်
ဘာတန်ဖိုးမှမရှိတဲ့ကောင်လိုချနင်းတယ်
မင်းKimTaeHyung နဲ့အိပ်ခဲ့ရင်တောင်ငါဒီလောက်နာ
ကျင်မှာမဟုတ်ဘူး..."
"အိပ်စရာလား...ကျတော်ကခင်ဗျားလိုမဟုတ်ဘူး.."
ခင်ဗျားလို ခင်ဗျားလို....။ဟားတိုက်ရီမောမိခဲ့သည်။
JeonJungkook ၏အချစ်သည်အံ့မခမ်း။
"မင်းဘဝထဲမှာငါမရှိတော့ဘူး Jungkook...မင်းအိပ်ချင်
ရင်တောင်ငါမလာတော့ဘူး နောက်တစ်ယောက်ထပ်ရှာ
လိုက်....ငါဘာလုပ်လုပ်မင်းနဲ့လုံးဝမသက်ဆိုင်တော့ဘူး
ငါ့ကိုအထင်မကြီးတဲ့ကောင် ငါ့ကိုတန်ဖိုးမထားတဲ့ကောင်
ဆီမှာ ငါအချ်န်တွေအများကြီးဖြုန်းပြီးပြီ...မင်းနဲ့ငါ
ပြီးပြီ.."
"ကျတော်ဒီလိုပဲပြောနေတာပဲ ဒီထပ်ဆိုးတာတွေတောင် လုပ်ခဲ့တာ...မဟုတ်တာလုပ်ချင်တာနဲ့အကြောင်း
ပြချက်တွေလုပ်ကြံသွားသေးတယ်..ခင်ဗျားကျတော့်
ဆီကရအောင်ထွက် မသေမချင်းမှတ်ထားဖို့က
ParkJimin ကJeonJungkook အပိုင်
ParkJimin ကိုJeonJungkook ကသိပ်ချစ်တယ်ဆိုတာပဲ"
"ParkJimin ကတော့ မင်းလိုကောင်လို ပိုက်ဆံရှိလို့
တွဲခဲ့ရုံအပြင်မပိုဘူး..ကလေးလေး..."
"ခင်ဗျား.....!!!"
"CEOကြီးကို ကလေးလေးလို လှည့်ပတ်ဆော့ခဲ့လို့
ဒေါသထွက်နေပုံပဲ..."
"ParkJimin...!!!!"
ဆေးလိပ်သောက်နေသောလက်အားဆွဲချူပ်ကာအိပ်ယာ
ပေါ်ဖိလှဲချတော့ တဟားဟားအော်ရီနေသောသူ။
မျက်နှာနုနုအားအတင်းအကျပ်နမ်းတော့ရင်ဘက်တွေ
အားကုတ်ဖဲ့ဆွဲသည်။လက်သည်းရာဗလပွဖြင့်ရင်ဘက်
ဖြူဖြူသည်နီရဲနေလျက်။လည်တိုင်တွေအားသွားချွန်ချွန်
ဖြင့်ကိုက်ချလိုက်သောအချိန်တွင်မျက်နှာအားအားပြင်း
ပြင်းဖြင့်သူရိုက်ချလိုက်ပြန်သည်။
"ရိုက်စမ်း ..ထပ်ရိုက်...!!"
အကျီဖြူလွှလွှအားဆွဲဖြဲပစ်လိုက်သည့်အချိန်တွင်ပေါ်
ထွက်လာသောအတွင်းသားလှလှများသည်တကိုယ်လုံး
အားပူတက်လာစေခဲ့သည်။
"ကလေးမဟုတ်ကြောင်းပြမယ်...တသက်လုံးမမေ့အောင်
ပြပေးမယ်"
"ရွံစရာကောင်.....!!!"
"ရွံစရာပေမယ့် ချမ်းသာလို့သိပ်ကြိုက်တယ်မလားခုရော
ဘယ်လောက်ပေးရမလဲ တစ်သန်း နှစ်သန်း သုံးသန်း..
ပြောလေ..."
ပါးပေါ်သို့ရောက်လာသောလက်ဝါးချက်သည်အားပျော့
လွန်းစွာပင်။ငွေမှင်ရောင်ဆံပင်တွေနှင့်ပျော့ခွေကျနေ
သူသည်သေလောက်အောင်လှပါသည်။
Hyung၏အစိတ်အပိုင်းတခုချင်းသည်ကဗျာဆန်သည်။
ဆံစမှစခြေထောက်လုံးလုံးလေးတွေအထိသူရူးသွပ်ရာ
တွေကြီး။ချစ်ပါသည်။ချစ်ရလွန်း၍လမ်းတွေပျောက်
ပျောက်သွားရခြင်း။ထပ်ခါထပ်ခါနာကျင်စေခဲ့ရခြင်းတွေ။စိတ်ရှိတိုင်းကြမ်းတမ်းမိတိုင်းအံကြိတ်ထားသော
Hyungအလှတရားသည်သူ့ကြောင့်ပါလားဆိုသော
အတ္တကြောင့်စိတ်ကျေနပ်မိသည်။
မျက်ရည်ကျလည်းလှသည်..။မျက်လုံးတွေမှိတ်ထား
လည်းလှသည်...သံစဉ်လိုသာယာသံတွေသည်လည်းလှ
သည်။သူ့အတွက်Hyungသည်လောကအလှဆုံးနတ်ဘု
ရားငယ်..။
"တော်တော့...!!!"
