🤍28

18.5K 1.7K 60
                                    

......
အနက်ရောင်အရိပ်ကလေးသည်ညစာထုပ်လေး
အားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျက်
အပြေးတပိုင်းသွားနေသည်။
ပါးလျှပ်လျှပ်ကိုယ်ငယ်လေးသည်ငါးနှစ်
တာကာလအတွင်းနည်းနည်းလေးပင်
ပြောင်းလဲမသွားခဲ့။သူသည်လည်းတောက်လျှောက်
လိုက်ခဲ့ရင်းဂျပန်နိုင်ငံကအသဲအသက်လေးအား
လွမ်းသည့်စိတ်သည်ညမှောင်မှောင်တွင်
အင်အားကြီးစွာကြီးစိုးနေသည်။
လူတယောက်ကပ်လိုက်လာသည်ကိုကြောက်၍
ပဲလားမသိ အလိုရှိရာသို့မြန်မြန်လျှောက်နေပုံက
ချစ်စရာ။ မကြာပါ တစ်ယောက်ယောက်ကို
ဖုန်းခေါ်လျက်ပင်ပြေးတော့သည်။
သူသည်အမြန်ဆုံးပြေးလိုက်ရင်းလက်ကောက်ဝတ်
တဖက်အားအားသုံးဆွဲလိုက်တော့ပြင်းပြင်းထန်ထန်
ပြန်ရုန်းလာခဲ့လေသောသူ...။
"Jimin......"
လွန်ခဲ့သောငါးနှစ်ကMinလို့ခေါ်ခဲ့ဖူးသောသူ့အား
မေ့ကောင်းမေ့နေနိုင်၍သူနာမည်အရင်းအားသုံးလိုက်
ခြင်း။ထိုမျှလောက် Minနဲ့ပတ်သတ်ပါက
ယုံကြည်မှုမဲ့ခဲ့ပါသည်။
စူးရဲနေသောမျက်စံလေးတွေသည်သူ့အား
မြင်လိုက်ရသည်နှင့်မျက်တောင်ပင်မခတ်တော့။
လှုပ်ရှားမှုအားလုံးသည်လည်းရပ်တန့်ကာ
သူရောက်လာခဲ့ခြင်းကိုမယုံကြည်နိုင်စွာ
ခပ်ကြာကြာစိုက်ငေးခဲ့သောသူ...
"ကိုယ်ပါ MinYoongiလေ....."
ဒုတိယစကားအားထပ်ပြောပီးသည့်နောက်
Minသည်စားစရာအထုတ်အားလွှင့်ပစ်ကာ
ချက်ချင်းကျောခိုင်းထွက်သွားတော့သည်။
ဆာကူရာပန်းတွေရှိတဲ့အရပ်တွင်နေပျော်နေသော
Minသည်သူ့အတွက်နည်းနည်းလေးတောင်
အခွင့်အရေးမပေးခဲ့။ပြေးလိုက်ကာ
ကိုယ်လုံးငယ်လေးအားနောက်ဘက်မှ
သိမ်းယူဖက်ထားမိလိုက်သည်။
သတ်ရင်လည်းသေပါမယ်
ငါးနှစ်လုံးလွမ်းရလွန်းလို့....
မထိခိုက်ခဲ့ပဲကောင်းကောင်းအသက်ရှင်
နေတာကိုဝမ်းသာလွန်းလို့ပါ..
"လွမ်းနေတာ...ကိုယ်မင်းကိုအရမ်းလွမ်းနေခဲ့တာ"
"မင်းထားခဲ့တဲ့နေ့ကစပီးအရူးလိုပဲ
တကမ္ဘာလုံးပက်ရှာနေခဲ့ရတာ
မထွက်သွားပါနဲ့
ထပ်ပီးထွက်ပြေးမသွားပါနဲ့တော့ကွာ..."
ရင်ခွင်ထဲကမလှုပ်မယှက်Min....။
"ကိုယ်မင်းကိုသိပ်ချစ်တယ်Min....
ပြောမပြတတ်အောင်ချစ်တာမို့
မဆိုးပါနဲ့တော့...ကိုယ်မင်းကိုဒီနှစ်
ပိုင်းတွေမှာထပ်ရှာမတွေ့တော့ရင်သေချာတယ်
ရူးသေမှာ..."
Minကိုယ်လေးသည်ဂျပန်နိုင်ငံ
ရှိလမ်းမီးတိုင်မှိန်မှိန်အောက်သိပ်ကိုနွေးထွေး
လွန်းခဲ့သည်။အချိန်တွေအကြာကြီးဖက်ထားရင်း
သူစကားတွေတတွတ်တွတ်ပြောနေခဲ့သောလည်း
Minကတော့ဘာမှမတုံပြန်ခဲ့ပါ။
သူအသဲအသန်ငိုယိုနေခဲ့ပေမယ့်လည်း
Minကတော့သွေးအေးအေးပင်.ခုံတန်းတခု
တွင်ထိုင်ကြရန်ပြောလာသည်။
တိကျသောမေးရိုးတွေ ယောကျ်ားဆန်သော
မျက်နှာကျဘက်သို့ပြောင်းလဲသွားသော
Minသည်သူ့ထက်အဆပေါင်းများစွာ
တည်ငြိမ်ရင့်ကျက်နေခဲ့သည်။
နားဆွဲလေးတွေ ဆွဲကြိုးမျှင်မျှင်လေးတွေ
လက်စွပ်လေးတွေလည်းတခုလေးမှမတွေ့ရတော့
အညိုရင့်ရောင်ဆံပင်တိုတွေနဲ့စီးကရက်တလိပ်
နူတ်ခမ်းဖျားတွင်တေ့ထားသောMinသည်
ပိုမိုပင်ရူးချင်စရာကောင်းလာသည်။
"ဘာလာလုပ်တာလဲ...."
"ကိုယ်မင်းကိုပြန်လာခေါ်တာ..."
"ထွက်သွားထဲက ပြန်လာဖို့စိတ်ကူးမရှိတဲ့အတွက်
ခင်ဗျားပဲပြန်လိုက်ပါ...."
"ကိုယ်မင်းကိုတွေ့ရဖို့ဘယ်လောက်ကြိုးစား
ခဲ့လဲသိလား...."
"ဘယ်သူကကြိုးစားခိုင်းလို့လဲ..."
"Min...မင်းဘာမှမပြောင်းလဲသေးဘူးပဲ.."
"ဘာကိုပြောင်းလဲပေးရမှာလဲ...
နောင်တတွေနဲ့ အရှုံးသမားParkJimin
အဖြစ်လား..."
"မင်းကိုနောင်တရခိုင်းနေတာမဟုတ်ပါဘူး
အချိန်တွေလည်းကြာခဲ့ပြီ
ကိုယ့်နိုင်ငံမှာအရင်လိုပျော်ပျော်ရွင်ရွှင်
ပြန်နေဖို့ကိုHyungပြောနေတာပါ..."
"ပြန်ပါဗျာ....ကျတော်ခင်ဗျားတို့ကို
မတွေ့ချင်တော့လွန်းလို့ကိုယ်လွတ်ရုန်း
လာတာ နာတတ်ကြစမ်းပါ..."
"မင်းနဲ့ပတ်သတ်လာရင်ဘယ်သူကမှ
နာရကောင်းမှန်းမသိကြဘူး
အမှတ်မရှိတဲ့ထောက်ချောက်တွေကို
ပဲခဏခဏတက်နင်းခဲ့ကြတာ..."
"တောင်းပန်ပေးရအုန်းမလား...
ကျတော့်ဆီကိုနောက်ထပ်ဘယ်တော့မှ
ထပ်မလာပါနဲ့ ကျတော်ဘယ်တော့မှပြန်လာ
မှာမဟုတ်ဘူးကျတော့်ဘဝနဲ့ကျတော်
အေးအေးဆေးဆေးဖြစ်နေပြီ...
ကျတော်ပျော်ရွှင်ဖို့လည်းမလိုဘူး
လုံခြုံဖို့လည်းမလိုဘူး...
ခင်ဗျား ဘာကြောင့်ခုထိရူးနေရသလဲ
ဆိုတာနားမလည်ပေမယ့် ရုန်းထွက်လိုက်
ဖို့သင့်ပီ MinYoongi"
Minသည်ခုံတန်းမှထကာထွက်သွားတော့မည့်
ဟန်ပြင်သည်။ဦးနှောက်ကိုမြန်မြန်အလုပ်
ပေးကာတားလို့ရမည့်နည်းကိုရှာရမည်။
အမှောင်ထဲမကြောက်မလန့်တယောက်ထဲ
လမ်းလျှောက်တတ်သောMinကိုစိတ်မချပါ
အင်အားနည်းသောMinသည်တယောက်ထဲ
ဘယ်နှနှစ်အထိတောင့်ခံနိုင်ပါလဲ
တခုခုများထိခိုက်သွားရလျှင်...