"မောင့်ကိုဖက်ထား နာရင်....."
"ဒါနောက်ဆုံးပဲ ...."
"ထပ်မပြောနဲ့ ...ParkJimin...!!!"
"အ.....!!"
Jungkookလက်ချောင်းရှည်တွေ၏လှုပ်ရှားမှုများသည်
တကိုယ်လုံးစုန်ချီဆန်ချီ...။နှေးသွားလိုက်မြန်လာလိုက်
အခြေအနေတွင်အဆင်ပြေအောင်ညှိနှိုင်းဖို့မစဉ်းစားဘဲ
သူ့ဆန္ဒကသာလျှင်ပထမဦးစားပေးဖြစ်နေခြင်းကိုလည်း
အသဲနာ၍မဆုံးပါ။သူ၏စိတ်ခံစားချက်များသည်
ဘာမှဘောင်မဝင်ခဲ့သလို..။အိပ်ပီးသွားလျှင်ရှင်းပြီးသား
ဖြစ်မည်ဟူသောJungkook၏ပုံသေနည်းအားသူအမုန်း
ဆုံး..။
မင်းကိုငါထားခဲ့မှာ...မင်းဟာမနက်မိုးလင်းတာနဲ့အရူးကြီး
လိုဖြစ်အောင်လုပ်ပစ်မှာ...မင်းနောင်တကြီးကြီးရစေရ
မယ်JeonJungkook....ငါလည်းမင်းကိုချစ်လို့..
သေအောင်ချစ်လို့...သေလောက်အောင်ကိုချစ်လို့ပါ...
ဒါပေမယ့် ခက်တာက
ငါတို့နှစ်ယောက်လုံးက ငါတို့မာနနဲ့ ငါတို့အတ္တတွေကိုပဲ
ပထမဦးစားပေးမှန်း..မင်းလည်းသိသလိုငါလည်းသတိထားမိပါတယ်....။
"ချစ်တယ် Jungkook...."
လှုပ်ရှားမှုတွေအားလုံးရပ်တန့်သွားသောသူသည်မယုံ
ကြည်နိုင်ခြင်းများဖြင့်မိနစ်ပိုင်းတွေအထိငေးကြည့်နေ
သည်။ဒါဟာ ပထမဆုံးကို...။တွဲခဲ့သည့်တလျှောက်လုံး
မကြားဖူးခဲ့သည့်စကားအားကြားခဲ့ရသူအဖို့ရူးနိုင်သလား
ပဲ...။ပါးပြင်မို့မို့ထံရောက်လာသောအနမ်းတခု..။
JeonJungkook သည်အကြိမ်ကြိမ်အခါအခါကျဆုံးခဲ့
ပြန်ပြီ..။မျက်ရည်စတွေတောင်မြင်လိုက်ရကာသူ့အား
ခပ်ဖွဖွဖက်လာခဲ့သောသူ..။မကြာခင်ကကြမ်းတမ်းနေ
သောလူရမ်းကားသည်လူစားလဲလိုက်သလို...။
"Supriseလုပ်မယ်ဆိုလည်း ဒီလိုမျိုးလေးလုပ်မှပေါ့
Hyungရာ....."
Jiminထံမှစကားတခွန်းမှထပ်မံထွက်မလာခဲ့တော့။
ဒေါသတွေနှင့်နှီးနှောမှုတစ်ခုသည်သာယာငြိမ့်ငြောင်း
မှုဆီသို့ပြောင်းလဲသွားကာJeonသခင်လေးသည်
ချစ်တယ် ဟူသော စကားလေးတခွန်းဖြင့်အရာခပ်သိမ်း
မေ့ပစ်လိုက်သောပုံ...။နုနုရွရွထိကိုင်စွာချစ်မဝနိုင်သော
ညတညဖြစ်ခဲ့သည်။
ဒီတညကုန်ရင်တော့ဖြင့် ဘာဖြစ်လာမလဲဘယ်သူမှမသိ
နိုင်ကြ....။
ချစ်တယ်ဟူသော စကားသည်...ဒုတိယအဝါရောင်
နှင်းဆီပန်းများဖြစ်ခဲ့ပြန်သည်။

Commentလေးဘာလေးပေးကြပါအုန်း..😆

ParkJimin ကိုချစ်တယ်....Where stories live. Discover now