ရှာတွေ့နေရက်နဲ့တောင်အသိုက်အမြုံထဲ
လုံလုံခြုံခြုံမထားပေးနိုင်ခဲ့ခြင်းတွေသည်
နောင်တတရားပေါင်းများစွာဖြစ်သွားလိမ့်မည်။
"Namjoon ...အခြေအနေမကောင်းတော့ဘူးMin"
ဆက်ခနဲပြန်ကြည့်လာသောမျက်လုံးလေးတွေ
သည်အရည်လဲ့နေကာပြိုလဲကျသွားသလို။
တောင်းပန်ပါတယ်Namjoon..ငါ့မှာရွေးစရာမရှိဘူး
"ဘာကိုလဲ....!!"
"မင်းထွက်သွားပီးထဲကဆုတ်ယုတ်လာတာ
ခုအခြေအနေမဟန်တော့လို့မင်းကိုဒီလောက်
အထိကိုယ်လာရှာရတာပါ..."
"လိမ်နေတာ..."
"လိမ်နေတယ်ဆို ခုချိန်မှာ ကိုယ့်ထက်မင်းဆီကို
အရင်အပြေးရောက်လာမှာNamjoon ပါ
မင်းအရာအားလုံးကိုမသိလိုက်ခင်မှာ
ဆုံးရှုံးသွားရတဲ့ခံစားမှုမျိုးကို
ကိုယ်ထပ်မခံစားစေချင်လို့ပါ..."
"ပါးစပ်ပိတ်ထား....!!!"
NamJoonသည်Jiminအတွက်အဖေတစ်ယောက်
ပင်မလို့ ထိုလူသားငယ်လေးသည်
ခုံတန်းပေါ်သို့လဲလဲပြိုပြိုပြန်ထိုင်သွားခဲ့သည်။
မျက်နှာတခုလုံးအားလက်ဖဝါးတွေဖြင့်
အကြိမ်ကြိမ်ပွတ်ကာဆုံးဖြတ်ရန်သိပ်ခက်ခဲနေ
သည့်ပုံ။
"ကျတော်...ပြန်ရမှာကြောက်တယ်...
ဘာကိုကြောက်တာလဲလို့မေးရင်
ကျတော့်မှာအဖြေမရှိဘူး...
ကျတော်အားလုံးကိုကြောက်နေတယ်"
"Jungkookက...."
"မပြောနဲ့...အဲ့နာမည်ကိုယောင်ရမ်းပီးတောင်
မပြောပါနဲ့...တောင်းဆိုပါတယ်..."
"Min ငါးနှစ်ဆိုတဲ့အချိန်ကာလက
အရာအားလုံးကိုပုံမှန်ပြန်လည်ပတ်စေ
နေပါပီ...မေ့မေ့ပျောက်ပျောက်ဖြစ်ရမဲ့
ကိစ္စတွေလည်းမေ့ကုန်ကြပီ..
ဘဝအသစ်တွေဖန်တီးရင်းအားလုံးပြန်ပျော်
ရွှင်နေကြပီ Minကအရှုံးခံပီး
နှလုံးသားထဲထည့်ထားအုန်းမလို့လား
ခုချိန်မှာအရေးကြီးဆုံးက NamJoonလေ
Namjoon Minအပေါ်ဘယ်လောက်တာဝန်
ကျေခဲ့သလဲMinအသိဆုံးပါ...
ကိုယ့်စိတ်ခံစားချက်တွေအတွက်
ကျေးဇူးတရားတွေကို လျစ်လျူမရှုသင့်
ဘူး..."
Minသည်ခေါင်းငိုက်စိုက်ကျသွားကာ
ငြိမ်သက်သွားခဲ့သည်။
ညလေပြေသည်တသိမ့်သိမ့်တိုက်ခတ်လျက်။
သူဒီတစ်ခါတော့အတ္တကြီးပါရစေ..။
Minလက်ကလေးတွေအားဆုပ်ကိုင်ပေး
ရင်းဝမ်းနည်းမှုတွေအားလွှင့်ပျယ်သွားစေရန်
ရည်ရွယ်ခဲ့သည်။
အဓိကMinသူနဲ့အဝေးကြီးမှာမနေဖို့ပဲ...
Minနဲ့သူဝေးမနေဖို့ပဲ....။
ကျန်တာဘာတွေပဲလုပ်လုပ်ကျေနပ်စွာလက်ခံ
မည်။ဘုရင်သေးသေးလေးသဘောအတိုင်း။
.................။

ParkJimin ကိုချစ်တယ်....Where stories live. Discover now